လက်တလော လူမှုကွန်ယက်မှာ အငြင်းပွားဖွယ်ကိစ္စတစ်ခုဖြစ်နေခဲ့ပါတယ်။ အဲဒါကတော့ influencer အဖြစ်ရပ်တည်နေခဲ့တဲ့ Carla Bellucci ကြောင့်ပါ။ အသက် ၃၈ နှစ်အရွယ် Carla မှာ သားသမီး ၃ ယောက်ရှိနေပါတယ်။ အသက် ၁၈ နှစ်အရွယ် Jermaine ရယ်၊ အသက် ၁၅ နှစ်နဲ့ ၁၃ နှစ်စီရှိနေပြီဖြစ်တဲ့ Tanisha နဲ့ Jayden တို့ရယ်ပေါ့။
View this post on Instagram
ပြဿနာကတော့ Carla တစ်ယောက် ခရစ်စမတ်လက်ဆောင်ဝယ်ရာမှစလာခဲ့တာပါ။ သူတို့ဆီမှာ ခရစ်စမတ်ဆိုရင် အချင်းချင်း လက်ဆောင်တွပေးကြတာဟာ ထုံးစံတစ်ခုလိုဖြစ်နေခဲ့ပါပြီ။ သားသမီးတွေဆိုရင် မိဘတွေကို ဒီလိုအချိန်ရောက်ကာမှ လိုချင်တာတွေအကုန် စုပြုံပြီး ပူဆာကြတာပေါ့။ ခရစ်စမတ်ကိုအကြောင်းပြုရင်း ဝယ်ပေးကြတာများတာကိုး။
View this post on Instagram
ဒါပေမဲ့ influencer ဖြစ်တဲ့ Carla ကတော့ ဒီနှစ်ခရစ်စမတ်အတွကိုတော့ သူမတစ်ယောက်တည်းအတွက်ပဲ ကိုယ်တိုင်လက်ဆောင်တွေဝယ်ပြီး အပမ်းဖြေခဲ့ပါတယ်တဲ့လေ။ သွားစွတ်အသစ်တွေလုပ်တယ်၊ မျက်နှာတင်းရင်းစေဖို့ botox တွေနဲ့ filler တွေထိုးတယ်၊ လက်သည်း ခြေသည်းအလှပြင်တယ်၊ မျက်နှာပေါင်းတင်းပြီး အင်္ကျီအသစ် ဖိနပ်အသစ်တွေဝယ်ပြီးတော့ ပျော်ပါးနေခဲ့တာပါ။
ဒါကိုမကျေနပ်တဲ့သူနှစ်ယောက်ရှိနေပါတယ်။ အဲဒါကတော့ Carla ရဲ့ ဒုတိယနဲ့တတိယသားသမီးတွေဖြစ်တဲ့ Tanisha နဲ့ Jayden တို့ပါပဲ။ ဘာလို့လဲဆိုတော့ မောင်နှမနှစ်ယောက်ဟာ မိခင်ဖြစ်သူ Carla ကို ခရစ်စမတ်လက်ဆောင်အဖြစ် Nike ဘွတ်ဖိနပ်အသစ်တစ်ရံစီ၊ အိုင်ဖုန်းအသစ် တစ်လုံးစီနဲ့ laptop အသစ်တစ်လုံးစီအပြင် Xbox ဂိမ်းစက်အသစ်ကိုပါ ဝယ်ပေးဖို့ ပူဆာခဲ့ကြတာပါ။
View this post on Instagram
ဒါကို Carla က ဝယ်မပေးဘဲ သူမရဲ့ပိုက်ဆံထဲက ဒေါ်လာ ၈ ထောင်လောက်ကို သူမတစ်ယောက်တည်းအတွက် သုံးပစ်ခဲ့တဲ့အတွက် Tanisha နဲ့ Jayden တို့က မကျေမနပ်တွေဖြစ်ခဲ့ကြတာပါတဲ့လေ။
ဒါကို Carla က အခုလိုပဲ လူမှုကွန်ယက်မှာ ထုတ်ပြောပြလာခဲ့ပါတယ်။ ကလေးတွေဟာ အရွယ်လည်းရောက်သင့်သလောက် ရောက်နေပြီဖြစ်တဲ့အတွက် မိဘကိုပူဆာဖို့ပဲ မသိဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပိုက်ဆံရှာသင့်နေပါပြီတဲ့လေ။ ဆိုရှယ်မီဒီယာထွန်းကားတဲ့ခေတ်ကြီးထဲမှာ ပိုက်ဆံရှာရတာ အသက်အရွယ်နဲ့ မသက်ဆိုင်တော့တာတော့အမှန်ပါပဲ။
View this post on Instagram
ကိုယ်တိုင်လည်း influencer ဖြစ်တဲ့ Carla ရဲ့ ခံယူချက်ကတော့ တစ်ဖက်က ကြည့်မယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ရမေယ့်လို့ တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ကလေးတွေရဲ့ ဘဝလမ်းကြောင်းအတွက် အခုကတည်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးနေသလိုပါပဲ။
အကြီးဆုံးဖြစ်တဲ့ ၁၈ နှစ်အရွယ် Jermaine ကတော့ ကိုယ့်အားကိုယ်ကိုးနိုင်နေပြီဖြစ်တဲ့အတွက် အိမ်ခွဲနေနေကာ ဒီနှစ်ခရစ်စမတ်မှာတောင် သူမနဲ့အတူမရှိနေခဲ့ပါဘူးတဲ့။ ဒါကြောင့် အငယ်နှစ်ယောက်ကိုလည်း အကြီးလိုမျိုးဖြစ်အောင် သွန်သင်ပေးတာပါတဲ့လေ။ ပူဆာတာ ဝယ်မပေးလို့ တံခါးတွေဆောင့်ပိတ်ပိတ်၊ စကားပဲမပြောပြော ဂရုမစိုက်ပါဘူးတဲ့။ နောက် သူမသုံးခဲ့တဲ့ ဒေါ်လာ ၈ ထောင်ဆိုတာလည်း သူမကိုယ်တိုင်ရှာထားတာတွေမလို့ ဝေဖန်စရာ မလိုဘူးလို့ ပြောလာခဲ့တာပါ။
View this post on Instagram
penny