Instagram မှာနာမည်ကြီးနေတဲ့ Influencer တစ်ယောက်ရဲ့စအိုနေရောင်ခံနည်း

Instagram- @metaphysicalmeagan

Influencer တွေဆိုတာဟာလည်း တော်တော်လေးကို ပေါက်ပေါက်ရှာရှာလုပ်တဲ့သူတွေပဲဗျ။ အခုလည်း influencer တစ်ယောက်က စအိုကိုနေရောင်ခံတာကောင်းတယ်လို့ဆိုလာသတဲ့။ Lad Bible မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Meagan ဟာ ကယ်လီဖိုးနီးယားမှ YouTuber နဲ့ Instagram influencer တစ်ဦးဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ Meagan ဟာ IG မှာ ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ စအိုပေါက်ကို နေပူစာလှုံနေတဲ့ပုံပါ။

Instagram- @metaphysicalmeagan
Instagram- @metaphysicalmeagan

Caption မှာတော့ သူမအနေနဲ့ ဘာကြောင့် ဒီလိုနေပူစာလှုံရတယ်ဆိုတဲ့အကြောင်းကို ရှင်းပြထားခဲ့ပါတယ်။ ဒီလိုစအိုနေပူစာလှုံနေတာကို Meagan အနေနဲ့တော့ ပုံမှန်လုပ်ပေးနေကျပါ။ ဘာကြောင့်ဆိုရင် ဒီလိုစအိုနေပူစာလှုံတာဟာ တစ်ကိုယ်လုံးနေပူစာလှုံတာထက် ပိုအကျိုးရှိစေပါတယ်။ တိတိကျကျပြောရရင်တော့ စအိုဝကို နာရီဝက်စာ နေပူစာလှုံခြင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာရီဝက်စာနေပူစာလှုံခြင်းမှာဆိုရင် စအိုဝကိုနေပူစာလှုံခြင်းက ပိုပြီးထိရောက်မှုရှိစေပါတယ်တဲ့လေ။

View this post on Instagram

🌞Perineum Sunning🌞 For the past few weeks I have included sunning my bum & yoni🌺 into my daily rising routine. • ☀️Many of you have been asking about the benefits of this practice: ⚡️30 seconds of sunlight on your butthole is the equivalent of a full day of sunlight with your clothes on!⚡️ Taught by @ra_of_earth & @certifiedhealthnut (This is an ancient Taoist practice that’s been around for a while!) Things I’ve noticed personally In my reality since I’ve implemented this: 🌞Surges of energy almost immediately! 🌞Better Sleep 🌞Better connection to my Sexual energy & control of my Life Force⚡️ 🌞So much Creativity flowing through my life!!🧡 🌞Attracting my desires & intentions with ease. 🌞Attracting soul tribe & people who are on the same frequency and wavelength as me. • ☀️I’m spending a maximum of 5 minutes in the morning doing this. @ra_of_earth teaches that 30 seconds is more than enough sunshine exposure down there! ☕️This is truly more energizing than slamming cups of coffee and is a great alternative to consuming neurotoxic coffee & caffeine that can disrupt your adrenal gland health.☕️ 🌞This is such a simple game changing practice!! ⚡️Try it out & let me know your experience⚡️ ☀️You can do this any time the sun is out… I prefer early in the morning!☀️ #NakedInNature

A post shared by 𓂀 𓋹 Metaphysical Meagan 𓋹 𓂀 (@metaphysicalmeagan) on

ဒါကိုတော့ Taoist Practice လို့ခေါ်ပါတယ်တဲ့။ စအိုဆိုတာ တရုတ်အယူအဆမှာတော့ မကောင်းသောစွမ်းအင်တွေအားလုံးကို စွန့်ထုတ်တဲ့နေရာနဲ့ စွမ်းအင်သစ်တွေကို ပြန်ဝင်စေတဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။ ကျွန်တော်တို့ ခေတ်မှီဆေးပညာမှာတော့ နေပူစာလှုံခြင်းကြောင့် ခန္ဓာကိုယ်မှာ ကောင်းကျိုးတွေအများကြီးဖြစ်စေတယ်ဆိုတာ အားလုံးသိထားပြီးကြမှာပါ။ နောက်ပြီး အနောက်တိုင်းသားတွေဟာလည်း အလှအပအတွက်ဆိုပြီး သူတို့ရဲ့ဖြူဖတ်ဖြူရော်အသားအရေတွေကို နေပူစာလှုံပြီး ညိုတိုတိုစိုစိုပြေပြေဖြစ်အောင် လုပ်တတ်ကြပါသေးတယ်။

READ
ဖခင်ကိုသေဆုံးစေတဲ့ အိမ်မီးရှို့မှုအပြီး အပြင်ကနေ တဟားဟား ရယ်နေခဲ့တဲ့ သမီးအရင်း

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးအရ နေပူစာလှုံသော်ငြားလည်းပဲ နေရောင်ထဲမှာအချိန်အကြာကြီးနေမိရင် အရေပြားကျန်းမာရေးကို အခန့်မသင့်ထိခိုက်စေနိုင်တာကြောင့် အချိန်တိုတွင်းမှာ ထိရောက်မှုရှိစေတဲ့ ဒီလိုစအိုနေပူစာလှုံနည်းကို သင့်အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

Instagram- @metaphysicalmeagan

Penny

SHARE