၂၀၁၈ ခုနှစ်ရဲ့ အဆိုးရွားဆုံးနဲ့ အပြောင်မြောက်ဆုံး နည်းပညာ trend များ

၂၀၁၈ ခုနှစ်ကတော့ နည်းပညာလောကမှာ တီထွင်ဖန်တီးမှုများစွာ ပေါ်ပေါက်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ နည်းပညာ အမျိုးမျိုး ပေါ်ပေါက်ခဲ့ပေမယ့် အကုန်လုံးကတော့ အသုံးဝင်တာမျိုးလည်း မဟုတ်ပါဘူး။ အချို့နည်းလမ်းတွေက အရမ်းအသုံးတည့်သွားပေမယ့် အချို့ကကျတော့ ရည်ရွယ်ချက်နဲ့ လွဲသွားတာတွေ ရှိပါတယ်။

ဒါကြောင့် ၂၀၁၈ ရဲ့ နည်းပညာ trend တွေထဲကမှ အသုံးမဝင်ခဲ့တဲ့ အဆိုးဆုံးနဲ့ အသုံးဝင်ခဲ့တဲ့ အကောင်းဆုံးတို့ကို ရွေးချယ်တင်ပြလိုက်ရပါတယ်။

အဆိုးဆုံး ၃ ခု

(၁) အလိုအလျောက်ဖုန်းဖြေကြားမှုစနစ်
Shutterstock

အဖွဲ့အစည်းတွေက အလိုအလျောက် ဖုန်းဖြေကြားမှုစနစ်ကို သုံးရင် လူတွေကို အစားထိုးနိုင်မယ်၊ လုပ်အားခ သက်သာမယ်လို့ တွက်ပြီး အသုံးပြုခဲ့ကြပေမယ့် တကယ်တမ်းမှာ နှောင့်နှေးမှုတွေ ဖြစ်ပြီး အဖွဲ့အစည်းရဲ့ နာမည်တွေပါ ကျဆင်းကုန်တာမျိုးတွေ ဖြစ်သွားတာကြောင့် ထင်သလောက် အသုံးမဝင်ခဲ့တဲ့ နည်းပညာသာ ဖြစ်သွားပါတယ်။

(၂) ဒစ်ဂျစ်တယ်ငွေကြေးစနစ်
Shutterstock

ငွေသားအစားထိုး အွန်လိုင်းငွေကြေးလည်ပတ်မှုစနစ်ဟာ ၂၀၁၈ နှစ်လယ်လောက်တုန်းကတော့ အရမ်းကို ဟော့ခဲ့ပါတယ်။ နောက်ဆို ငွေသားတွေ ပျောက်သွားမလားလို့တောင် ထင်ခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း တရားဝင်ငွေကြေးကို ထင်သလောက် မထိုးဖောက်နိုင်တဲ့အတွက် နောက်ပိုင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြန်ပါတယ်။

(၃) Apple Watch Walkie Talkie
Engadget

Apple က ထုတ်တဲ့ စမတ်နာရီမှာ အဆိုပါ နာရီအသုံးပြုသူ အချင်းချင်း ဆက်သွယ်နိုင်မယ့် Walkie Talkie feature အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း Apple နာရီ အသုံးပြုသူ အချင်းချင်းပဲ ပြောနိုင်မှာဖြစ်တဲ့အတွက် ဖုန်းက iMessage လောက်တောင် အသုံးမဝင်ဘူးလို့ ဆိုကာ လူတွေ လုံးဝမကြိုက်ခဲ့ကြပါဘူး။

READ
ကမ္ဘာနဲ့ အရွယ်အစားတူပြီးနေထိုင်လို့ရနိုင်တဲ့ ဂြိုဟ်(၇)လုံးကို NASA မှ တွေ့ရှိကြောင်းကြေငြာ

အကောင်းဆုံး ၄ ခု

(၁) 3D Printer နဲ့ ပစ္စည်းများ ထုတ်လုပ်ခြင်း
BigRep

အရာဝတ္ထုတွေကို 3D Printer နဲ့ ထုတ်တဲ့ နည်းပညာဟာ လွန်ခဲ့တဲ့ နှစ်တွေက စပြီး ခေတ်စားလာတာပါ။ ၂၀၁၈ မှာဆို ဆောက်လုပ်ရေးနယ်ပယ်တွေ၊ မော်တော်ကားထုတ်လုပ်ရေးတွေမှာပါ 3D Printer ကို သုံးလာကြပါပြီ။ Shwemom ကနေလည်း ထိုအကြောင်းဖော်ပြခဲ့ဖူးခြင်းရှိပြီး ၂၀၁၈ ခုနှစ်အတွင်း 3D Printer အသုံးပြုပြီး တီထွင်ခဲ့တဲ့ အလန်းဆုံးအရာမျာ ဆိုတဲ့ သတင်းမှာ ပြန်ဖတ်နိုင်ပါတယ်။

(၂) Artificial Intelligence (သို့) AI စနစ်
Shutterstock

AI လို့ခေါ်တဲ့ အသိဉာဏ်တုစနစ်ဟာ သုတေသနစင်တာတွေမှာ စမ်းသပ်တဲ့အဆင့်မှာပဲ ရှိတော့တာမဟုတ်ပါဘူး။ အသုံးပြုသူတွေနဲ့ပါ တိုက်ရိုက်ထိတွေ့နေပါပြီ။ Shwemom ကနေ အောက်က သတင်း ၂ ပုဒ်မှာ AI တွေ ဘယ်လိုတိုးတက်လာလဲဆိုတာနဲ့ပတ်သက်လို့ ဖော်ပြဖူးပါတယ်။

READ
အွန်လိုင်း မှာဈေးဝယ်ထွက်ရအောင်
(၃) ရုံးမတက်ဘဲ အဝေးကနေ အလုပ်လုပ်နိုင်လာကြခြင်း
Shutterstock

လက်ပ်တော့တွေ၊ တက်ဘလက်တွေကလည်း မော်ဒယ်တွေ မြင့်လာ၊ အင်တာနက်အမြန်နှုန်းတွေကလည်း မြန်လာတဲ့အတွက် အချို့ကုမ္ပဏီကြီးတွေဆို ဝန်ထမ်းတွေကို ရုံးမတက်ဘဲ အဝေးကနေတောင် အလုပ်လုပ်ခွင့် ပေးနေကြပါပြီ။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်တောင်မှ ပြီးခဲ့တဲ့ (၂၀၁၉) ဇန်န၀ါရီ (၁၀)ရက်ကစပြီး ရုံးမတက်ဘဲ အဝေးကနေ အလုပ်လုပ်ခွင့်ကို ဥပဒေနဲ့ တရားဝင် ခွင့်ပြုခဲ့ပါတယ်။ နေအိမ်မှအလုပ်လုပ်ခြင်းကို ဥပဒေထုတ်ပြီး သဘောတူလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ Duterte ဆိုတဲ့ သတင်းမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

(၄) လုပ်အားတွေမှာ စက်ရုပ်တွေ ပါဝင်လာခြင်း
Shutterstock

အရင်တုန်းကတော့ စက်ရုပ်တွေ တိုးတက်လာရင် လူ့စွမ်းအားအရင်းအမြစ်ကို ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ် ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း စက်ရုပ်တွေကို အသုံးပြုတဲ့အခါ ကုန်ထုတ်နှုန်းကို မြင့်စေပြီး လူတွေအတွက် အခြားအလုပ်အကိုင် အခွင့်အလမ်းတွေကို ပေါ်ပေါက်လာစေတယ်လို့ သဘောပေါက်သွားကြပါတယ်။

Ref: Entrepreneur

SHARE