Beauty Influencer တွေ မအောင်မြင်ခင် တစ်ချိန်က လုပ်ခဲ့တဲ့ အလုပ်အကိုင်တွေအကြောင်း

YouTube/Seventeen

အလှအပတွေ ခေတ်စားလာတာနဲ့အမျှ beauty influencers တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။

ဘယ်လိုမိတ်ကပ်ပစ္စည်းတွေဝယ်ယူရမယ်ဆိုတာအပြင် ဗီဒိယိုတွေကနေတစ်ဆင့် လည်းဖျော်ဖြေမှုဆန်ဆန် လိမ်းခြယ်ပြသပေးကြပါတယ်။ ဒါပေမယ့် ဒီကနေအောင်မြင်နေတဲ့ beauty influencer အများစုရဲ့ မအောင်မြင်ခင်တစ်ချိန်က ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ လုပ်ငန်းခွင်နယ်ပယ်တွေအကြောင်းကို Insider ကနေ ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

Manny Gutierrez

Manny MUA လို့ လူသိများတဲ့ Manny Gutierrez ဟာ beauty influencer အဖြစ်မအောင်မြင်ခင် အရင်က အလုပ်ငါးခုလောက်လုပ်ခဲ့သူဖြစ်ပါတယ်။  ဘောလီဘောနည်းပြ၊ စားသောက်ဆိုင်ဝန်ထမ်း၊ စာပွဲထိုး၊ Sephora ကုမ္ပဏီဝန်ထမ်း နဲ့ MAC Cosmetics ရဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ် နေရာတော်တော်များများမှာ လုပ်ကိုင်ခဲ့တာပါ။ သူ့ရဲ့ ဘော်လီဘောကစားနည်းနဲ့ပတ်သက်ပြီး ဖန်တစ်ယောက်ကမေးမြန်းတဲ့အခါ သူအထက်တန်းကျောင်းတက်တုန်းက အငယ်တန်းအိုလံပစ်ဘောလီဘောပြိုင်ပွဲကို ၀င်ခဲ့ဖူးတယ်လို့ Gutierrez က ပြောပြခဲ့ပါတယ်။ လက်ရှိ Manny MUA ဟာ YouTube မှာ subscribers (၄.၇)သန်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Chloe Morello

READ
သင်ထောက်ကူမရှိလို့ ငိုနေတဲ့ ကျောင်းသားလေးကို လိုအပ်တာဝယ်ပေးခဲ့တဲ့ ရဲသားလေး

 

 

View this post on Instagram

 

So happy I got to meet the beautiful @mirandakerr at her @koraorganics launch

A post shared by Chloe Morello (@chloemorello) on

Morello ကလည်း အလုပ်တော်တော်များများနဲ့ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ အရင်က ဟိုတယ်အခန်းသန့်ရှင်းရေး၊ ဘားဝန်ထမ်း၊ ၀ိုင်မြည်းစမ်းသူ၊ အရောင်းစာရေး၊ မော်ဒယ်၊ belly dancer နဲ့နည်းပြတစ်ယောက်အပြင်၊ မီးသဂြိုဟ်စက်ရုံက၀န်ထမ်းတစ်ယောက်အဖြစ်ပါ လုပ်ကိုင်ခဲ့ဖူးသူပါ။ သူမရဲ့အလုပ်တွေအတွက် ပျော်ရွှင်ခဲ့လားဆိုတဲ့အမေးအပေါ် ပျော်ခဲ့ပါတယ်လို့ဖြေကြားခဲ့ပါတယ်။ Chloe Morello ဟာ လက်ရှိ YouTube မှာ subscribers (၂.၇)သန်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Laura Lee

Laura ဟာ အရင်က တိရစ္ဆာန်အသုံးဆောင်ပစ္စည်းဆိုင်၊ ၀ိုင်အရောင်းဆိုင် ၊ အားကစားပစ္စည်းအရောင်းဆိုင်တွေမှာ cashier အဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒ့ါအပြင် စားပွဲထိုးနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ယောက်အဖြစ် လည်းလုပ်ခဲ့တယ်လို့ သူမရဲ့တွစ်တာမှာပြောပြခဲ့ပါတယ်။ သူမပို့စ်အောက်မှာ အားကစားပစ္စည်းအရောင်းဆိုင်လုပ်ဖော်ကိုင်ဘက်တစ်ဦးက ငါတို့နင့်ကိုသတိရနေကြတယ် Laura.”ဆိုပြီး ပြောထားပါသေးတယ်။ Laura Lee ကတော့ လက်ရှိ YouTube မှာ subscribers(၄.၄)သန်းပိုင်ဆိုင်ထားပါတယ်။

James Charles

READ
နေ့စဉ် (၂၄)မိုင်လောက် ဝှီးချဲလ်စီးပြီး ရုံးတက်နေရတဲ့ မသန်စွမ်း အမျိုးသား

 

 

View this post on Instagram

 

lost in the stars ✨

A post shared by James Charles (@jamescharles) on

James Charles ဟာ အသက်ငယ်ငယ်နဲ့ YouTube ဗီဒီယိုတွေ စလုပ်ခဲ့သူပါ။ ဒါပေမယ့် ဖေဖော်ဝါရီလက Philip DeFranco ရဲ့ Conversation With podcast ဆိုတဲ့အစီအစဉ်တစ်ခုမှာ DeFrancoက Charles ကို တခြားအလုပ်လုပ်ဖူးလားလို့ မေးမြန်းခဲ့ပါတယ်။ Charles က ဟုတ်ကဲ့ ကျွန်တော်တို့မြို့က 16 handlesလို့ခေါ်တဲ့ frozen-yogurt ဆိုင်တစ်ခုမှာ လုပ်ခဲ့ဖူးတယ်လို့ဖြေခဲ့ပါတယ်။ အဲဒီအချိန်က သူ့အသက်(၁၆)နှစ်အရွယ်သာရှိသေးပြီး၊  တဖြေးဖြေးနဲ့ဝါသနာပါတဲ့ beauty influencer ပါလုပ်ရင်း အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ James Charles ဟာ ရေပန်းအစားဆုံးအွန်လိုင်း influencers တွေထဲကတစ်ယောက်ဖြစ်ပြီး ၊ subscribers(၁၆.၉)သန်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Jeffree Star

 

 

View this post on Instagram

 

I’M GOLD BLOODED

A post shared by Jeffree Star (@jeffreestar) on

Star ဟာ အောင်မြင်တဲ့ ဂီတပညာရှင်အဖြစ်ကနေ beauty influencer ဖြစ်လာသူပါ။ သူအထက်တန်းကျောင်းပြီးသွားချိန်က သတို့သမီးတွေ၊ အနုပညာရှင်တွေကို ပြင်ဆင်လိမ်းခြယ်တဲ့ အလှပြင်ဆိုင်တွေမှာ အလှဖန်တီးသူအဖြစ် အရင် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဂီတပိုင်းကိုဝါသနာပါသူမို့  သီချင်းတွေလုပ်ရင်း (၂၀၀၃)ခုနှစ် ၀န်းကျင် Myspace မှာ စတင်လူသိများလာခဲ့ပါတယ်။ Beauty Killer ဆိုတဲ့သီချင်းအယ်ဘယ်မ်အပြင် music videosတွေပါ ထုတ်ခဲ့ပြီး၊ နယ်လှည့်ဖျော်ဖြေပွဲပါ ပြုလုပ်ခဲ့ဖူးပါတယ်။ Jeffree Star ဟာ လက်ရှိ YouTube မှာ subscribers (၁၇.၅) သန်းရှိတဲ့ beauty influence တစ်ဦးဖြစ်ပါတယ်။

Khaing

SHARE