မုန်တိုင်းကိုအကြောင်းပြုပြီး ခန္ဓာကိုယ်အလှကိုဖော်ပြခဲ့ကြတဲ့ အင်စတာဂရမ်ဆယ်လီတွေ

tatielepolyana/Instagram

Fitness modelနဲ့အင်စတာဂရမ်influencerတစ်ယောက်ဖြစ်တဲ့ Tatiele Polyanaဟာ ဟာရီကိန်းမုန်တိုင်း Dorian ကြောင့်ထိခိုက်သွားသူတွေအတွက် ဆုတောင်းပေးဖို့ သူ့ followerတွေကို တိုက်တွန်းခဲ့ပါတယ်။ဒါပေမယ့်ပုံမှာ ပြဿနာကစတက်ခဲ့တာပါ။   Polyanaက ခန္ဓာကိုယ်အသားပေးရိုက်ထားတဲ့ဘီကနီဝတ်စုံနဲ့ဓာတ်ပုံနဲ့အတူ #Bahamas.” ဆိုပြီး Bahamasမှာ မုန်တိုင်းကြောင့်ထိခိုက်သွားသူတွေအတွက်ဝမ်းနည်းကြောင်းနဲ့ ၀ိုင်းဝန်းဆုတောင်းပေးကြဖို့ရေးသားပြီး အင်စတာဂရမ်မှာတင်လိုက်တာဖြစ်ပါတယ်။

ပို့စ်တင်လိုက်ပြီးနောက်မှာ လူတွေက သူ့ရည်ရွယ်ချက်ကဘာလဲ၊ ဒီပုံနဲ့ ရေဘေးသင့်သူတွေအတွက် ဆုတောင်းပေးနေတာလား။ လုံးဝမကိုက်ညီတဲ့ပုံပဲ စသဖြင့်မေးခွန်းတွေထွက်ပေါ်လာသလို၊ပို့စ်မှာ hate comment တွေဗုံးကြဲသလိုရောက်လာခဲ့ကြဖြစ်ပါတယ်။

 

Polyanaက ပြန်လည်ပြီး ဓာတ်ပုံနဲ့ကိုယ့်ကိုယ်ကိုယ်ကြော်ငြာတာ၊ ခန္ဓာကိုယ်ကိုပြချင်တာမျိုးမဟုတ်ပါဘူး။ အဲ့ဒီနေရာဟာ အရမ်းလှပတဲ့နေရာဖြစ်ပြီး မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံး ထိခိုက်သေကြေရတာတွေအတွက်အမှန်တကယ် ၀မ်းနည်းတဲ့စိတ်နဲ့ တင်ခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်း ဓာတ်ပုံရဲ့စာသားကို ပြောင်းခဲ့ပြီး၊ comment တွေကိုလည်း ဖျက်ပစ်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အင်စတာဂရမ်မှာ follower(၁၁၆၀၀၀)ကျော်ရှိတဲ့ Isabelle Sheeကလည်း Bahamasက ကမ်းခြေတစ်ခုမှာ ဘီကနီဝတ်ထားတဲ့ ပုံနဲ့ပဲ မုန်တိုင်းဒဏ်ကနေအမြန်ဆုံးပြန်လည်ကောင်းမွန်ပါစေ Bahamas ဆိုပြီး အင်စတာဂရမ်မှာပို့တင်ခဲ့ပါတယ်။ ပုံနဲ့ပတ်သက်ပြီးဝေဖန်လာကြတဲ့အတွက် သူမက ဒီပုံဟာ ဇန်န၀ါရီလကတည်းကရိုက်ထားခဲ့တာပါ။အဲ့ဒီတုန်းကပျော်ရွှင်နေခဲ့တဲ့ပုံတွေပဲရှိနေလို့ပါ။ အဲ့ဒီအတွက်တောင်းပန်ပါတယ်လို့ ပြန်လည်ရေးသားဖြေရှင်းခဲ့ရပါတယ်။

 

သူမတို့နှစ်ဦးလိုပဲ အင်စတာဂရမ်ပေါ်မှာ ဘီကနီဝတ်စုံတွေနဲ့ မုန်တိုင်းအတွက် ဆုတောင်းပေးသူတွေ ရှိခဲ့ပြီး အဲဒီ ဓာတ်ပုံတွေရဲ့အစ က Polyana ကြောင့်ပဲ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေဆဲပါ။

READ
မိသားစုကိုအချိန်ပေးဖို့ Facebook ကနေ ခွင့်ယူထားတဲ့ Mark Zuckerberg
Instagram
Instagram
Instagram

Khaing

Source : foxnews , insider

SHARE