Couple Goal ဆိုပြီးရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် အပြင်းအထန်ရှုံ့ချခံနေရတဲ့စုံတွဲ

Instagram

Instagram မှ လူသိများ စုံတွဲတစ်တွဲဟာ ဓာတ်ပုံကောင်းတစ်ပုံရဖို့အတွက် သီရိလင်္ကာနိုင်ငံမှာအသက်အန္တရာယ်ကိုရင်းကာ ပိုစ့်ပေးခဲ့လို့ဆိုကာ Instagram မှာ လူအများရဲ့ဝိုင်းဝန်းရှုံချခြင်းကို ခံနေရပါတယ်။

ပေါ်တူဂီနိုင်ငံမှ Raquel နဲ့ Miguel တို့ဟာ Instagram မှာ follower ပေါင်း (၂) သိန်းကျော်ရှိနေတဲ့ influencer တွေပဲဖြစ်ပါတယ်။ Travel blogger ဆန်ဆန်နဲ့ explorerssaurus နာမည်ဖြင့် account ဖွင့်ကာ ချစ်သူနှစ်ဦးရဲ့ ခရီးသွားပုံရိပ်တွေကို ခပ်မိုက်မိုက်ရိုက်ကူးကာ တင်လေ့ရှိကြပါတယ်။

Instagram

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တုန်းကတော့ သူတို့နှစ်ယောက် သီရိလင်္ကာခရီးစဉ်ရဲ့ဓာတ်ပုံတွေကို တင်ခဲ့ပြီး အဲဒီဓာတ်ပုံတွေထဲကမှ သွားနေတဲ့ရထားပေါ်မှာ အပြင်ဘက်ကိုထွက်ပြီး တွဲလောင်းခိုကာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဟာ လူတွေရဲ့စိတ်ဝင်စားမှုကို အချိန်တိုတွင်းမှာ ဖမ်းစားသွားခဲ့ပါတယ်။

Instagram

လူတွေရဲ့ထင်မြင်ယူဆချက်အရတော့ ဒီဓာတ်ပုံဟာ ရွေ့နေတဲ့ရထားပေါ်မှာ အသက်အန္တရာယ်ရှိစေတာကို ဂရုမစိုက်ဘဲ အပြင်ကိုတွဲလဲခိုပြီး ရိုက်ထားတဲ့အတွက် မဖြစ်သင့်ဘူးလို့ ယူဆကာ ဝေဖန်နေခဲ့ကြတာပဲဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by RAQUEL & MIGUEL (@explorerssaurus_) on Feb 19, 2019 at 10:08am PST

Instagram

ဒီလိုဝေဖန်ခံနေရတဲ့အပေါ်မှာ သူတို့နှစ်ဦးကတော့ ရထားဟာ ဖြေးဖြေးချင်းသွားနေတာဖြစ်တဲ့အတွက် အန္တရာယ်မရှိကြောင်းနဲ့၊ ဝေဖန်သံတွေအတွက် ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။ Post ရဲ့ comment မှာတော့ သီရိလင်္ကာကအဲဒီရထားခရီးစဉ်ကိုလိုက်စီးဖူးပြီး စုံတွဲပြောသလို တကယ်ကြီး နှေးနှေးလေး ခုတ်မောင်းနေတာဖြစ်ကြောင်းနဲ့ သူတို့မှမဟုတ်ဘဲ အခြားကမ္ဘာလှည့်ခရီးသွားတွေလည်း ဒီလိုပဲ ရထားအပြင်ဘက်ကိုတွဲလောင်းခိုပြီး ဓာတ်ပုံတွေရိုက်လေ့ရှိကြောင့် comment ပေးထားခဲ့ပါတယ်။

READ
စတိတ်စင်ပေါ်က အမျိုးသားအဆိုတော်ကို ပြေးဖက်လို့ အဖမ်းခံလိုက်ရတဲ့ အမျိုးသမီး
Instagram
Instagram

Raquel နဲ့ Miguel တို့နှစ်ယောက် လူအမြင်မှာအန္တရာယ်များတယ်လို့ ထင်ရတဲ့ဓာတ်ပုံရိုက်ခဲ့တာ ဒါဟာပထမဆုံးမဟုတ်ပါဘူး။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တုန်းက Udawalawe အမျိုးသားဥယျဉ်မှာတုန်းကလည်း လှည့်လည်ရေးကားပေါ်မှာ ကိုယ်ကိုအပြင်ဖက်ကိုလွှဲကာ ရိုက်ထားတဲ့ ဓာတ်ပုံလည်းရှိပါသေးတယ်။ တကယ်တော့ ဒါဟာလည်း ကားရပ်ထားတုန်း ရိုက်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပေမယ့် သီရိလင်္ကာမီးရထားဓာတ်ပုံကို အပြင်းအထန်ဝေဖန်ပြီးနောက်ပိုင်း လူတွေထပ်သတိထားမိခဲ့တဲ့ပုံပါ။

Instagram

Travel blogger တွေဖြစ်တာကြောင့် သူတို့ရဲ့အလုပ်ကို လူသိအောင် လုပ်ဖို့အဆိုတာ ဓာတ်ပုံနဲ့ ဗီဒီယိုကနေပြီး ပထမဆုံးအမြင်အရ ဆွဲဆောင်ရတာပါ။

Instagram

 

View this post on Instagram

 

A post shared by RAQUEL & MIGUEL (@explorerssaurus_) on Jan 31, 2019 at 5:41am PST

Source: Daily Mail, News.AU

READ
မကွယ်လွန်ခင်မှာ အိမ်နီးချင်း ကလေးလေးအတွက် အံ့သြစရာတွေ ပေးခဲ့တဲ့ ဖိုးဖိုး

Penny

 

 

SHARE