ကြောင်လေးတွေအတွက် အိမ်တွင်းမှာအလှဆင်ထားနိုင်တဲ့ ချစ်စဖွယ်သစ်ပင်အိမ်လေးများ

PetTreeHouses

(၂၀၀၈) ခုနှစ်တုန်းက ရှယ်လီနဲ့ ဂျိုးဒဲလ်ရော့ကိုတို့ဟာ ၄င်းတို့ကြောင်လေးအတွက် သစ်ပင်အိမ်လေးတစ်လုံး ဆောက်လုပ်ပေးခဲ့ပါတယ်။ ဖလော်ရီဒါမှာနေထိုင်တဲ့ သူတို့မောင်နှံနှစ်ယောက်စလုံးက ကိုယ်ပိုင်အိုင်ဒီယာနဲ့ သစ်ပင်အိမ်လေးကို ဆောက်ခဲ့တာပါ။ အိမ်လေးက ရုပ်လုံးပေါ်လာတဲ့အခါမှာလည်း နှစ်သက်လွန်းလို့ အခြားကြောင်ပိုင်ရှင်တွေအတွက်ပါ ဒီလိုအိမ်လေးတွေ ဖန်တီးပေးဖို့ စိတ်ကူးရခဲ့တာပါ။

PetTreeHouses
PetTreeHouses

မကြာခင်မှာလည်း သူတို့ဟာ ကြောင်သစ်ပင်အိမ်လေးတွေကို စီးပွားဖြစ်ထုတ်လုပ်လာနိုင်ခဲ့ကြောင်း boredpanda သတင်းအရ သိရပါတယ်။ အခုဆို ဒီိဇိုင်းအမျိုးမျိုးနဲ့ ကြောင်သစ်ပင်အိမ်လေးတွေကို အမေရိကန်နိုင်ငံ တနံတလျားအပါအ၀င် အခြားနေရာတွေကိုပါ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သူတို့ပြုလုပ်တဲ့ကြောင်အိမ်လေးတွေမှာတော့ မပါမဖြစ်က သစ်ပင်လေးတွေပဲ ဖြစ်ပါတယ်။ ဈေးကွက်မှာရှိနေတဲ့ ကြောင်အိမ်လေးတွေအများစုက ရိုးရိုးရှင်းရှင်းတွေပဲ ဖြစ်ပါတယ်။ အခုအိမ်လေးတွေကတော့ ကြောင်လေးတွေကို သဘာဝနဲ့တသားတည်းကျအောင်၊ အိမ်ထဲမှာလည်း ပျော်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။

READ
လူလတ်တန်းစားနဲ့ သူဌေးသူကြွယ်တို့ရဲ့ကြားက မတူညီမှုများ
PetTreeHouses
PetTreeHouses

အချို့အိမ်လေးတွေကိုတော့ ကြောင်တစ်ကောင်ထက်မနည်း နေနိုင်အောင် ဆောက်လုပ်ထားပါတယ်။ အိမ်လေးကို သစ်သားနဲ့ ဖန်တီးထားပြီး အမွေးပွချည်ထည်လေးတွေကို အောက်ခံခင်းထားပါတယ်။ ကြောင်လေးတွေအတွက်တော့ သစ်ပင်အိမ်လေးတွေဟာ တာရှည်အထားခံတဲ့ ဆော့ကစားစရာနေရာတွေဖြစ်မယ့်အပြင် လူတွေအတွက်လည်း လှပတဲ့အိမ်အလှဆင်ပစ္စည်းတစ်ခု ဖြစ်နေမှာပါ။

PetTreeHouses
PetTreeHouses

“ကျွန်တော်တို့ရဲ့သစ်ပင်တွေက သစ်ပင်အစစ်တွေပါ။ ကြောင်လေးတွေရဲ့ သဘာဝပေါ် စဉ်းစားပြီး ဒီဇိုင်းထုတ်ထားတာပေါ့။ ဒီသစ်ပင်တွေက အမြဲတမ်း အိမ်ထဲမှာပဲနေရတဲ့ ကြောင်လေးတွေအတွက် စိတ်ဖိစီးမှုကို သက်သာစေသလို သူတို့အနေနဲ့ သစ်ကိုင်းတွေကို ကိုက်တာ၊ ကုတ်တာ၊ သစ်ရွက်တွေနဲ့ဆော့တာ စတဲ့ သူတို့သဘာဝအလျောက် လှုပ်ရှားမှုတွေကို လုပ်နိုင်မှာပါ…” လို့ ဒဲလ်ရော့ကိုတို့က ရှင်းပြပါတယ်။ ကြောင်သစ်ပင်အိမ်လေးတွေကိုတော့ ETSY စတိုးမှာရနိုင်ပြီး အိမ်တစ်လုံးကို (၅၇၄) ဒေါ်လာကနေ (၁,၁၉၉) ဒေါ်လာအထိ ရှိနိုင်ကြောင်း သိရပါတယ်။

READ
ဥာဏ်ကောင်းသူတွေမှာသာ တွေ့ရတဲ့ ထူးထူးခြားခြားအကျင့်စရိုက်(၅)မျိုး
PetTreeHouses

လင်းလင်း (ShweMom)

SHARE