သူ့နာမည်ကတော့ Emma Ellingsen ပါတဲ့။ Norway ရဲ့ Tonsberg မှာနေထိုင်နေတဲ့ ၁၉ နှစ်အရွယ် ချာတိတ်လေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူဟာ Ingtagram မှာတော့ follower ပေါင်း ၆ သိန်းခွဲကျော်နဲ့ ရပ်တည်နေခဲ့တာမလို့ နာမည်ကြီး influencer တစ်ယောက်လည်းဖြစ်နေပါတယ်။
View this post on Instagram
နောက် @emmaellingsenbeauty ဆိုတဲ့ page နဲ့လည်း make up tutorial တွေ တင်တင်နေတဲ့အတွက်ကြောင့် vlogger တစ်ဦးလို့လည်း ဆိုနိုင်မှာပါ။
ဒါပေမဲ့ သူ့မှာ တော်ရုံဆို လူသိပ်သိမခံစေချင်တဲ့ နောက်ကြောင်းရာဇဝင်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ Emma ဟာ transgender တစ်ဦးဖြစ်နေတာပါပဲ။ ဒါပေမဲ့လည်း လိင်ပြောင်းဆိုတဲ့အကြောင်းအရာကို အားလုံးသိအောင် ၂၀၁၇ ခုနှစ်ကတည်းက ချပြပြီးသားပါ။ ပြဿနာကတော့ အဲဒီလို ချပြမိခဲ့တာပါပဲ။
View this post on Instagram
ဘာလို့လဲဆိုတော့ Emma လိုမျိုး မိန်းကလေးတစ်ယောက်ထက်တောင် ရုပ်ရည်ကလည်းချောမောလှပပြီး ခန္ဓာကိုယ်လေးကလည်း ပြေပြစ်နေတဲ့ သူတစ်ယောက်ဟာ အမျိုးသားကနေ လိင်ပြောင်းထားတဲ့ transgender ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိပါဘူးတဲ့လေ။
View this post on Instagram
တကယ်လည်း Emma ဟာတော်တော်လေးကို လှတဲ့ချာတိတ်လေးတစ်ယောက်ပေါ့။ တကယ်တော့ လူတွေကလည်း တစ်မျိုးပါ။ ချပြလို့လည်း ချပြလို့ မချပြလို့လည်းမချပြလို့နဲ့ စိတ်အလိုကိုမကျဘဲနဲ့ တစ်ဖက်သားကို ဘယ်လိုမျိုး အပြစ်ပြောဝေဖန်တိုက်ခိုက်ရမလဲဆိုတာကိုပဲ ချောင်းမြောင်းနေခဲ့ကြတာတော့ အမှန်ပါပဲ။
ဒါလေးကတော့ Emma တစ်ယောက် transgender ဆိုတဲ့အကြောင်းလေးကို ရှင်းထားတဲ့ YouTube ဗီဒီယိုလေးပါ။
penny