(၂၈.၉.၂၀၁၈)ရက်နေ့ကဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား ဆူနာမီရဲ့ ထိတ်လန့်ဖွယ်မှတ်တမ်းဗီဒီယိုများ

Ladbible

(၇.၄) မဂ္ဂနီကျုအင်အားရှိတဲ့ ငလျှင်ကြောင့် ပြီးခဲ့တဲ့သောကြာနေ့က Sulawesi ကျွန်းလေးကိုဦးတည်ကာ အင်ဒိုနီးရှားနိုင်ငံကို ထပ်မံရိုက်ခတ်လို့သွားပါတယ်။ တချို့နေရာတွေမှာ ရေပြင်အမြင့်ဟာ (၆) မီတာအမြင့်တောင်ရှိနေပါတယ်။

သေဆုံးသူရာကျော်ရှိတယ်လို့ ခန့်မှန်းရပြီး အခုအခါမှာတော့ (၈၃၂) ယောက်အထိ မြင့်တက်လျက်ရှိပါတယ်။ ဒါဟာ (၂၀၀၄) ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းပြီးရင် အပြင်းထန်ဆုံးမှန်တိုင်းပဲဖြစ်ပါတယ်။

ဒီ ဗီဒီယိုကတော့ လူအယောက် (၈၀၀) ကျော်သေဆုံးခဲ့တဲ့ Palu ဒေသမှာ ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ ကားတွေ သစ်ပင်တွေကိုတောင် ရေစီးက သယ်သွားနိုင်လောက်တဲ့အထိ အင်အားပြင်းခဲ့တာပါ။ အခုတော့ မြို့ကြီးတစ်ခုလုံးဟာ ကမ္ဘာပျက်ထားတဲ့အလား ယိုယွင်းပျက်စီးကာ လျှပ်စစ်မီးနဲ့ သောက်သုံးရေတို့လည်း မရှိတော့ပါဘူး။

Ladbible

ဆေးရုံတွေဟာလည်း ပျက်စီးသွားတဲ့အတွက်ကြောင့် ဒဏ်ရာရတဲ့လူတွေကိုတော့ အပြင်မှာ ယာယီတဲတွေနဲ့ ကုသပေးလျက်ရှိပါတယ်။ ဒီအပြင် အိမ်ယာတွေတော်တော်များများပျက်စီးသွားတဲ့အတွက် လူတွေဟာ လမ်းမတွေပေါ်မှာ ထွက်နေနေကြရပါတယ်။

ဒီ Twitter ဗီဒီယိုမှာဆိုရင် အပေါ်စီးမှလူတစ်ယောက်ဟာ လှိုင်းလာနေတာကိုမြင်နေရလို့ အောက်ကလူတွေကို လှမ်းသတိပေးကာနေပါတယ်။ လှိုင်းလုံးတွေ ကမ်းခြေကိုတက်လာတဲ့အထိ ကမ်းခြေမှာလူတွေရှိနေသလို လမ်းမတွေပေါ်မှာလည်း ကားတွေ ဆိုင်ကယ်တွေ ရှိနေတုန်းပါ။ ဒီဗီဒီယိုကိုကြည့်ခြင်းအားဖြင့် ကြိုတင်သတိပေးမှုတွေ မလုပ်ဘူးလားဆိုတာကတော့ အငြင်းပွားဖွယ်ဖြစ်နေပါတယ်။

ရေကျသွားတဲ့အခါမှာတော့ အဆောက်အအုံအပျက်အစီးတွေကြား ပိတ်မိနေတဲ့သူတွေ ယောက် (၅၀) လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ တချို့ဆို ကယ်ပါယူပါနဲ့ အော်ခေါ်နေသံတွေ ညံလို့ပါပဲ။

 

Penny

READ
မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ ချွေးမဟောင်း မူးယစ်ဆေးသုံးစွဲပြီး ကားမောင်းမှုနဲ့ တရားစွဲခံရ

Source: Unilad

SHARE