မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်ဆန်းတွေပြသထားတဲ့ ဆွီဒင်က The Museum of Failure

The Museum of Failure ဟာ ဆွီဒင်မှာရှိပြီး မအောင်မြင်ခဲ့တဲ့ထုတ်ကုန်တွေကို ပြသပေးထားတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ပြသထားတဲ့ ထုတ်ကုန်တွေထဲ ယခုနာမည်ကြီးနေတဲ့ ကုမ္ပဏီကြီးတွေ၊ ပုဂ္ဂိုလ်တွေထုတ်လုပ်ခဲ့တဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။

amusingplanet

ပြတိုက်ရဲ့ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်တဲ့အခါ မအောင်မြင်ခင်ရင်းရဲရတဲ့ သတ္တိလိုအပ်ကြောင်း လာရောက်လေ့လာတဲ့လူတွေကို ပြချင်တာပါ။ ပြတိုက်ကပစ္စည်းတွေကိုတော့ တီထွင်မှုများကိုလေ့လာသူ ကျွမ်းကျင်ပညာရှင် Dr. Samuel West မှ လေ့လာထားခဲ့တာပဲဖြစ်ပါတယ်။

ဘယ်လိုထုတ်ကုန်တွေပါဝင်နေမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

Colgate ဟာ သွားတိုက်ဆေးမထုတ်ခင်တုန်းက အမည်းသားအသားလွှာကို ထုတ်လုပ်ခဲ့ပါတယ်။

The Museum of Failure

Coca-cola ရဲ့ မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်

The Museum of Failure

Coca-cola ဟာ Coke 2 ဆိုတဲ့ အရသာတစ်မျိုးကို ဆန်းသစ်ထုတ်လုပ်ခဲ့ပေမယ့် စားသုံးသူတွေမကြိုက်ကြလို့ Classic အရသာကိုသာ ပြန်ထုတ်ခဲ့ရပါတယ်။ ကြည့်ရတာ Coke Zero ကိုတော့ လူတွေကြိုက်ကြတဲ့ပုံပဲနော်။

The Museum of Failure

Donald Trump စီးပွားရေးလုပ်ငန်းရှင်ဘဝက ထုတ်ခဲ့တဲ့ Monopoly

READ
ထိပ်ပြောင်တဲ့သူတွေဟာ ပိုမိုဥာဏ်ထက်မြက်ပြီး အောင်မြင်သူများဖြစ်ကြောင်းသိရှိရ
The Museum of Failure

ထုတ်လုပ်မှုရပ်စဲသွားတဲ့ Blockbuster

The Museum of Failure

Apple ကထုတ်ခဲ့တဲ့ Newton Messagepad လေးပါ

The Museum of Failure

Google မျက်မှန်ပါ

The Museum of Failure

Sony ရဲ့ Betamax ဟာ ခေတ်ရှေ့အပြေးဆုံး VCR စက်ထဲမှာ ပါပါတယ်။ သို့ပေမယ့် တိတ်ခွေအသုံးပြုမှုတွေ လျော့နည်းလာပြီးနောက် ၂၀၀၂ ခုနှစ်မှာတော့ ထုတ်လုပ်မှုရပ်ခဲ့ပါတယ်။

The Museum of Failure

ကမ္ဘာကျော်စာရေးကိရိယာကုမ္ပဏီ BIC ရဲ့ အမျိုးသမီးများအတွက် သီးသန့်ဘောပင်ပါတဲ့။ သို့ပေမယ့် အင်တာနက်ရဲ့လှောင်ရယ်မှုကို ခံခဲ့ရပြီးနောက်မှာတော့ ထုတ်လုပ်မှုရပ်ခဲ့ပါတယ်။

The Museum of Failure

ပြတိုက်မှာ ပြသထားတဲ့ ထုတ်ကုန်များဟာ အမျိုးအစားပေါင်း (၁၀၀) ကျော်ရှိနေပါတယ်။

Source: Fortune.com, Museum of Failure (Innovation)

Penny

SHARE