Insta-repeat အကောင့်ထဲလိုပဲ ကိုယ့်နိုင်ငံတွင်းက ဓာတ်ပုံတွေကို စုစည်းကြည့်မလား…..

တစ်ခါတစ်ရံ ဆိုရှယ်မီဒီယာတွေကို သုံးရင်း၊ နယူးဖိပွတ်ရင်းနဲ့ လူတွေ တိုက်ဆိုင်ပြီး တစ်နေရာတည်း၊ အနေအထားတစ်ခုတည်း ရိုက်တင်ထားကြတဲ့ ပိုစ့်တွေ မြင်ဖူးကြမှာပါ။ အဲ့ဒီလို နေရာတူ၊ လူမတူတဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်မှာဆို ပြန်ပြီး သီးသန့်စုပေးတဲ့ insta_repeat ဆိုတဲ့ အကောင့်လည်းရှိပါတယ်။

View this post on Instagram

Suspension Bridge 🌲 PT.I

A post shared by Insta Repeat (@insta_repeat) on

အဲ့ဒီ့အကောင့်ကို ကိုင်တဲ့သူက အသက် ၂၇ နှစ်အရွယ် Emma Agnes ဆိုတဲ့ ရုပ်ရှင်ဖန်တီးသူ၊ အနုပညာသမားတစ်ယောက်ဖြစ်တယ်လို့ သိရတယ်။ သူမရဲ့ အကောင့်ဟာ ပြီးခဲ့ ၂၀၁၈ ဇွန်လကမှ အသက်ဝင်လာခဲ့တာဖြစ်ပြီး အခုဆို ပရိသတ် ၃၀၇၀၀၀ ကျော်ရှိပါတယ်။

View this post on Instagram

#filmsnotdead

A post shared by Insta Repeat (@insta_repeat) on

View this post on Instagram

This place again

A post shared by Insta Repeat (@insta_repeat) on

အကောင့်မှာတော့ အလက်စကား နိုင်ငံထဲက လူသိများ ထင်ရှားတဲ့ နေရာတွေမှာ ရိုက်ထားကြတဲ့ ပိုစ့်တူ ဓာတ်ပုံတွေကို စုစည်းပေးထားတာ အများဆုံးတွေ့ရတယ်။

READ
လစာကို အဖတ်တင်အောင် ဘယ်လိုစုမလဲ..?
@reynchantress, @olongaroundtheworld, @qb.h156, @marine_ulrn, @alvinahnin, @oskafish

အဲ့ဒီ့အကောင့်ရဲ့ စုစည်း တင်ဆက်မှုအတိုင်းပဲ Asiaone သတင်းမီဒီယာကလည်း စင်ကာပူနိုင်ငံမှာ ခရီးသွား ဧည့်သည် အများသွားရောက်တဲ့ MacRitchie Reservoir TreeTop Walk က ဓာတ်ပုံတွေက စုစည်ဖော်ပြခဲ့ပါတယ်။ ၄င်းတို့က insta_repeat အကောင့်ရဲ့ ဖန်တီးပုံအတိုင်းကိုမှ အကြမ်းဖျင်း ပြန်လည် ဖန်တီးခဲ့တာပါ။ ကိုယ်လည်း ဒီစိတ်ကူးလေးကို အခြေခံပြီး ရန်ကုန်၊ မြန်မာနိုင်ငံအတွင်းက ပုံတွေကို စုစည်းကြည့်မယ်ဆို အဆင်ပြေတာပဲနော်…။

Matthew (ShweMOM)

SHARE