စည်းစိမ်ပြုတ်သည်အထိ မိုက်မဲခဲ့ပေမယ့်၊ အရှုံးတွေထဲက ပြန်နိုးထနိုင်ခဲ့တဲ့ သန်းကြွယ်သူဌေး

Adam Deering/Instagram

လက်ရှိအချိန်မှာ ကလေး(၃)ယောက်ဖခင် ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် Adam Deering ဟာ လူငယ်တွေအတွက် စံထားထိုက်သူပါ။ ဘဝနာခဲ့သလို၊ သာခဲ့တဲ့ဘဝမှာလည်း သူဟာ ယစ်မှူးမှုတွေအပြည့်နဲ့ ကမ်းကုန်အောင် ဆိုးခဲ့မိုက်ခဲ့သူဖြစ်ပါတယ်။ အဲဒီဘဝကနေ သန်းကြွယ်သူဌေးဖြစ်ဖို့ ပြန်ကြိုးစားတဲ့ အပိုင်းဟာ လူငယ်တွေ ဆောင်စရာ ရှောင်စရာတွေ အများကြီး ပါပါတယ်။

Adam ဟာ အသက်(၁၄)နှစ်မှာ ဘာပညာရေးထောက်ခံချက်မှ မရှိဘဲ ကျောင်းက ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ (၁၆)နှစ်မှာ လမ်းပျောက်နေတဲ့လူငယ်လေးတစ်ယောက်ဘဝနဲ့ RAF တပ်ဖွဲ့ထဲကို မယောင်မလည် ရောက်ခဲ့ရပါတယ်။ သူ့အနေနဲ့ ဘဝပန်းတိုင်ဆိုတာ ဘာလဲဆိုတာ မသိသေးတာမို့ စမ်းတဝါးဝါးနဲ့ စစ်သားဘဝမှာ ယောင်လည်လည် ဖြစ်နေခဲ့ပါတယ်။

 

 

View this post on Instagram

 

Hustle hard until your car doors point to heaven! ✊ . . Driving through Manchester last week in the Aventador SV drew some attention. . . A woman came up to me in a petrol station and said “that’s a sexy car you’ve got” to which I said thankyou. Her next remark filled me with joy and pride when she said “you must of worked really hard to be able to afford that car” to which I said I have worked really hard thankyou. . . No rich parents. No education. No hand outs. Just straightforward hustle and grind, all day every day! ✊ . . Dreaming of success is great but it’s ACTION and WORK which make it happen! . . It’s awesome when people recognise the hard work behind the nice car. ✌ . . #findtheaction

A post shared by Adam Deering (@adam_deering) on

အသက်(၂၀)အရွယ်မှာ စစ်တပ်က ထွက်ခဲ့ပြီး၊ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လည်ပတ်ခဲ့ပါတယ်။ ထင်မှတ်မထားလောက်အောင် လုပ်ငန်းက အောင်မြင်လာခဲ့ပြီး၊ ဝန်ထမ်း (၁၅၀)ကို အုပ်ချုပ်ရသည်အထိ ဖြစ်လာခဲ့ပါတယ်။ သန်းပေါင်းများစွာ စုဆောင်းနိုင်ပြီးနောက် Adam တစ်ယောက် ပျက်စီးဖို့ရန် အကြောင်းဖန်လာခဲ့ပါတယ်။ သူကိုယ်တိုင်က ရှာထားသမျှ ငွေကြေးတွေဟာ သုံးပစ်ဖြုန်းပစ်မှ တန်ကာကျမယ်လို့ စဉ်းစားမိတဲ့အထိပါ။ နောက်ဆုံး သူဟာ အပျော်မယ်တွေနဲ့ တတွဲတွဲတကဲကဲ ဖြစ်ခဲ့ပြီး၊ အရက်သေစာက မိတ်ဆွေဖြစ်လာသလို၊ မူးယစ်ဆေးက သူငယ်ချင်း ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ ရှိသမျှတွေ လုံးပါး ပါလားပါတော့တယ်။

READ
မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း သက်သေပြနေတဲ့ လက်မပါတဲ့ ဆံသဆရာလေး

သူက အိပ်မရလွန်းလို့ Valium ဆေးကို သုံးခဲ့ရပြီး၊ အဲဒီဆေးမှ မသုံးရင် အိပ်မရသလောက် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ သူဟာ လုပ်ငန်းမှာ အစည်းအဝေးတောင် ပုံမှန်မတက်နိုင်တော့တဲ့အခါ သူရဲ့ လုပ်ငန်းကို ပေါင်(၇)သန်း ရောင်းလိုက်ရပါတယ်။ နောက်ထပ် (၂)နှစ်အကြာမှာ သူ့ကုမ္ပဏီ လုံးဝ ပျက်စီးသွားပါတော့တယ်။

Adam ဟာ အသက်(၃၁)နှစ်မှာ သူ့ဘဝကို သူပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အဲဒီအချိန်မှာ တပ်ထဲက ထွက်လာစဉ်ကအတိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ယောင်ခြာခြာ ဖြစ်နေပေမယ့်၊ လူညွှန့်တုံးနေခဲ့တဲ့ ဘဝကနေ သူ ရုန်းထွက်နိုင်ခဲ့တာက အပေါင်းလက္ခဏာဘက်ကို ဆောင်နေပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေး ဖြတ်ခဲ့ပါတယ်။

READ
သင့်ရဲ့ဘဝမှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့....။

အဲဒီမှာ ကမ္ဘာကျော်ဂီတပညာရှင် Peter Doherty နဲ့ ဆုံစည်းခဲ့ရပြီး၊ ဘဝအတွေးအခေါ်သစ်တွေ ခေါင်းထဲမှာ စုပြုံဝင်ရောက်လာပါတယ်။ ဆေးဖြတ်လို့ အောင်မြင်ပြီးနောက် သူဟာ ဖုန်းနံပတ်အသစ် ပြောင်းခဲ့ပြီး၊ ပေါင်းဟောင်းသင်းဟောင်းတွေ အကုန်လုံးကို အဆက်သွယ် ဖြတ်ခဲ့ပါတယ်။ Gym မှာ (၄)စတုံအထိ ဝိတ်ချနိုင်ခဲ့ပြီး၊ တကယ့်ကို လူသစ်စိတ်သစ်၊ နေရာသစ်နဲ့ ဘဝကို စခဲ့တာပါ။

Adam ဟာ အခုဆိုရင် ပေါင်သန်း(၅၀)အထိ တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်နေပါပြီ။ လုပ်ငန်းစလုပ်လို့ (၁၂)လအကြာမှာ အကြွေးအားလုံးကို ကျေအောင်ဆပ်နိုင်ခဲ့ပြီး၊ သူရဲ့အိမ်ထောင်ရေးနဲ့အချစ်ရေးကိုလည်း ပိုပြီးသာယာအောင် ထိန်းကြောင်းနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ပိုက်ဆံတွေ အများကြီးဝင်နေပေမယ့်၊ အရင်က လျှောက်ခဲ့တဲ့ လမ်းမှားကိုတော့ သူ ပြန်မလျှောက်တော့ဖို့ ထိန်းကျောင်းနိုင်သွားပါပြီ။

လင်းသုတ

SHARE