ထူးထူးဆန်းဆန်းအသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့ Jumanji မင်းသမီးရဲ့ အိမ်

YouTube- Vogue

Dawyne Johnson ပါဝင်သရုပ်ဆောင်ထားတဲ့ Jumanji ရုပ်ရှင်ကို ဒီမှာ ၂ ခါစလုံးရုံတင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေနဲ့တော့ သိပ်စိမ်းလှမယ်မထင်ပါဘူး။ အဲဒီကားထဲမှာ ခန္ဓာကိုယ် ခပ်မိုက်မိုက်နဲ့ ခပ်ချောချော ဆံပင်အနီရောင်ကောင်မလေးကိုလည်း အားလုံးသတိထားမိမယ်ထင်ပါတယ်။

သူမကတော့ Karen Gillan ပါ။ Jumanji အပြင်ကိုမှ Marvel ရဲ့ Guardians of the Galaxy နဲ့ Avengers ထဲမှာလည်း Nabula အဖြစ်သရုပ်ဆောင်ထားပါသေးတယ်။ Karen ဟာ မီဒီယာတွေရှေ့ သိပ်မထွက်ပြသလိုပဲ သူမရဲ့ အိမ်နဲ့ သူမရဲ့အကြောင်းတွေကိုလည်း သိပ်ပြီးထုတ်ပြောပြလေ့မရှိပါဘူး။

 

View this post on Instagram

 

A post shared by Karen Gillan (@karengillan) on

ဒါပေမဲ့ Vogue မဂ္ဂဇင်းရဲ့ အစီအစဉ်တစ်ခုမှာတော့ Karen ဟာ သူမရဲ့ အိမ်ကို အလည်တစ်ခေါက်ခေါ်ပြခဲ့ပါတယ်။ ဆယ်လီတစ်ယောက်ရဲ့ အိမ်ဆိုတော့ ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ်နဲ့ ခေတ်မှီအပြင်အဆင်၊ အသုံးအဆောင်တွေနဲ့ ပြည့်နေမယ်လို့ထင်ခဲ့တာ တကယ့်လက်တွေ့မှာတော့ Karen ရဲ့ အိမ်လေးဟာ သာမန်ထက်တောင်ပိုပြီးတော့ စိတ်ဝင်စားဖွယ်ကောင်းနေပါတော့တယ်။

 

View this post on Instagram

 

A post shared by Karen Gillan (@karengillan) on

အကြောင်းကတော့ သူမရဲ့အိမ်မှာ ထူးထူးဆန်းဆန်းပစ္စည်းတွေရှိနေလို့ပါပဲ။ Karen ဟာ ပစ္စည်းစုရတာ ဝါသနာပါတဲ့လူပါ။ အမှတ်တရပစ္စည်းလေးတွေစုရတာပေါ့။ အထူးသဖြင့် ရိုက်ကွင်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို သိမ်းထားရတာမျိုးကို သဘောကျတဲ့သူလေးပါ။

READ
ဒီဇိုင်းတစ်မျိုးနဲ့တွေ့ရတဲ့ ပဉ္စလက်ရွာအဖွဲ့သားများ

ဥပမာပြောရမယ်ဆိုရင် Marvel မှာ Nabula အဖြစ်သရုပ်ဆောင်ခဲ့တုန်းကဆိုရင် ချစ်လို့ဆိုပြီး ဝယ်ထားတဲ့ Nabula လက်ထိုးရုပ်လေးတွေ၊ Thanos ရဲ့ လက်အိတ်ပုံစံတူတွေကို စုထားခဲ့ပါတယ်။

YouTube- Vogue
YouTube- Vogue

နောက် Jumanji နဲ့ ပတ်သက်တဲ့ဟာမျိုးဆိုရင်လည်း Jumanji ဂိမ်းဘုတ်ကြီးကို ဝယ်ထားခဲ့တာပါ။

YouTube- Vogue

နောက်ပြီး သူမရဲ့ အမှတ်တရပစ္စည်းစုတဲ့ collection ထဲ Steinway က စန္ဒယားကြီးလည်း ရှိနေပါတယ်။ ကိုယ်တိုင်ကလည်း စန္ဒယားတီးရတာ ဝါသနာပါတာကို။

YouTube- Vogue

Karen ရဲ့ အိမ်လေးကို ကြည့်လိုက်မယ်ဆိုရင် စကော့တလန်အငွေ့အသက်တွေ အပြည့်ခံစားနေရမှာပါ။ အိမ်မှာသုံးထားတဲ့ အရောင်တွေဟာလည်း အညိုရောင်ခပ်အုံ့အုံ့မှိုင်းမှိုင်းနဲ့မလို့ ရှေးရှေးတုန်းက အိမ်ကြီးထဲ ရောက်သွားသလားဆိုတဲ့ ခံ့စားချက်ကို ပေးနေပါတယ်။

ပစ္စည်းတွေအပြင်ကိုမှ Karen ဟာ အဝတ်အစားတွေလည်း စုရတာ ဝါသနာပါတယ်တဲ့လေ။ ရုပ်ဆိုးဆိုး၊ ထူးထူးဆန်းဆန်း ဆွယ်တာတွေကတော့ Karen အများဆုံးစုဖြစ်နေတဲ့ အရာလေးတွေပါပဲ။ ဒါလေးကိုလည်းကြည့်ဦး ခရစ်စမတ်ဆွယ်တာလေး။ ဆွယ်တာတစ်ခုလုံးအရောင်စုံနေပြီးတော့ ခရစ်စမတ်သစ်ပင်ကြီးနဲ့ ပန်းကွင်းလေးတွေတောင် ပါသေးတယ်။ စုခဲ့သမျှဆွယ်တာတွေထဲ အကြိုက်ဆုံးတစ်ခုပါတဲ့။

READ
ကောက်ကြောင်းအလှတွေပေါ်လွင်နေတဲ့ အေးသောင်းနဲ့ ဝါဆိုမိုးဦးတို့ရဲ့ ဖိုတိုရှု
YouTube- Vogue

အိမ်မှာနေရင် လုပ်ရတဲ့အထဲ အကြိုက်ဆုံးကတော့ ညအိပ်ဝတ်အဝတ်ကြီးကိုဝတ်ပြီး ဆိုဖာပေါ်လှဲကာ reality show တွေ တစ်နေကန်ကြည့်ရတာပါတဲ့လေ။

YouTube- Vogue

ဒါကတော့ Karen နဲ့ Vogue ရဲ့ အင်တာဗျူးအပြည့်အစုံပါ။

penny

SHARE