ဝိတ်ချနေသူတွေဖို့ စိတ်ဓာတ်မြှင့်တင်ပေးနေတဲ့ Instagram Diet ဆိုတဲ့ နည်းလမ်း

@paleoworkingmama/Instagram

ဝိတ်ချတယ်ဆိုတာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကြည့်ကောင်းစေချင်လို့ လှချင်ပချင်စိတ်ဓာတ်ကြောင့် ချတာလည်းဖြစ်နိုင်သလို ကိုယ်အလေးချိန်များလာလေ လှုပ်ရရှားရတာပိုလေးလံလာလေပဲဆိုတာ ကိုယ်တိုင်ခံစားနေရလို့ ကိုယ်ချင်းစာပါတယ်။ အလေးချိန်လျှော့ချဖို့အတွက် နည်းလမ်းအများကြီးတွေရှိနေပြီး အဲဒီအထဲကမှ အဓိနှစ်ခုဟာဆိုရင်တော့ အစားအစာလျှော့ချခြင်းနဲ့ ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာပါ။ အခုမိတ်ဆက်ပေးမယ့် Instagram Diet ဆိုတာလေးကတော့ ဝိတ်ချတာရော၊ ကိုယ်လက်အားကစားလုပ်တာရော ဘာဆိုဘာမှမဟုတ်ဘဲနဲ့ အလေချိန်လျှော့ချနေစဉ်မှာ စိတ်ဓာတ်မြှင့်တင်ပေးမယ့် နည်းလမ်းလေးဖြစ်ပါတယ်။

Instagram Diet ဆိုမှတော့ Instagram က အဓိကနေရာမှာ ပါဝင်နေတယ်ပေါ့နော်။ အစားလျှော့တာနဲ့ အားကစားလုပ်တာကတော့ အဓိကနေရာမှာ ပါဝင်နေတာဖြစ်ပေမယ့် ဒီအလုပ်တွေဟာ တစ်လနှစ်လနဲ့ ပြီးသွားမယ့်အရာတွေမဟုတ်ပါဘူး။ အဓိကက ဇွဲရှိဖို့ သိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်လက်ရှိခန္ဓာကိုယ်အချိုးအစားအလိုက် တစ်နှစ်ကနေ နှစ်နှစ်၊ သုံးနှစ် စသည်ဖြင့် ကြာနိုင်တဲ့အတွက်ကြောင့် စိတ်ဓာတ်ခွန်အားတွေပြည့်နေဖို့ သိပ်ကိုလိုအပ်ပါတယ်။ ဒီအတွက် Instagram ကို အသုံးပြုကြည့်ပါ။

 

 

View this post on Instagram

 

Overdue #flashbackfriday 😳 nothing gets me thinking as much as when I think about what my life could have ended up like had I not changed my way of living. If you’re trying to reach a goal or work for something, take time to look back on where you started from time to time. It is so amazing what we are capable of if we maximize the resources we are given. It is NEVER too late to make a change ❤💪🏼 #healthyliving #weightlossmotivation #weightlossjourney #fattofit #dontstop #fitspiration #fitstagram #fitspo #weightlossstory #weightlosstransformation #healthybody #healthymind #youcandoitputyourbackintoit #lifestylechange #getitright #fromfattofit #buildahbeaststory #transformfitspocommunity #traintotransform #train2transform #howtotransform

