Avengers: Infinity War ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေ ချပြခဲ့တဲ့ Disney

[email protected]

၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Marvel ရဲ့ Avengers: Infinity War ဇာတ်ကားကိုတော့ လူငယ်တော်တော်များများ ကြိုက်နှစ်သက်ကြမှာပါ။ အဲဒီဇာတ်ကားကတော့ စူပါဟီးရိုး ပရိသတ်တွေရဲ့ အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်သလို အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေအတွက်လဲ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အခုလည်း ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Infinity War ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေ တရားဝင်ထွက်ရှိခဲ့ကြောင်း Collider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါပုံရိပ်တွေကိုတော့ Disney+ ကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်က တရားဝင် ထွက်ရှိခဲ့တာဖြစ်ပြီး Marvel ပရိသတ်တွေကလည်း ဒီလိုရိုက်ကွင်းနောက်ကွယ်က ပုံတွေကို မြင်ရတဲ့အတွက်ကြောင့် တော်တော်ပျော်နေကြောင်း သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ Marvel က ရိုက်တဲ့ ဇာတ်ကားတော်တော်များများဟာ နည်းပညာကို မှီပြီးရိုက်တဲ့ ဇာတ်ကားတွေဖြစ်တာကြောင့် တော်ရုံတန်ရုံ ရိုက်ကွင်းနောက်က ပုံရိပ်တွေ ထွက်ရှိတာ ရှားပါးပါတယ်။

ပုံတွေထဲမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ Captain America နဲ့ Thor တို့ ထီးကိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ဒိုင်ယာလော့ခ်တွေ ပြောနေကြပုံ၊ Black Panther တစ်ယောက်ကို သူ့ရဲ့ စစ်တပ်နဲ့ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ပုံ၊ Scarlett Johansson တစ်ယောက် ကင်မရာကို အားကြီးနဲ့ စိုက်ကြည့်နေပုံတွေ၊ Nebula တစ်ယောက်သူ့ရဲ့ ခေါင်းဆောင်းကြီးဝတ်နေတဲ့ပုံ၊ Mark Ruffalo နဲ့ Benedict Wong တို့နှစ်ယောက် break time မှာ ရယ်မောနေတဲ့ပုံ၊ ပရိသတ်တွေအကြိုက်ဆုံး အတွဲအဖက်ဖြစ်တဲ့ Tony နဲ့ Tom Holland တို့ရဲ့ ပုံရိပ်တွေ အများကြီးပါဝင်ကြောင်း တွေ့ရပါတယ်။

ဒီလို ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေ ထွက်ရှိခဲ့တာကြောင့် Marvel ပရိသတ်တွေခမျာတော့ ဒီဇာတ်ကားရဲ့ အငွေ့အသက်တွေကို တစ်ဖန်ပြန်ရခဲ့လို့ ကျေးဇူးတင်နေပြီး နောက်ထပ် Marvel ဇာတ်ကားတွေရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေကိုလည်း စောင့်မျှော်နေကြောင်း သိရပါတယ်။

READ
ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Mark Wahlberg ရဲ့ တစ်နေ့တာ အချိန်ဇယား

Pyi Hein Kyaw

SHARE