တရုတ်ပြည်က သက်ရှိထင်ရှားရှိနေတဲ့ အရုပ်မလေး Kina Shen

Instagram / @kinashen

အရုပ်မလေးတွေဆိုတာ ချစ်ဖို့ကောင်းတယ်၊ လှတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေ တော်တော်များများက ပြီးပြည့်စုံတဲ့အလှပိုင်ရှင် အရုပ်မလေးတွေလို ဖြစ်ချင်ကြတာလည်း မဆန်းပါဘူးနော်။ ရှေ့နှစ်တွေက ယူကရိန်းနိုင်ငံမှ ဘာဘီအရုပ်မလေးလိုအလှနဲ့တူအောင် အကြိမ်ကြိမ်ခွဲစိတ်ပြုပြင်ခဲ့တဲ့ Valeria Lukyanova ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခွဲစိတ်ပြုပြင်တာပဲ ဖြစ်ဖြစ်၊ နဂိုရုပ်ခံလေးကြောင့် မိတ်ကပ်ပြင်လိုက်လို့ တူသွားတာပဲဖြစ်ဖြစ် အခုခတ်မှာတော့ အရုပ်မလေးနဲ့တူလာတဲ့ မိန်းကလေးတွေ အများကြီးရှိလို့ နေပါပြီ။

သက်ရှိအရုပ်လေးတွေထဲကမှ မိတ်ကပ်ပညာနဲ့ နဂိုချစ်ဖို့ကောင်းပြီးသား ရုပ်လေးကို အရုပ်မလေးနဲ့ ပိုတူအောင် ပြင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ သူမကတော့ တရုတ်နိုင်ငံ၊ ရှန်ဇန်းပြည်နယ်မှ Kina Shen ပဲ ဖြစ်ပါတယ်။ သူမရဲ့ အရုပ်လေးနဲ့တူလွန်းလှတဲ့ အပြင်အဆင်တွေကြောင့် လူမှုကွန်ယက်တွေဖြစ်တဲ့ Instagram တို့လိုမှာ နာမည်ကြီးလူကြိုက်များနေကြတာပဲဖြစ်ပါတယ်။ (၂၀၁၃) ခုနှစ်မှာ Instagram ကို စတင်သုံးခဲ့တာဖြစ်ပြီး သုံးပြီး ခဏအတွင်းမှာပဲ follower ပေါင်း (၄၈၀,၀၀၀) တောင် ရရှိခဲ့ပါတယ်။ Kina Shen တင်ထားတဲ့တချို့ပုံတွေမှာဆိုရင် လူလားအရုပ်လားတောင် ခွဲခြားရခက်တဲ့ပုံလေးတွေ ရှိနေပါတယ်။

READ
အိမ်ရာမဲ့တစ်ဦးနဲ့ မေတ္တာနဲ့ဖေးမပေးသူ ရဲအရာရှိတို့ကြားက နွေးထွေးတဲ့ ဖြစ်ရပ်လေး
Instagram / @kinashen

သူမဟာ မော်ဒယ်လည်းလုပ်ပါသေးတယ်။

Instagram / @kinashen
Instagram / @kinashen

အခုဆိုရင်တော့ သူမ Instagram မှာ Follower ပေါင်း (၇) သိန်းကျော်လည်း ရှိလို့နေပါပြီ။

Instagram / @kinashen

ကမ္ဘာကျော်ဂိမ်းတစ်ခုဖြစ်တဲ့ SIM 4 မှာတောင် သူမရဲ့ပုံတူနဲ့အတူ character အသစ်တစ်ခုကို ထည့်သွင်းခဲ့ပါတယ်။

Instagram / @kinashen

Kina Shan ရဲ့ ပြင်ဆင်မှုတွေဟာ Gothic လိုင်းဘက်ကို သွားတာများပါတယ်။

Instagram / @kinashen

 

Instagram / @kinashen

မိတ်ကပ်ကြောင့် လှနေတာလို့ ပြောတဲ့လူတွေအတွက် မိတ်ကပ်မပါတဲ့ မျက်နှာပြောင်ရုပ်လေးပါ။

Instagram / @kinashen

Kina Shen ဟာ တရုတ်မလေးဆိုတာကို သူမရဲ့ရုပ်အသွင်အပြင်ကြောင့် ယုံနိုင်တဲ့လူတွေမရှိပါဘူးတဲ့။

Instagram / @kinashen
Instagram / @kinashen

Penny

SHARE