မသင့်လျော်တဲ့ လုပ်ငန်းခွင်စည်းကမ်းအပေါ် ယဉ်ကျေးစွာ ဆန္ဒပြခဲ့ကြတဲ့ အုတ်စီလုပ်သားများ

အင်္ဂလန်နိုင်ငံ ချာ့တ်ဆေမြို့မှာ အလုပ်လုပ်နေကြတဲ့ အုတ်စီသမားတွေဟာ အသစ်ထုတ်ပြန်ထားတဲ့ လုပ်ငန်းခွင်တွင်း လုံခြုံရေးစည်းမျဉ်းတွေနဲ့ ပတ်သက်လို့ သောကရောက်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စည်းမျဉ်းအသစ်ထဲမှာ လုပ်ငန်းခွင်ထဲ ဘောင်းဘီတို မ၀တ်ရဘူးလို့ ဆိုထားတာပါ။ (၂၆)ဒီဂရီဆဲလ်စီးယက်စ်ရှိနေတဲ့ အပူချိန်ကြီးမှာ ဘောင်းဘီတို ၀တ်ခွင့်မပြုတာကြောင့် အုတ်စီလုပ်သားတွေဟာ အကြပ်ရိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။

Dailymail

ဒါပေမယ့် အပူသက်သာအောင် ဘာဝတ်နိုင်မလဲ ရှာကြံကြည့်တဲ့အခါမှာတော့ လုပ်ငန်းခွင်တွင်း ကျား၊မ တန်းတူအခွင့်အရေးအရ စကတ်၊ ဂါဝန်တွေကို ၀တ်နိုင်ကြောင်း တွေ့ရှိလာကြပါတယ်။ အသက်(၄၅)နှစ်အရွယ် ဆိုင်မွန်မိုင်လ်ဆိုသူ လုပ်သားတစ်ဦးကတော့ ဇနီးသည်ရဲ့  ဂျင်းစကတ်ကို ၀တ်လာခဲ့ပါတယ်။

Dailymail

ဆိုင်မွန်က The Sun သတင်းဌာနကိုအခုလိုပြောပြပါတယ်။ “အုတ်စီတဲ့သူတွေအတွက် ဘောင်းဘီတိုတွေပဲ ကောင်းတယ်။ ကျွန်တော်လဲ တခြားအလုပ်ရှာတော့မယ်။ ဂျင်းဘောင်းဘီအရှည်တွေနဲ့ ကျွန်တော်တို့နဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ သက်တောင့်သက်သာလဲ မရှိလှဘူးလေ။ ကျွန်တော်တို့ကို အန္တရာယ်ကင်းဖို့အတွက်လို့တော့ပြောတာပဲ။”

READ
ချစ်သူကိုကောင်မလေးကိုမေးသင့်တဲ့ ပျော်စရာမေးခွန်းတွေ
Dailymail

အုတ်စီလုပ်သားတွေဟာ ကျောင်းမှာဘောင်းဘီတိုဝတ်ခွင့် မပေးတာကြောင့် အရွဲ့တိုက်ပြီး စကတ်ဝတ်လာတဲ့ကျောင်းသားလေးတွေအကြောင်း သိရှိရာကနေ အခုလို အိုင်ဒီယာရလာခဲ့တာပါ။ အသက်(၂၉)နှစ်အရွယ် အဒမ်ဟူဒွားဆိုသူကလည်း စူပါမားကတ်ကနေ ပေါင်(၁၀)တန် ဂါဝန်တစ်ထည်ဝယ်လာခဲ့ပါတယ်။ “ဂါဝန်လေးက ၀တ်လို့ကောင်းပါတယ်။ လွတ်လွတ်လပ်လပ်လဲရှိတာမို့ ကျွန်တော်ကတော့ ကြိုက်တယ်။” လို့အဒမ်ကပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE