မြောက်ကိုရီးယားက Rich Kid တွေရဲ့ တကယ့် လူနေမှုဘ၀ ပုံစံ

Image:shutterstock/By Oleg Znamenskiy & tvN

ကြီးကြီးတက် ချမ်းသာ တဲ့ မိသားစုမှာ ရွှေ ဇွန်းကိုက် မွေးလာရတဲ့ Rich Kid တွေရဲ့ ဘ၀ က တော့ ရုန်းကန် ပြီး ရှင်သန် နေရတဲ့ လူတွေရဲ့ဘ၀ နဲ့ ယှဉ်ရင်  အရမ်း ကို ကွာခြား ပါတယ်။Rich Kid တွေ ပိုက်ဆံ ကို ဘယ်လို သုံး ၊ဘယ် လို ဖြုန်း လဲ ဆိုတဲ့ အ ကြောင်းအရာတွေ ကို Shwemom မှာ အရင်က ဖော်ပြ ပေးခဲ့ဖူးပါတယ်။ဒါ ပေမယ့် ဒီ တစ် ခါ မှာ တော့ မြောက်ကိုရီးယားလို နိုင်ငံက Rich Kid တွေရဲ့ ဘ၀ အ ကြောင်း ကို ဖော်ပြ ပေးချင်ပါတယ်။ မြောက်ကိုရီးယားက Rich Kid ဆိုတာနဲ့  Crash Landing on You ဇာတ်ကားထဲက  Seo Dan ကို တော်တော် များ များက ပြေးမြင် မိကြမှာပါ။တခြား နိုင်ငံ ဟာ ကံ ကောင်းသူတွေလိုပဲ လေယာဉ် ပျံကြီးတွေ ကို ပိုင်ဆိုင်ပြီး ဒေါ် လာ တွေ ကို ရေ လို သုံး နေတာ လား၊ဘယ်လို ဘ၀ ပုံစံ မျိုးနဲ့  ရှင်သန်ကြလဲ ဆိုတာကို Preview မှာ ခုလို ဖော်ပြထားပါတယ်။

ski resort တွေကို သွားပြီး အပန်း ဖြေ

Image :pixabay/Alex_Berlin

တခြားမှာဆိုရင် တော့ ဇိမ်ခံ သ င်္ဘောကြီးတွေ၊ဟိုတယ်ကြီးတွေ၊အပန်းဖြေ အိမ်ကြီးတွေ မှာ သွားပြီး ပိုက်ဆံ ဖြုန်း ကြပါတယ်။မြောက်ကိုရီးယား Rich Kid ကတော့ Ski Resort တွေကို သွားကြပါတယ်။သူတို့ အတွက် တော့ ဒါဟာ ချမ်းသာတဲ့ လူတန်းစားတွေ ဇိမ်ခံ ဖို့ သွားတဲ့  နေရာပါ။အဲ့ဒီကို သွားရင် တော့ အ မေရိကန် ဒေါ်လာ ငါးရာ  လောက် ကုန် ကျ ပါတယ်။

READ
စိတ်ရှုပ်စရာ ဒုက္ခပေးနေတဲ့ အိမ်တွင်းကြွက်တွေကို အမြန်မောင်းထုတ်နည်း

နိုင်ငံခြားက တင်သွင်းတဲ့  စားသောက်ကုန် တွေ ကို ရနိုင်

Image:wikicommon

မြောက်ကိုရီးယားမှာက အစား အသောက်က အရမ်း ပေါ များတဲ့ အထဲမှာ မပါ ပါဘူး။ကော်ဖီ၊အသား၊ အာလူး၊bibim bap တို့ ကို နေ့စဉ်စားကြပါတယ်။ဒါပေမယ့် သာမန် လူတွေ မရတဲ့ အထူးအခွင့် အရေးကိုတော့ Rich Kid တွေ က  ရပါတယ်။အဲ့ဒါ ကတော့  အမေရိကန် ဒေါ်လာ နဲ့ ပေး ၀ယ်ရတဲ့ သြစ တြေးလျ အ မဲ သား၊နော် ဝေ Salmon ၊ ဥ ရောပ ဘီယာ.. အစရှိတာတွေကို စားသုံး ၀ယ်ယူနိုင်ပါတယ်။

 Brand ပစ္စည်းတွေနဲ့ နိုင်ငံတကာ ဂီတ တွေကို နားဆင် အသုံးပြုနိုင်

Image:shutterstock/By Oleg Znamenskiy

Pyongyang Department Store No. 1 ဆိုတာ ရှိပါတယ်။Kim Il-sung Square နားက Sungri လမ်းမှာ တည်ရှိတာပါ။မြောက်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး လက်လီအ ရောင်းဆိုင် တွေ ထဲက တစ်ဆိုင်ပါ။Rich Kid တွေက Brand ပစ္စည်းတွေ ကို ပြုံ ယန်း မှာပဲ Shopping ထွက်လို့ ရပါတယ်။K Pop အပါအ၀င် နိုင်ငံ တကာ ဂီတ တွေ ကို တား မြစ်ထားတယ်ဆို ပေမယ့်လည်း  မြောက်ကိုရီးယား မှာလဲ   ငွေ ရှိရင်ဘာမ ဆို ရပါတယ်။ချမ်းသာတဲ့ မိသားစု  တွေ က အဲ့ဒါ တွေကို ပိုက်ဆံ ပေး ၀ယ်ယူ နားဆင်၊ကြည့်ရှုလို့ ရပါတယ်။

READ
ထူးပေးဆန်းပေ့ဆိုတဲ့ ကမ္ဘာတစ်လွှားက အလောင်းသင်္ဂြိုဟ်ခြင်း အလေ့အထများ (အပိုင်း-၁)

Cosmetic surgery

တောင်ကိုရီးယားမှာ က တော့ ဒါဟာလူတိုင်းလိုလို ပိုက်ဆံ တော်သင့်ရုံ ရှိရင် ကိုပဲ လုပ်နိုင်တဲ့ အရာပါ။ဒါ ပေမယ့် မြောက်ကိုရီးယားမှာ တော့ ဒါက အခွင့် ထူးခံ လူတန်း စားတွေမှ ရတာပါ။။မျက်လုံး မျက်ရစ် ဖော်တာ၊ နှာ ခေါင်း ပြင်တာ .. အစရှိတဲ့ အလှအပ ဆိုင်ရာ ခွဲ စိတ်ပြု ပြင်မှု တွေကိုတော့ ဒေါ်လာ နှစ်ရာ လောက် အကုန် အကျ ခံပြီး လုပ် ကြပါတယ်။

Gym သွား

တခြားနိုင်ငံ တွေမှာ က ဒါက လူတိုင်း လိုလို လုပ်နိုင်တဲ့ အရာပါ။Gym သွားတာ လောက်က တော့ လူတိုင်း လုပ် နိုင် ပေမယ့် မြောက်ကိုရီးယားမှာက ဒါဟာ Rich Kid တွေ မှ လုပ်နိုင်တဲ့ ၊သွားနိုင်တဲ့ အရာ တစ်ခုပါ။

#SHWEMOM

SHARE