Oscar ဆန်ကာတင်တွေသာ လက်ခံရရှိတဲ့ ဒေါ်လာသိန်းကျော်တန် လက်ဆောင်အိတ်

instagram/theacademy

အနုပညာရှင်တစ်ဦးအတွက် အော်စကာစာရင်းထဲ ပါဝင်ရုံနဲ့ အဓိကဇာတ်ဆောင်နေရာတွေမှာ သရုပ်ဆောင်ခွင့်ရဖို့ အခွင့်အရေးရှိလာတဲ့အပြင် အနုပညာကြေးလည်း ပိုမြင့်သွားပါတယ်။ ဒီနှစ်မှာတော့ အော်စကာဆန်ကာတင်စာရင်းထဲ ပါဝင်သူတွေသာ လက်ခံရရှိတဲ့ ဒေါ်လာ (၂၂၅,၀၀၀) တန် လက်ဆောင်အိတ်ထဲမှာ ဘာတွေ ပါသလဲဆိုတာ asione သတင်းစာမျက်နှာကနေ ကိုးကားပြီး ဖော်ပြပေးသွားပါမယ်။

ဒီလက်ဆောင်အိတ်တွေကို အော်စကာထူးချွန်ဆုအတွက် တည်းဖြတ်တဲ့အဖွဲ့အစည်း Academy of Motion Picture Arts and Sciences က ပေးတာမဟုတ်ပါဘူး။ လော့စ်အင်ဂျလိစ် အခြေစိုက်မားကတ်တင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Distinctive Assets က ချီးကျူးဂုဏ်ပြုတဲ့သဘောနဲ့ ပေးတာ ဖြစ်ပါတယ်။ လက်ဆောင်တွေကို သရုပ်ဆောင်ထူးချွန်ဆုအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်တဲ့ လူအယောက် (၂၀) နဲ့ အကောင်းဆုံး ဒါရိုက်တာ ထူးချွန်ဆုအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်တဲ့ အမျိုးသား (၅) ယောက် ဆီသာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

instagram/theacademy

Distinctive Assets ဟာ ခုလို လက်ဆောင်အိတ်တွေကို ပြင်ဆင်ပေးပို့လာတာ (၁၈) နှစ်လောက် ရှိနေဖြစ်ပြီး  ကုမ္ပဏီတည်ထောင်သူ Lash Fary ကတော့ အိတ်တွေကို အကောင်းဆုံးဖြစ်အောင် စုစည်းထုတ်ပိုးပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

READ
(၁၃)ခုမြောက် လူခြေထောက် ထပ်မံဆယ်ယူရရှိခဲ့ပြီး ပဟေဠိတွေရှိနေဆဲကမ်းခြေ

ဒီနှစ် အော်စကာအတွက် လက်ဆောင်အိတ်တွေထဲမှာတော့ ဒေါ်လာ (၇၈,၀၀၀) တန် အပျော်စီးဇိမ်ခံရွက်သင်္ဘောခရီးစဉ်၊ ဒေါ်လာ (၂၀,၀၀၀) တန် မျက်နှာအလှပြုပြင်ရေးကုထုံးနဲ့အတူ ဖူးစာရှာဝန်ဆောင်ခစရိတ် ဒေါ်လာ (၂၀,၀၀၀) တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အ၀တ်အထည်၊ လျှပ်စစ်ပစ္စည်းအသုံးဆောင်တွေနဲ့အတူ အမျိုး (၈၀) လောက်ရှိတဲ့ ပစ္စည်းပေါင်းများစွာလည်း ပါဝင်ပါတယ်။ လက်ဆောင်ပစ္စည်းတွေထဲက ရွှေသား (၂၄) ကာရတ် ကွပ်ထားတဲ့ vape pen ကတော့ ပစ္စည်းစီစဉ်ရင်းနဲ့ လီယိုနာဒိုကို မျက်လုံးထဲ ပြေးမြင်ပြီး လက်ဆောင်ထည့်ထားတာ ဖြစ်ကြောင်းလည်း Fary  က ဆိုပါတယ်။

 

 

View this post on Instagram

 

25 city satellite media tour this morning talking about the state of my fabulous Everyone Wins Nominee Gift Bag.

A post shared by Lash Fary (@lashfary) on

instagram/theacademy

Fary ကတော့ အိတ်ထဲမှာပါတဲ့ ပစ္စည်းတွေဟာ အနုပညာရှင်တွေရဲ့ ပါရမီကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပေးတာဖြစ်ကြောင်း ဆိုပါတယ်။ Fary ဟာ အော်စကာအကယ်ဒမီနဲ့ တရားဝင်ဆက်စပ် ပတ်သက်တာမျိုးမရှိတဲ့အတွက် အိတ်ထဲက လက်ဆောင်တွေကို သူ့သဘောအတိုင်းသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်က ဒီလက်ဆောင်တွေကို သရုပ်ဆောင်ထူးချွန်ဆုနဲ့ ဒါရိုက်တာဆု ဆန်ကာတင်တွေပဲ ပေးတာပါ။ ကုမ္ပဏီတွေအတွက်တော့ ဒါက နာမည်ကြီးဆယ်လီတွေနဲ့ ကိုယ့်ကုမ္ပဏီထုတ်တံဆိပ်ကို တွဲမြင်ရဖို့ အခွင့်အရေး ဖြစ်တာပေါ့ဗျာ။ တနည်းပြောရရင် ပရိုမိုးရှင်းဆင်းတာလို့လည်း ပြောလို့ရပါတယ်….” လို့ Fary က ပြောပြခဲ့ပါသေးတယ်။

READ
ကလေးနှစ်ယောက်ကို အသက်ပေးပြီးကယ်ခဲ့တဲ့ (၈၈)နှစ်အရွယ်လုံခြုံရေးဝန်ထမ်းကြီး

လင်းလင်း (ShweMom)

SHARE