iPhone X ရဖို့အသည်းအသန်ကြိုးစားခဲ့ရပြီးနောက်၊ အဖြစ်ဆိုးသွားတဲ့ကောင်လေး

အင်ဒိုနီးရှားနိုင်ငံက အမ်ရိုဇီ ဆိုတဲ့ လူငယ်လေးဟာ သူ့ရဲ့အားလပ်ရက် ခရီးစဉ်အဖြစ် ထိုင်ဝမ်ကို ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက သူ့ခရီးစဉ်အကြောင်းကို Facebook ကနေတစ်ဆင့် ဖော်ပြခဲ့ပြီး ခရီးစဉ်တလျှောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုလည်း သူငယ်ချင်းတွေ သိအောင် မျှဝေပေးခဲ့တယ်။

အမ်ရိုဇီ ဟာ ထိုင်ဝမ်မှာ လျှောက်သွားနေရင်း တစ်နေရာ အရောက်မှာတော့ ထူးဆန်းတဲ့ အရုပ်ကောက်စက်တစ်ခုကို တွေ့ခဲ့ပါတယ်။ ထူးဆန်းတယ်လို့ ပြောရတာက အဲဒီအရုပ်ကောက်စက်က အရုပ်တွေကောက်ရတာ မဟုတ်ပဲ အထဲမှာ iPhone X တွေရှိနေတာပါပဲ။ အဲဒီစက်အတွက် သုံးရတဲ့ ပိုက်ဆံပမာဏကလည်း အခြားစက်တွေထက် များပါတယ်။

Posted by Amrozi on Monday, January 7, 2019

ဒါပေမယ့် အမ်ရိုဇီက သူ့ရဲ့ကံတရားကို စမ်းကြည့်ချင်တာကြောင့် iPhone X ကို ကောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အရုပ်ကောက်စက်တွေရဲ့ ထုံးစံအတိုင်း အမြဲတမ်း တစ်ခါနဲ့ ဘယ်တော့မှ မရပါဘူး။ ပိုက်ဆံတွေ တော်တော်ကုန်သွားပြီးတဲ့နောက်မှာတော့ အမ်ရိုဇီလည်း ကောက်တဲ့စက်ကို နားလည်လာခဲ့တယ်။ နောက်ဆုံးမှာတော့ သူ iPhone X ကို အောင်အောင်မြင်မြင်ပဲ ကောက်လိုက်နိုင်ပါတယ်။

READ
လမ်းဘေးဆိုင်မှာ တက်တူးထိုးမိလို့ ဒုက္ခရောက်ခဲ့ရတဲ့ ကောင်မလေး

အမ်ရိုဇီက ဒီအကြောင်းကို သူ့ရဲ့ Facebook အကောင့်ကနေ သူငယ်ချင်းတွေဆီကို ဗီဒီယိုဖိုင်နဲ့တကွ အသိပေးလိုက်ပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေကလည်း ဒီလို လုပ်နိုင်ခဲ့တာကို အားကျခဲ့ကြပြီး အမ်ရိုဇီ တစ်ယောက်ကံကောင်းလိုက်တာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Posted by Amrozi on Monday, January 7, 2019

ဒါပေမယ့် တည်းခိုတဲ့နေရာကို ရောက်လို့ iPhone ကို ဖွင့်ကြည့်ဖို့ လုပ်တဲ့အချိန်မှာတော့ အမ် တစ်ယောက် မထင်မှတ်တဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။

iPhone X ဗူးထဲမှာ အမ်ရိုဇီ ထင်ထားသလိုမျိုး လှပတောက်ပြောင်တဲ့ iPhone တစ်လုံးမဟုတ်ပဲ သစ်သားပြားတွေနဲ့ ချောကလက်ဗူး(၈) ခုကိုတွေ့လိုက်ရတယ်။ ပိုပြီးဆိုးတာက ချောကလက်ဗူး(၈)လုံးက အခွံတွေပဲဖြစ်ပြီး အထဲမှာတော့ ကွန်ဒုံးတွေ ထည့်ထားခဲ့တာပါ။ သူ့သူငယ်ချင်းတွေက သူ့ရဲ့အဖြစ်အပျက်ကို ၀ိုင်းဝန်းရယ်မောခဲ့ကြပြီး အမ်ရိုဇီ ကိုယ်တိုင်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပါတယ်။

Posted by Amrozi on Monday, January 7, 2019

ဒီ အဖြစ်အပျက်က ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပြီး ထိုင်ဝမ်ကိုရောက်ရင် ဘယ်ပစ္စည်းကိုမှ ဈေးပေါပေါနဲ့ရမယ်မထင်ဖို့နဲ့ ဈေးပေါပေါနဲ့ရနိုင်တဲ့ ပစ္စည်းမှန်သမျှက အတုတွေချည်းပဲလို့ အားလုံးက မှတ်ချက်ပေးနေကြပါတော့တယ်။

READ
အချစ်ဆုံးသူငယ်ချင်းတွေအတွက် တက်တူးအိုင်ဒီယာဆန်းလေးများ

Linn

Source : mashable

SHARE