Naomi Neo ကတော့ စင်ကာပူရဲ့ နာမည်ကြီး Influencer တစ်ယောက်ပါ။သူမရဲ့ အသက် က တော့ အခုမှ (၂၀)ကျော်ပဲ ရှိပါ သေးတယ်။သူမရဲ့ Blog ကတော့ လူငယ်တွေ ကြားမှာ နာမည်ကြီးပါတယ်။YouTube မှာ လည်း Content တွေ လည်း ဖန်တီးဖြစ်သူ လေးပါ။သူမရဲ့ Youtube Channel ရဲ့ နာမည် ကတော့ xNaomiluvsyou ဖြစ်ပြီး subscriber အ ရေ အတွက် ကတော့ (၄)သိန်း ခွဲ ကျော်ပါတယ်။ Naomi Neo တစ်ယောက် ကားသစ်ဝယ်လိုက်တဲ့ သတင်းကိုတော့ mothership မှာ ခု လို ဖော်ပြထားပါတယ်။
က လေးအ မေ ပါ။လွန်ခဲ့တဲ့ (၉)နှစ်တည်းက Blog လုပ် လာခဲ့တာပါ။သြဂုတ်လ (၈)ရက်နေ့က Youtube ဗီဒီယိုဖိုင်မှာတော့ သူမရဲ့ ကားသစ်ကြီးကို ထုတ်ပြလိုက်တာပါ။ခရမ်းရောင် Lamborghini ကားသစ်ကြီးပါ။”ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါတယ်..” လို့ Neo က နောက် ပြောင် ပြော ခဲ့ပါတယ်။သူမရဲ့ အမျိုးသားနဲ့ မိဘ တွေ လည်း အဲ့ဒီ တုန်းက သူမ ဘေးမှာ ရှိနေပါတယ်။Neo ရဲ့ မေ မေ က တော့ Neo အတွက် ဂုဏ်ယူ တယ်လို့ ပြောခဲ့ပါတယ်။ဒုတိယ ဗီဒီယိုဖိုင် မှာတော့ Neo က ဒီ Lamborghini ကားက သူမရဲ့ ဒုတိယ မြောက် ကားဖြစ်ပြီး၊ဒီလို ကားမျိုးရ ဖို့ ဆယ်ကျော်သက် ဘ၀တည်းက စိတ် ကူးယဉ် ခဲ့တာလို့ ဆိုပါတယ်။
သူမ ဘ၀ရဲ့ ပထမဆုံး ကား Mercedes ကိုတော့ အသက် (၂၂)နှစ်မှာ ၀ယ်နိုင်ခဲ့တာပါ။အသက် ငယ်ငယ် လေးနဲ့ က လေး အမေ ဖြစ်ခဲ့ရတဲ့ သူမ က တော့ ဘ၀ မှာ ဘယ်တုန်းကမှ အရှုံး မ ပေးပဲ ကြိုးစား လာခဲ့တယ်လို့ ဆိုပါတယ်။အ မေ တစ်ယောက် အ နေနဲ့ စိတ်ပိုင်း ဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာ အရာပါ ကြံ့ ခိုင် အောင် ကိုယ့်ကိုယ်ကို ကြိုးစား ခဲ့ရ ကြောင်း၊အမှန် အတိုင်းဝန်ခံရရင် တော့ သူမလည်း လက်မြှောက်အရှုံး ပေးချင် စိတ် တွေ အကြိမ်ကြိမ် ဖြစ်ပေါ် ခဲ့ဖူး တယ်လို့ ပြောခဲ့ပါတယ်။
သူမရဲ့ Lamborghini Huracan ကားသစ်ကြီးက တော့ စင်ကာပူဒေါ်လာနဲ့ ဆိုရင် S$800,000 က နေ တစ်သန်း လောက်အထိ ရှိနိုင်ပါတယ်။သူမ ဘ၀မှာ ၀ယ်ခဲ့ဖူးတဲ့ ကားနှစ်စီးလုံးဟာ မိဘ ၊ခင်ပွန်းဆီက နေ ပိုက်ဆံ မပါပဲ ကိုယ်ပိုင် ငွေ နဲ့ ၀ယ်ယူခဲ့တာလို့လည်း Neo က ပြောခဲ့ပါတယ်။သူမရဲ့ ဒီဗီဒီယိုဖိုင် လေးက ကြည့်တဲ့ သူတွေ အတွက် ဘ၀ မှာ အရှုံး မ ပေးဖို့ တိုက်တွန်းအားပေးတဲ့ ဗီဒီယိုဖိုင် ဖြစ်ဖို့ မျှော်လင့် ကြောင်း ပြောခဲ့ပါတယ်။
Neo က တော့ (၂၀၁၀)တုန်းက “Mothers” လို့ နာမည် ပေးထားတဲ့ Blog Post နဲ့ နာမည်စ ကြီးခဲ့တာပါ။(၂၀၁၁)မှာတော့ အ တော် လေး အောင်မြင်လာခဲ့ပါတယ်။ challenge တွေ၊အမေး အဖြေ တွေ၊အလှအပ ဆိုင်ရာ Blog Post တွေ ကို ဖန်တီး နေသူပါ။တစ်ဦးတည်း သော သမီး ဖြစ်ပြီး (၂၀၁၈) မတ် လမှာ လက်ထပ် ခဲ့ တာပါ။လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ က လေးရတဲ့ အ ကြောင်း ကြေညာခဲ့ပါတယ်။ပထမဆုံး သားလေးကိုတော့ (၂၀၁၈) ဇွန် (၂၅)မှာ မွေးခဲ့တာပါ။။ဒုတိယကိုယ်ဝန် ရတဲ့ အ ကြောင်းကိုတော့ ထုတ် ပြော ထားတာ သိပ် မကြာ သေးပါဘူး။