ဖိလစ်ပိုင်နိုင်ငံက SEA Games ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားခဲ့ထားတဲ့ အင်ဒိုအားကစားမယ်လေးကတော့ သူမရဲ့ နည်းပြနဲ့ ကတောက်ကဆဖြစ်ပြီး၊ ပြိုင်ပွဲလူစာရင်းကနေ ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။ ဒေသခံသတင်းတွေအရ အဲဒီကောင်မလေးကို အပျိုမစစ်လို့ ထားခဲ့တာလို့ ဖော်ပြနေကြပါတယ်။
အားကစားမယ်လေးအမည်ကတော့ Shalfa Avrila Sania ဖြစ်ပြီး အသက်(၁၇)နှစ်ပါ။ သူမကို လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ခဲ့ခြင်းအတွက် Shalfa ရဲ့မိဘတွေဟာ အလွန်မကျေမနပ်ဖြစ်နေပါတယ်။ သူတို့သမီးကို အပျိုမစစ်ဘူးလို့ ပြောခဲ့တဲ့နည်းပြကြောင့် သူမတို့မိသားစုမှာ လူမှုရေးအရ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရတယ်ဆိုပါတယ်။
Jangan lupa, hari ini gymnast Indonesia siap bertanding untuk nomor Women’s Artistic Gymnastics (WAG). Yuk, kita dukung srikandi2 Indonesia ini untuk meraih medali gymnastics! #AsianGames2018 pic.twitter.com/Z4LeMN4S4G
— Indonesia Gymnastic (@ina_gym) 21 d’agost de 2018
ဒီအတွက် Shalfa ရဲ့ မိဘတွေဟာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ပြီး၊ သူတို့မိသားစုအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ မိခင် Ayu Kurniawati က သတင်းမီဒီယာတစ်ခုနဲ့ တွေ့ဆုံစဉ်မှာ “ နည်းပြက ပြောတယ် .. ကျွန်မသမီးက ကောင်လေးတွေနဲ့ အချိန်မရှိအချိန်ရှိ ထွက်လည်တယ်တဲ့ … သူတို့ စစ်ဆေးမေးမြန်းမှုတွေအရ ကျွန်မသမီးက အပျိုမစစ်ဘူးလို့ ဆုံးဖြတ်လိုက်တာတဲ့ ”လို့ ပြောပါတယ်။

Ayu ရဲ့အဆိုအရ သူမရဲ့သမီးဟာ အသက်(၈)နှစ်အရွယ်ကတည်းက ကျွမ်းဘားဘက်မှာ ထူးချွန်ခဲ့သူဖြစ်ပြီး၊ ဆုတံဆိပ်ပေါင်း(၅၀)အထိ ရခဲ့ကြောင်း၊ ဒီအခြေအနေကြောင့် သူမရဲ့သမီးဟာ လက်ရွေးစင်အရည်အချင်း မပြည့်မီဘူးဆိုတာ မဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။ အင်ဒိုအားကစားဝန်ကြီးထံကိုလည်း တိုင်ကြားလွှာ ပို့ခဲ့ပါတယ်။

Ayu တို့ မိသားစုဟာ သူမသမီး အပျိုစစ်သေးကြောင်း ဆေးဘက်ဆိုင်ရာ ထောက်ခံချက်တွေပါ ရယူထားပြီး၊ အင်ဒိုအားကစားဝန်ကြီးကတော့ အပျိုမစစ်ဘူးဆိုတဲ့အကြောင်းပြချက်ကြောင့် လူစာရင်းကနေ ချန်လှပ်ခံရတာမဖြစ်နိုင်ကြောင်း၊ စည်းကမ်းမလိုက်နာမှုနဲ့ စွမ်းဆောင်ရည်ပိုင်းကြောင့် ချန်လှပ်ခံရတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။ သို့သော်လည်း နည်းပြရဲ့ဆုံးဖြတ်ချက် မှန်မမှန်ကိုတော့ အာမမခံဘူးလို့ ပြောပါတယ်။
လင်းသူရိန်