
ဒီနေ့ခေတ် ဆိုရှယ်မီဒီယာဟာ Influencer တွေ မှိုလိုပေါက်နေတဲ့ ခေတ်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ အွန်လိုင်းဆယ်လီတွေဆိုပါတော့။ အဲဒီထဲမှာမှ တက်ကျမ်းတွေ၊ စိတ်ဓာတ်ခွန်အားတွေနဲ့ ပတ်သတ်ပြီး စာအရှည်ကြီးတွေ ရေးတတ်တဲ့ Influencer တွေ၊ အလှအပရေးရာနဲ့ ပတ်သတ်တဲ့ Influencer တွေ၊ Livestreaming တွေနဲ့ ပတ်သတ်တဲ့ Influencer တွေ အစရှိသဖြင့် Influencer ပေါင်းများစွာ ရှိတတ်ပါတယ်။ အခုပြောပြချင်တာကတော့ မတပ်ပါပဲ အပြင်သွားနေတုန်း ပရိသတ်တွေနဲ့ အမှတ်မထင် တွေ့ဆုံခဲ့တဲ့ အမျိုးသမီး Influencer တစ်ယောက်ရဲ့ ဖြစ်ရပ်လေးတစ်ခုပဲ ဖြစ်ပါတယ်။
View this post on Instagram
အကုန်လုံး သိကြတဲ့အတိုင်း အခုအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်အပြင်ထွက်ပြီ ဆိုတာနဲ့ Mask ကို မဖြစ်မနေတပ်ဆင်ထားရမှာ စည်းကမ်းတစ်ခုလိုပါပဲ။ အပေါ်က ပုံထဲမှာတွေ့ရတဲ့ အမျိုးသမီးကတော့ Nikita Dragun လို့ အမည်ရတဲ့ အမျိုးသမီး Influencer တစ်ယောက် ဖြစ်ပါတယ်။ Nikita ဟာ နာမည်ကြီး Youtuber တစ်ယောက်ဖြစ်သလို Make-up artist တစ်ယောက်လည်း ဖြစ်ပါတယ်။ Nikita ဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးအကြိုနေ့မှာ Los Angeles မြို့ကနေပြီးတော့ Miami မြို့ကို သွားရောက်ခဲ့ပါတယ်။
View this post on Instagram
အဲဒီနောက်မှာတော့ Nikita ဟာ အပြင်မှာ လျှောက်သွားပြီး သူတည်းခိုတဲ့ ဟိုတယ်ဆီကို ပြန်လာခဲ့ပါတယ်။ အဲဒီလို ပြန်လာပြီး ဓာတ်လှေကားစီးနေတုန်းမှာ Nikita ရဲ့ ပရိသတ်တွေဟာ သူတို့နဲ့အတူတူ ဓာတ်လှေကားစီးနေတဲ့လူဟာ Nikita မှန်း သိရှိခဲ့ပါတယ်။ အကြောင်းကတော့ Nikita တစ်ယောက် Mask မတပ်ထားလို့ သူမမှန်း ပရိသတ်တွေက အလွယ်တကူ သိရှိခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ အနုပညာရှင်လူကို တွေ့တာနဲ့ ပရိသတ်တွေ ထုံးစံအတိုင်း ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ရိုက်လေ့ ရှိတတ်ပါတယ်။
@dildiltacoWE WERE IN AN ELEVATOR AND DOROTHY WANG AND NIKITA WALKED IN ##FORYOU @nikitadragun♬ original sound – Dylan
ဒီလိုမျိုး ပရိသတ်တွေက ဗီဒီယိုဝိုင်းရိုက်နေတဲ့ အချိန်မှာ Nikita ဟာ သူမရဲ့ မျက်နှာကို လက်နဲ့ အုပ်ပြီး သူမကို ဗီဒီမရိုက်စေချင်ကြောင်း၊ အကြောင်းကတော့ သူမဟာ Mask မတပ်ထားတာကြောင့် ဒီဗီဒီယိုကို တွေ့တဲ့လူတိုင်းဟာ သူမကို ဝိုင်းဝန်းပြောဆိုကြမှာဖြစ်ကြောင်း တောင်းပန်ခဲ့ပါတယ်။ အဲဒီလို တောင်းပန်နေတဲ့ပုံကလည်း ဗီဒီယိုထဲမှာ ပါလာခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ Nikita နဲ့ အမှတ်မထင်တွေ့ရတဲ့အတွက် အပျော်လွန်ပြီး ဆိုရှယ်မီဒီယာပေါ် အဆိုပါ ဗီဒီယိုကို တင်ခဲ့ကြပါတယ်။ တစ်ခဏလေးအတွင်းမှာ အဆိုပါ ဗီဒီယိုဟာ ပျံ့နှံ့သွားခဲ့ပြီး လူတော်တော်များများကတော့ ဒီလိုအချိန်မျိုးမှာ Mask မတပ်ပဲ လျှောက်သွားနေတဲ့ Nikita ကို ဝေဖန်ခဲ့သလို တစ်ချို့ကလည်း အဆိုပါ ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်တဲ့ ပရိသတ်တွေဟာ တမင်သက်သက် Nikita ကို အရှက်ကွဲစေချင်လို့ တင်တာဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ စာဖတ်ပရိသတ်ကြီးကော… ဒီဖြစ်ရပ်မှာ ဘယ်သူလွန်တယ်လို့ ထင်ကြပါသလဲ။

Pyi Hein Kyaw