မီးထဲ သေအံ့မူးမူးကျန်နေတဲ့ တိရစ္ဆာန်တွေကို ကယ်တင်ပေးနေတဲ့ လေးစားဖွယ်ဖြစ်ရပ်

ကယ်လီဖိုးနီးယားတောမီးထဲမှာ အရှင်လတ်လတ် မီးမြိုက်သေတော့မယ့် ရာပေါင်းများစွာသော တိရစ္ဆာန်လေးတွေကို စေတနာ့ဝန်ထမ်း တိရစ္ဆာန်ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ ယာယီဆေးခန်း ဖွင့်လှစ်ပြီး ကယ်ဆယ်ခဲ့ကြပါတယ်။ ၄င်းဆေးခန်းကို အိုရိုဗီးလ်မြို့ က ဒယ်လ်အိုရိုကောင်တီဆေးရုံအဆောက်အဦးဟောင်းထဲမှာ ဖွင့်လှစ်ထားပါတယ်။ ဆေးခန်းမှာတော့ တိရစ္ဆာန်ကောင်ရေ (၆၀၀) နီးပါး ပြုစုစောင့်ရှောက်ထားပါတယ်။

 

 

အကြမ်းဖျင်းအနေနဲ့ ကြောင်(၂၅၈) ကောင်၊ ခွေး (၁၈၈) ကောင်၊ ကြက်(၇၆) ကောင်၊ ငှက်(၄၁) ကောင်တို့ဖြစ်ပြီး ယုန်၊ ဘဲ၊ ငန်းတို့စတာတွေလည်း ပါပါသေးတယ်။ အကောင်ကြီးတဲ့ တိရစ္ဆာန်တွေကိုတော့ ဂရစ်ဒလေမြို့နဲ့ ချီကိုမြို့တွေဆီ ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြပါတယ်။

လက်ရှိတွေ့ရတဲ့ သတင်းတွေအရတော့ တောမီးထဲမှာ လူ(၅၁) ဦးသေဆုံးကြောင်းသိရပြီး မီးထဲပါသွားတဲ့ တိရစ္ဆာန်ကောင်ရေ အတိအကျကိုတော့ မသိရပါဘူး။ ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး ဆန်ဒရာဘူးလော့ခ်ကတော့ ကယ်လီဖိုးနီးယားမီးထဲ ဒုက္ခရောက်ခဲ့ကြတဲ့ တိရစ္ဆာန်လေးတွေအတွက် ရန်ပုံငွေ ဒေါ်လာ(၁) သိန်း လှူဒါန်းမတည်ထားပြီး အခြားသရုပ်ဆောင်တွေကိုလည်း ပါဝင်ကူညီကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

READ
အိပ်နေတဲ့ အမျိုးသားဆီ လျှောက်လာပြီး အထူးဆန်းဆုံး အပြုအမူကို လုပ်ခဲ့တဲ့ ကျားသစ်

လင်းလင်း (ShweMom)

Ref: Dailymail

SHARE