ဆေးရုံတက်နေတာတာင် မိတ်ကပ်တွေလိမ်းပြီး ချစ်သူလာမှာကို စောင့်နေတဲ့ မိန်းကလေး

Weibo/Wangmei

အကယ်၍ သင်သာဆေးရုံတက်နေရရင် သင်ဟာ နေမကောင်းဖြစ်လို့ ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်နေရတာပါ။ဒီလိုအချိန်မှာ သင့်ကို လာတွေ့မယ့်သူကလည်း သူတို့လာတွေတဲ့အချိန်မှာ လှလှပပလေးပြင်ဆင်ပြီး စောင့်နေဖို့ မျှော်လင့်တာ မဟုတ်ပါဘူး။သင့်ရဲ့ ကျန်းမာရေးအခြေအနေကို သိချင်လို့ လူကိုယ်တိုင်လာပြီး သတင်းမေးတာပါ။ဒါပေမယ့် Influencerဗီယက်နမ်မလေးတစ်ယောက်ကတော့ ဒီလို မှတ်ယူထားပုံမရပါဘူး။

China Pressသတင်းဌာနရဲ့ ဖော်ပြချက်အရ Wangmeiလို့ အမည်ရတဲ့ ဗီယက်နမ်ကောင်မလေးဟာ သူမချစ်သူဆေးရုံလာလည်မှာကို သိသိချင်း ပျော်ရွှင်စိတ်လှုပ်ရှားပြီး သူမရဲ့ facebookပေ့ခ်ျမှာ “ငါ့ကောင်လေးကငါ့ကိုလာတွေတော့မယ်ဟေ့!!”ဆိုပြီး တင်ခဲ့ပါသေးတယ်။Wangmeiဟာ သူမရဲ့ ဘာမှခြယ်သထားခြင်းမရှိတဲ့ မျက်နှာကြီးအား သူမချစ်သူကို မမြင်တွေ့စေခြင်တာကြောင့် မိတ်ကပ်၊မျက်ခုံးမွှေးဆွဲတံ၊မျက်တောင်အတု၊နှုတ်ခမ်းနီ၊အစရှိတဲ့ ပစ္စည်းတွေနဲ့ သူမမျက်နှာကို ခြယ်သခဲ့ပါတယ်။ဒါ့အပြင် ပုလဲနားဆွဲကြီးကိပါ နားမှာ ဆွဲထားခဲ့ပြီး လက်သည်းနီတွေလဲ ဆိုးခဲ့ပါသေးတယ်။

Weibo/Wengmi

တချို့လူတွေကတော့ “ဆေးရုံတက်နေတယ်ပြောပြီး မိတ်ကပ်က ချက်ချင်းပဲ နိုက်ကလပ်သွားတော့မယ့်အထာ”၊”ပုလဲနားဆွဲကြီးဆွဲထားတာက မင်းဆေးရုံမှာရှိနေတဲ့ လူမမာပုံစံနဲ့ ဘာမှ မဆိုင်ဘူး”အစရှိသဖြင့် အပြစ်ရှာပြီး ပြောဆိုခဲ့ပါတယ်။တချို့ကြတော့လဲ “ကိုယ့်ချစ်သူကိုတွေ့တဲ့အချိန်မှာ ဘယ်မိန်းကလေးမှ မျက်နှာပြောင်ကြီးနဲ့ တွေ့ချင်မှာမဟုတ်ဘူး”၊”မိန်းကလေးမို့လို့လှချင်တာ ဒါသဘာဝပဲ”အစရှိသဖြင့် Wangmeiဘက်က ကာကွယ်ပြောဆိုပေးခဲ့ကြပါတယ်။

READ
မိတ်လိုက်ဖို့အတွက် မိုင်(၈၀၀၀)လမ်းလျှောက်ပြီး သေသွားရတဲ့ဝံပုလွေရဲ့အဖြစ်
Weibo/Wangmei

Pyi Hein Kyaw

SHARE