လန်ဒန်မြို့ကို ၃၆၀ ဒီဂရီ နောက်ခံထားမယ့် ၅၅ လွှာအပေါ်က မိုးမြင့်ရေကူးကန် ဒီဇိုင်း

လန်ဒန်မြို့မှာ ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်ကွင်းကို မြင်ရမယ့် မိုးမြင့် ရေကူးကန် တစ်ကန်ကို တည်ဆောက်ဖို့ အစီအစဉ်ဆွဲနေကြပါတယ်။

အဆောက်အဦးဟာ ၅၅ ထပ် အမြင့်ရှိမှာဖြစ်ပြီး နာမည်ကိုတော့ Infinity London ဆိုပြီး ပေးထားပါတယ်။ ရေကူးကန်က ရေ လီတာ ၆ သိန်း ၀င်ဆံ့မှာဖြစ်ကြောင်း ဒီဇိုင်းရေးဆွဲတဲ့ Compass Pool က ဖွင့်ဟခဲ့ပါတယ်။ ဖန်တီး ရေးဆွဲတဲ့ ဒီဇိုင်နာတွေကတော့ ဒါဟာ ကမ္ဘာ့ ပထမဆုံးလို့ အခိုင်အမာ ဆိုနေကြပါတယ်။

compass-infinity-pool

ရေကူးကန်ကို ပုံလောင်းထားတဲ့ အက်ခရီလစ်နဲ့ ပြုလုပ်မှာဖြစ်ပြီး အောက်ခြေတွေ၊ ဘေးနံရံတွေက အကြည်ဖြစ်တယ်။ အပေါ်မှာ ရေကူးနေတဲ့သူတွေကို အောက်မှာ ရှိနေတဲ့ ဧည့်သည်တွေက အတိုင်းသားတွေ့မြင်ရမှာဖြစ်တယ်။

READ
ဈေးကွက်ပေါ်ထိရောက်လာခဲ့တဲ့ ဂျပန်တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ဘွဲ့ပရောဂျက်

မြင်ကွင်းကို ရှင်နေစေဖို့အတွက် ရေကူးကန်ရဲ့ အဆောက်အဦးအပြင်ဘက်မှာ လှေကားမပါရှိပါဘူး။ ကန်ရဲ့ အောက်ခြေမှာ တံခေါက်းပေါက်ပါပြီး လှည်ပတ်၊ တိုးထွက်နိုင်တဲ့ ကြောင်လိမ်လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။

compass-infinity-pool

ညဘက်မှာလည်း တောက်ပနေစေဖို့နဲ့ အဆောက်အဦးရဲ့ အလင်းရောင်နဲ့ အံဝင်ခွင်ကျရှိစေမယ့် မီးလုံးတွေကို ဒီဇိုင်နာတွေက ထည့်သွင်းတပ်ဆင်မှာဖြစ်တယ်။ ရေကန်ရဲ့ အပူအချိန်မှန်ကန်စွာရှိဖို့နဲ့ ကန်ထဲကရေတွေ အောက်ကလမ်းပေါ် ဖိတ်စင်မကျဖို့အတွက် အဆောက်အဦးနဲ့ ထိန်းသိမ်းမှုပိုင်းကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်သွားမှာဖြစ်တယ်။

နောက်ထပ်ထူးခြားတာက ကန်ကို ပေးမယ့် အပူပေးစနစ်က အဆောက်အဦးရဲ့ လေအေးပေးစက်တွေက ထုတ်လွှတ်လိုက်တဲ့ အပူတွေကို စွမ်းအင်အဖြစ်ပြန်လည် အသုံးပြုမှာဖြစ်ပါတယ်။

compass-infinity-pool

ဒီ အဆောက်အဦးရဲ့ အဓိက နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကြီးကြီးမားမားတွေရှိခဲ့ပါတယ်။ အကြီးအမားဆုံး အပိုင်းကတော့ ကန်ထဲကို ဘယ်လို ၀င်မလဲဆိုတာပဲ ဖြစ်တယ်လို့ Compass Pool’s ရဲ့ ရေကူးကန် ဒီဇိုင်နာ Alex Kemsley က ပြောထားတာကို ကုမ္ပဏီရဲ့ ၀က်ဘက်ဆိုက်မှာ ဖော်ပြထားပါတယ်။

READ
သင့်အနေနဲ့ ဘယ်လိုစားရမလဲ တွေဝေသွားစေမယ့် ထူးထူးခြားခြား ဖန်တီးထားတဲ့ ကိတ်များ

ရေကူးကန် အောက်မျက်နှာပြင်က တံခါးမှာ လည်ပတ်နိုင်တဲ့ ကြောင်လိမ်လှေကားနဲ့ တွဲဆက်ထားတယ်။ တစ်စုံတစ်ယောက်က ၀င်လို၊ ထွက်လိုတဲ့အခါ ရေကူးကန် ကြမ်းပြင်ပေါ်ကနေ မြင်တက်လာမှာဖြစ်ပြီး James Bond ရုပ်ရှင်ထဲက အတိုင်းတုပ ဖန်တီးထားတယ်လို့ သိရပါတယ်။

compass-infinity-pool

ရေကူးကန်ရဲ့ အောက်ဘက်မှာတော့ ကြယ် ငါးပွင့် ဟိုတယ်တစ်ခု ထည့်သွင်း တည်ဆောက်ဖို့ ဒီဇိုင်နာတွေက စီစဉ်ထားပါတယ်။ လုပ်ငန်း ပါတနာတွေနဲ့ ကန်ထရိုက်တာတွေ အတည်ပြုပြီဆိုတာနဲ့ ၂၀၂၀ မှာ စတင်တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

Matthew (ShweMOM)

SHARE