ထူးထူးဆန်းဆန်းပစ္စည်းလေးတွေနဲ့ တင်တောင်းခြင်းခံခဲ့ရတဲ့ အင်ဒိုနီးရှားကသတို့သမီးလေး

fb/Ervan Pratama

မင်္ဂလာမဆောင်ခင် တင်တောင်းတာတွေဘာတွေဆိုတာ ဒီဘက်နိုင်ငံတွေမှာတော့ ရိုးရာဓလေ့တစ်ခုလို ဖြစ်နေပါပြီ။ မြန်မာမှာဆိုရင်တော့ အုန်းပွဲငှက်ပျောပွဲကတော့ မပါအဖြစ်၊ ပြီးရင် လက်ဝတ်လက်စားတွေ၊ ပိုက်ဆံတွေဘာတွေနဲ့ သတို့သားဖက်က တတ်နိုင်ရင် တတ်နိုင်သလို တင်တောင်းတတ်ကြတာ ထုံးတမ်းတစ်ခုလိုပါပဲ။ ဒါပေမဲ့ အင်ဒိုနီးရှားက စုံတွဲလေးကတော့ တင်တောင်းတဲ့ပစ္စည်းတွေဟာ ရွှေငွေတွေ၊ ပိုက်ဆံတွေမဟုတ်ဘဲနဲ့ ထူးထူးဆန်းဆန်းပစ္စည်းလေးတွေနဲ့ တင်တောင်ခဲ့တယ်ဆိုတဲ့အကြောင်း Asia One မှာ ဖတ်ခဲ့ရပါတယ်။

Posted by Ervan Pratama on Sunday, September 14, 2014

Ervan Pratama နဲ့ Tiara တို့ စုံတွဲဟာ အရင်ကတည်း လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ စုံတွဲလေးတစ်တွဲပါ။ ဘာကြောင့်ဆို အမျိုးသမီးဂိမ်မာလေးတစ်ယောက်ဖြစ်တဲ့ Tiara ကို ချစ်ခြင်းလက်ဆောင်တွေပေးတိုင်း ဂိမ်းနဲ့ပတ်သက်တဲ့ လက်ဆောင်တွေ ပေးတဲ့ဓလေ့လေးကြောင့်ပဲဖြစ်ပါတယ်။

Facebook/Ervan Pratama

ဒီလိုမျိုးတစ်ယောက်ကိုတစ်ယောက် ပါရမီဖြည့်ပြီး ချစ်ခင်လာတဲ့စုံတွဲလေးဟာ ပြီးခဲ့တဲ့သြဂုတ်လ ၁၈ ရက်နေ့တုန်းက စေ့စပ်ကြောင်းလမ်းခဲ့ကြပါပြီ။ စေ့စပ်တဲ့အခါ ထုံးတမ်းစဉ်လာလို့ဖြစ်နေခဲ့တဲ့ တင်တောင်ခြင်းကိုလည်း မသွေဖယ်ဘဲ Ervan ဟာ ဂိမ်မာချစ်သူလေး Tiara ကို သူမစိတ်ကြိုက်ဖြစ်စေမယ့် ပစ္စည်းလေးတွေနဲ့ တင်တောင်းခဲ့ပါတယ်။ တင်တောင်းခဲ့တဲ့ ပစ္စည်းလေးတွေကတော့ ဒီမှာပါ။ Ultra quality settings တွေနဲ့ gaming PC ပါဝင်ပြီး ဒေါ်လာ ၇၀၀ ကျော်တန် Gigabyte Aurous Elite B450M motherboard တို့၊ AMD Ryzen 5 3600 processor, MD Radeon 5700 XT graphics card နဲ့ Corsair HX750 high-end power supply unit တွေ ပါဝင်လို့နေပါတယ်။

Alhamdulillah diterima ♥️. Deg deg serr ngajak sekeluarga ke sana 😅. Tapi alhamdulillah sudah selesai dan syarat sudah…

Posted by Ervan Pratama on Saturday, 17 August 2019

Ervan နဲ့ Tiara တို့နှစ်ယောက်ဟာ Battlefield ၊ Call of Duty တို့လို ဂိမ်းတွေကို အတူတူကစားလေ့ရှိပြီး နောက်မှာလည်း တင်တောင်းထားတဲ့ PC လေးနဲ့ ဂိမ်းလေးတွေအတူတူဆော့ရင်း ချစ်ချစ်ခင်ခင်နေသွားကြဖို့ မျှော်လင့်မိတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ “Couples that play together, stay together” ဂိမ်းအတူတူဆော့တဲ့ စုံတွဲတွေဟာ လက်တွဲမြဲကြတယ်လို့ဆိုတဲ့စကားတောင် ရှိနေပြီမလား။ ကိုယ်သာဆိုရင်ရော ဂိမ်မာချစ်သူကောင်မလေးကို ဘာနဲ့တင်တောင်းမယ်လို့ စိတ်ကူးလဲ။

READ
မိတ်ဆွေ ဓာတ်ပုံဆရာရဲ့ လိမ်လည်ဖြားယောင်းမှုကို ခံရပြီး အဖြစ်ဆိုးခဲ့ရတဲ့ မိန်းမလှလေး

Penny

SHARE