အသက်အန္တရာယ်ရှိတဲ့ စတန့်ကိုလုပ်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ဘလော့ဂါစုံတွဲ

အမေရိကန်နိုင်ငံက ခရီး ဘလော့ဂါ စုံတွဲတစ်တွဲဟာ အင်စတာဂရမ်တွေမှာ ကျော်မှုရဖို့အတွက် သူတို့ အသက်ကိုရင်းပြီး စွန့်စွန့်စားစားတွေလုပ်ခဲ့ကြပါတယ်။

Kelly Castille (၃၃ နှစ်) နဲ့ Kody Workman (၃၂) နှစ်တို့ဟာ ဘာလီကျွန်းမှာ အခြေစိုက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ Ubud မှာရှိတဲ့ Kayon Jungle Resort က ရေကူးကန်မှာ စိတ်လှုပ်ရှားစရာ ပိုစ့်အနေအထားနဲ့ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံကို ဖော်ပြခဲ့ကြပါတယ်။

instagram

ဓာတ်ပုံထဲမှာတော့ Kody က Kelly ကို  ပေ (၄၀) အမြင့်ရှိတဲ့ သုံးထပ်ရေကူးကန်ရဲ့ ကန်ဘောင်အစွန်း အပြင်ဘက်ကို ထုတ်ပြီ မချီထားခဲ့တာကို တွေ့မြင်ရမှာပါ။ ဒီ စတန့်နဲ့ပတ်သက်ပြီး စုံတွဲက သူတို့အနေနဲ့ ဖြည်းဖြည်းသာသာနဲ့ သတိကြီးကြီး လုပ်ခဲ့တာဖြစ်ကြောင်း ခုခံပြောဆိုထားတာကိုလည်းတွေ့ရတယ်။

READ
ဆိုင်ကလုန်းဂီတာအလွန် နယူးဇီလန်ရဲ့ ရာသီဥတုပြောင်းလဲမှု အခြေအနေ

သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုကြပါတယ်။ သူတို့ စီစဉ်ထားတဲ့အတိုင်း အတိအကျဖြစ်လာတဲ့အတွက်လည်း တအံတသြ ဖြစ်ရပါတယ်တဲ့…။ ဒီ ခရီးသွား ဘလော့ဂါစုံတွဲက အင်စတာဂရမ်မှာ ပရိတ်သတ် (၆) သောင်းကျော်ရှိပါတယ်။

instagram

ဆိုရှယ်မီဒီယာမှာတော့ သူတို့ရဲ့ စတန့်နဲ့ ပတ်သက်ပြီး မိုက်မဲတယ်၊ အသိမဲ့တယ် စတဲ့ မှတ်ချက်တွေနဲ့ ဝေဖန်ပြစ်တင်တဲ့ သူတွေရှိသလို၊ ဘာကြောင့် ပုံတိုင်းလိုလို အမျိုးသမီးကပဲ အစွန်တို့၊ အန္တရာယ်များတဲ့ အနေအထားမှာပဲ အမြဲ ရှိနေရတာလဲ.. စတဲ့ ဝေဖန်မှု အပြစ်တင်မှုတွေရှိခဲ့တယ်။

တချို့ကတော့ ဒီပုံဟာ ကြည်လိုက်တာနဲ့ အသည်းယားစရာကောင်းကြောင်း၊ ကြည့်ရမှာ လန့်ပေမယ့် တကယ် သဘောကျကြောင်း၊ စိတ်ကူးမိုက်ကြောင်း ထောက်ခံ အားပေးတဲ့ သူတွေကလည်း တစ်ဖက်ရှိပါတယ်။

READ
တံတားနဲ့မလွတ်တဲ့ နှစ်ထပ်ဘက်စ်ကား၊ အမိုးတစ်ခုလုံး ကွာကျပြီး လူ(၈)ဦး ဒဏ်ရာရခဲ့
instagram

ဒီလို ပြောစမှတ်တွင်ခဲ့တဲ့ ဓာတ်ပုံရဲ့ စာသားက “Our greatest strength in life, our most important principle, is discernment.” တဲ့…။

instagram

ကိုယ့်ရဲ့ ခန္ဓာကိုယ်အကြောင်း ကိုယ်ပဲ သိနားလည်တယ်၊ ကိုယ်ရဲ့ လုပ်နိုင်စွမ်းတွေကို သဘောပေါက်ပြီး ပတ်ဝန်းကျင်ကို ခံစားဖို့လိုတယ်လို့ သူတို့ စုံတွဲက ပြောပါတယ်။ နောက်ဆုံးမှာ သူတို့ ဆုံးဖြတ်ခဲ့တာတွေအတွက် သူတို့မှာပဲ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

Ref: The Sun

Matthew (ShweMOM)

 

SHARE