ပိုက်ဆံပုံဆွဲထားတဲ့ စာရွက်တွေ အသုံးပြုပြီး တစ်ပတ်အရိုက်ခံခဲ့ရတဲ့ အင်ဒိုနီးရှားအမျိုးသား

[email protected] ndorobeii

ငွေစက္ကူအတုတွေပြုလုပ်ပြီး အဲဒီငွေစက္ကူတွေနဲ့ ပစ္စည်းတစ်ခုခုဝယ်လို့ အဖမ်းခံရတာတို့၊ ငွေစက္ကူပြုလုပ်ပြီး ရောင်းဝယ်ဖောက်ကားမှုတို့နဲ့ အဖမ်းခံရတာတို့ အစရှိတဲ့ အမှုကိစ္စတွေကို ကိုယ်တိုင် မကြုံတွေ့ဖူးရင်တောင် သတင်းတွေထဲမှာ တွေ့ဖူးကြားဖူးကြမှာပါ။ အခုပြောပြချင်တဲ့ ကိစ္စတစ်ခုကတော့ တော်တော်လေး ထူးဆန်းသလို တော်တော်လည်း ရယ်ဖို့ကောင်းပါတယ်။ အကြောင်းကတော့ အမျိုးသားတစ်ဦးဟာ ဖုန်းဝယ်ဖို့ ငွေပေးချေရာမှာ ငွေစက္ကူအတုတွေကို အသုံးပြုခဲ့လို့ပါပဲ။ ပိုပြီး ရယ်စရာကောင်းတာက အဆိုပါ ငွေစက္ကူအတုဆိုတာကလည်း အစစ်နဲ့ လုံးဝခွဲမရအေင် တူတဲ့ ငွေစက္ကူမျိုး မဟုတ်ပဲ စာရွက်တစ်ရွက်ပေါ်မှာ ငွေစက္ကူအစစ်ကပါဝင်တဲ့ အမှတ်အသားတွေအတိုင်း ဆော့ပင်နဲ့ ရေးခြစ်ထားတဲ့ စာရွက်တွေသာဖြစ်ကြောင်း Nextshark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] ndorobeii

အဆိုပါ ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၁၇.၁၂.၂၀၂၀)တုန်းက အင်ဒိုနီးရှားနိုင်ငံ၊ Borneo ကျွန်းစုမြို့ကလေးမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သူသုံးနေတဲ့ ဖုန်းကို ရောင်းချချင်တာကြောင့် အွန်လိုင်းကနေ ဖုန်းရောင်းမယ့်အကြောင်းကို ကြော်ငြာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အွန်လိုင်းပေါ်က အမည်မသိလူတစ်ယောက်ဟာ အဆိုပါ အမျိုးသားထံ ဖုန်းဝယ်မယ့်အကြောင်းကို ဆက်သွယ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ အမျိုးသားရဲ့ အိမ်မှာပဲ ဖုန်းကို ညဖက်လာယူမယ့်အကြောင်းပါ ပြောခဲ့ပါတယ်။

READ
သခင့်ဖိနပ်ထဲမှာ အိပ်နေတဲ့ ချစ်စရာကြောင်ကလေးများ
Pixabay-Ekoanug
[email protected] ndorobeii

ဒီလိုနဲ့ ဖုန်းရောင်းမယ့်အမျိုးသားလည်း အဆိုပါ ဖုန်းဝယ်မယ့်လူကို စောင့်နေရင်း ည ၁၂ နာရီအကျော်လောက်မှာတော့ အဆိုပါ ဖုန်းဝယ်မယ့်လူဟာ ချိန်းထားတဲ့ အိမ်ရှေ့ကို ရောက်နေပြီဖြစ်ကြောင်း ဖုန်းရောင်းမယ့်အမျိုးသားထံ ဖုန်းဆက်လာခဲ့ပါတယ်။ အဲဒီနောက် ဖုန်းရောင်းမယ့် အမျိုးသားလည်း သူ့အိမ်ရှေ့ကို ထွက်လိုက်တဲ့အချိန်မှာတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက်ဟာ ဆိုင်ကယ်ပေါ်မှာ စောင့်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှတော့ အဆိုပါလူဟာ သူ့အရေးကြီးကိစ္စရှိလို့ ချက်ချင်းသွားစရာပေါ်လာကြောင်းပြောကာ ပိုက်ဆံကို ဒီအတိုင်းပေးပြီး ဖုန်းယူကာ ဆိုင်ကယ်မောင်းသွားခဲ့ပါတယ်။

အမှောင်ထဲမှာ ဖြစ်နေတာကြောင့် ဖုန်းရောင်းတဲ့ အမျိုးသားကလည်း ပိုက်ဆံကို အိမ်ထဲရောက်မှ မီးအလင်းရောင်နဲ့ ကြည့်လိုက်တော့ ဆော့ပင်နဲ့ ပိုက်ဆံပုံစံရေးဆွဲထားတဲ့ စက္ကူအထပ်လိုက်ကိုသာ တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ အမျိုးသားလည်း အဲဒီလို လိမ်လည် ပိုက်ဆံပေးသွားတဲ့ကိစ္စကို ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ အခုအချိန်အထိတော့ ဒေသခံရဲတွေဟာ ပိုက်ဆံအတုတွေနဲ့ လိမ်သွားတဲ့ အွန်လိုင်းပေါ်က အဆိုပါလူကို ဖမ်းမမိသေးကြောင်းလည်း သိရပါတယ်။

READ
ဗိုက်ဆာရင် ထူးဆန်းတဲ့ အသံထွက်ပြီး အစာတောင်းတတ်တဲ့ ကြောင်လေး

 

 

View this post on Instagram

 

A post shared by (@ndorobeii)

Pyi Hein Kyaw

SHARE