ကားအတွင်း အမှတ်တမဲ့ ရေသန့်ဘူးထားခြင်းရဲ့ ကြောက်မက်ဖွယ်အန္တရာယ်များ

Facebook/Polis Daerah Pendang

အပြစ်မဲ့တဲ့ ရေဘူးတစ်ဘူးဟာ မထင်မှတ်တဲ့အချိန်မှာ လူတစ်ယောက်ကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အပူချိန်များတဲ့ ယာဉ်ထဲမှာ ရေဘူးတွေကိုအချိန်ကြာမြင့်စွာထားတဲ့အခါ ဘူးခွံတွေထဲက ဓာတုပစ္စည်းတွေဟာ ရေထဲကို စိမ့်ဝင်နိုင်ခြေရှိတဲ့အကြောင်းလည်း ဖတ်ဖူးကြမှာပါ။ အခုလည်း ရေဘူးတွေနဲ့ အချိုရည်ဘူးတွေက ကားအက်ဆီးဒန့်ဖြစ်တဲ့အထိ အန္တရာယ်ရှိတဲ့အကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ပြောပြခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၁၂) ရက်တုန်းက Polis Daerah Pendang ဖေ့စ်ဘုတ်ပေ့ခ်ျမှာ ယာဉ်အတွင်း ရေဘူး သို့မဟုတ် ဘယ်လိုဖျော်ရည်ဘူးမျိုးမဆို ကားထဲထည့်တာမျိုးတွေ ရှောင်ကြဉ်ဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ရေ (၂၅၀) မီလီလီတာပဲဖြစ်ဖြစ် (.) လီတာပဲဖြစ်ဖြစ် ရေသန့်ဘူး၊ အချိုရည်ဘူးတွေဟာ အခန့်မသင့်ရင် ဘရိတ်ခြေနင်းခုံအောက်မှာ ညှပ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ အက်ဆီးဒန့်ဖြစ်ခဲ့ရင် သိပ်ခက်ပါတယ်။ ဘရိတ်အောက်မှာ ဘူးညှပ်နေတဲ့အတွက် ယာဉ်ကို ကောင်းကောင်းထိန်းလို့မရပါဘူး။ ကိုယ်က ဘရိတ်ကိုနင်းပေမယ့် ဘရိတ်ပေါ်အားသက်ရောက်မှူမရှိပဲ ဖြစ်တတ်ပါတယ်..” လို့ မလေးရှားရဲတပ်ဖွဲ့က သတိပေးထားတာပါ။

နောက်တစ်ခုက များသောအားဖြင့် လူတွေဟာ ကားထဲမှာအဆင့်သင့်ပါတဲ့ ခွက်ထည့်တဲ့နေရာ၊ ရေဘူးထည့်တဲ့နေရာတွေမှာ ဘူးခွက်တွေကို မထားတတ်ကြပါဘူး။ အဲ့ဒီနေရာတွေမှာ ငွေအကြွေတွေ၊ စက္ကူတွေနဲ့ အခြားတိုလီမုတ်စပစ္စည်းတွေသာ ထည့်လေ့ရှိပါတယ်။ ရေဘူးတွေ အအေးဘူးတွေကိုတော့ ကြုံရင်ကြုံသလို ဒရိုင်ဘာထိုင်ခုံမှာ၊ ခရီးသည်ထိုင်ခုံတွေမှာ ထားတတ်ကြပါတယ်။ ဒါဟာ အန္တရာယ်အရမ်းများပါတယ်။ တကယ်လို့ အခန့်မသင့်ရင် ထိုင်ခုံပေါ်ကရေဘူးက အောက်ဘက်ကိုလှိမ့်ကျပြီး ဒရိုင်ဘာရဲ့ရှေ့ခြေနင်းခုံတွေကြားထဲမှာ ညှပ်နေနိုင်တဲ့အတွက်ကြောင့်ပါ။

ကားထဲ ရေဘူးတွေထည့်တာနဲ့ပတ်သက်လို့ စိုးရိမ်စရာကောင်းတာ နောက်တစ်ချက်ရှိပါသေးတယ်။ အဲ့ဒါက ရေဘူးတွေဟာ မီးလောင်အောင် ဖန်တီးနိုင်ပါတယ်။ သူတို့အလုပ်လုပ်ပုံက မှန်ဘီလူးနဲ့တူပါတယ်။ ရေဘူးဟာ သူ့ကိုလာထိတွေ့တဲ့နေရောင်ခြည်တွေကို တစ်စုတစ်စည်းထဲဖြစ်အောင် စုစည်းပေးပြီး တစ်ဖက်က ကားထိုင်ခုံနေရာကို ပို့လိုက်ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ကားထိုင်ခုံဟာ အလင်းတွေစုပေးနေတဲ့ ရေဘူးကြောင့် ပိုပိုပူလာပြီး အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ထိုင်ခုံဟာ မီးစွဲနိုင်ပါတယ်။

အောက်မှာတော့ စာဖတ်သူတွေအတွက် သိမှတ်ဖွယ် ဗီဒီယိုလေးတစ်ခုကို ဖော်ပြပေးထားပါတယ်။ ဒါကြောင့်မို့လို့ ကားမောင်းတဲ့သူတွေ၊ ကားမမောင်းပေးမယ့်လည်း စီးနင်းလိုက်ပါကြသူတွေအတွက် အခန့်မသင့်ရင် အသက်သေဆုံးတဲ့အထိအောင် ဒုက္ခပေးနိုင်တဲ့ ရေသန့်ဘူးတွေရဲ့အန္တရာယ်ကို ဖော်ပြပေးလိုက်ရပါတယ်။

Safety Check: Water Bottle in a Hot Car

Did you know that on a hot day, a see through water bottle in your car has the potential to start a fire? Neither did Stations Battery Technician Dioni Amuchastegui.

Posted by Idaho Power on Thursday, July 13, 2017

လင်းလင်း (ShweMom)

SHARE