A post shared by Emma (@popemma) on

Instagram မှာ ဝိတ်မချခင်နဲ့ ဝိတ်ချပြီးပုံတင်နိုင်ရမယ်ဆိုပြီး ပန်းတိုင်တစ်ခုကို အရင်ထားပါ။ ပြီးရင်တော့ စိတ်ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ဒီနေ့ဘာစားတယ်၊ ဘယ်လိုလေ့ကျင့်ခန်းလုပ်တယ်ဆိုတာကို report ပုံစံမျိုးနဲ့ Instagram follower တွေမြင်အောင်တင်ပေးပါ။ လူတိုင်းက ဝိတ်ချိတာကို စိတ်ဝင်စားကြတဲ့အတွက် သင့် post ကို like လုပ်တာ၊ ရင်းနှီးတဲ့လူတွေဆိုရင် အားပေးစကားပြောတာ၊ နည်းလမ်းတွေလာမေးတာနဲ့တင် မသိစိတ်အတွက် စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်နေပါပြီ။ နောက်ပြီး လူသိရှင်ကြား ဝိတ်လျှော့နေတာကို တင်လိုက်တဲ့အတွက် သိသာတဲ့ ရလဒ်ကိုမှမပြနိုင်ရင် အထင်သေးခံရမှာစိုးရိမ်တဲ့စိတ်တစ်ခုလည်း မွေးဖွားပြီးသားဖြစ်တာကြောင့် အားသွန်ခွန်စိုက် လုပ်လာပါလိမ့်မယ်။

READ
ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အာင် ဖြစ်နေပြီဆိုရင် ဒါလေးတွအရင်လုပ်ကြည့်လိုက်ပါ

 

 

View this post on Instagram

 

#sundayselfie 👸🏼💪🏻 so I try to not pay too much attention to the scale, and just go off how I feel and how my clothes fit…. buttttt you guys!! I officially am in the 160’s 😱 I started this crazy crazy journey at over 300 pounds, and dreamt of the day that I’d be able to fit into a size 18 pants. 140+ pounds gone FOREVER, and 55 in the last year and a half gone. Don’t ever stop. This process is challenging, long, and exhausting… but there are no words to describe how worth it this journey has been. If I can do this, YOU can… find your “why” and start today! 💕💪🏻👸🏼 #positivity #healthybodyhealthymind #bodypositive #loveyourself #fitspo #fitnessmotivation #fitspiration #Maxwel1maTT #weightlossmotivation #weightlosstransformation #wlstories #buildahbeast #transformfitspocommunity #traintotransform #train2transform #howtotransform

A post shared by Emma (@popemma) on

နောက်တစ်ခုကအစားပါ။ နေ့တိုင်း ကြက်ဥပြုတ်နဲ့ အရွက်ကြော်ချည်း စားနေတာဟာ စိတ်ကိုပျင်းရိငြီးငွေ့စေပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာပုံတွေတင်ဖို့အတွက် ဓာတ်ပုံမှာကြည့်ကောင်းအောင်ဆိုပြီး လှလှပပလေးပြင်ဆင်ဖြစ်မယ်၊ တစ်နေ့နဲ့တစ်နေ့ အမယ်မတူအောင် ချက်ပြုတ်ဖြစ်မယ်ဆိုတဲ့ တွန်းအားတစ်ခုကိုလည်း ရသွားမှာဖြစ်ပါတယ်။

READ
တစ်ခုခုဆို စိတ်ထိခိုက်လွယ်တတ်တဲ့ မိန်းကလေးတွေရဲ့ပုံစံ (၅) မျိုး

 

နမူနာအနေနဲ့ကတော့ paleoworkingmama ဆိုတဲ့ Instagram account ကို ရှာပြီး ဝင်ကြည့်ကြည့်နိုင်ပါတယ်။

@paleoworkingmama/Instagram

အပေါ်မှာ Instagram လို့ ပြောထားပေမယ့်လည်း Facebook, Twitter အစရှိတဲ့ စိတ်ကြိုက်လူမှုကွန်ယက်တွေကိုလည်း အသုံးချနိုင်ပါတယ်။ အသုံးဝင်နိုင်တဲ့နည်းလမ်းလေးဖြစ်တာကြောင့် News Corp Australia မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။ သိသာခန္ဓာကိုယ်အချိုးအစားပြောင်းလဲမှုကြီးနဲ့ မျှော်မှန်းထားတဲ့ ဘော်ဒီရှိတ်လေးကို အမြန်ဆုံးပိုင်ဆို်င်ပါစေတလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Penny

 

SHARE