ဝက်ဘ်ဆိုဒ်ဗားရှင်းကနေပါ မက်ဆေ့ခ်ျပို့လို့ရတော့မယ့် Instagram Direct feature

Instagram ပေါ်ကနေ မက်ဆေ့ခ်ျပို့ရတာ ကြိုက်သူတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ မကြာခင်အချိန်တောတွင်းမှာ သင့်ရဲ့ ကွန်ပြူတာကနေပါ Instagram Direct ကို အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။ ဒီ feature သာ တရားဝင်ထွက်ရှိလာတော့မယ်ဆိုရင် desktop ကနေ ဖြစ်ဖြစ်၊ laptop ကနေ ဖြစ်ဖြစ်၊ MacBook ကနေ ဖြစ်ဖြစ် Instagram အကောင့်ရှိသူတိုင်း Direct ဝက်ဘ်ဗားရှင်းကနေ စာပို့နိုင်တော့မှာပါ။

Pixabay

Instagram ရဲ့ ဝက်ဘ်ဆိုဒ်ဗားရှင်း မက်ဆေ့ခ်ျ feature ဟာဆိုရင် ဗီဒီယိုတွေ ဓာတ်ပုံတွေအောက်နေသာ မက်ဆေ့ခ်ျ ပို့နိုင်တဲ့ feature မျိုးမဟုတ်ဘဲ မက်ဆေ့ခ်ျသီးသန့် ပို့နိုင်မှာလည်း ဖြစ်ပါတယ်။ Facebook ကုမ္ပဏီက ယခု Instagram Direct ဝက်ဘက်ဆိုဒ်ဗားရှင်းကို ငွေကြေးရှာဖို့အတွက် ဖန်တီးလိုက်တာတော့ မဟုတ်ပေမယ့် အသုံးပြုသူတွေအနေနဲ့ Direct ထဲမှာ မက်ဆေ့ခ်ျပို့ရင်း ကြော်ငြာအနည်းငယ်တော့ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

READ
ပြန်လည်အသက်ဝင်လာတော့မယ့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ Razr ခေါက်ဖုန်း 
Pixabay

Facebook ကလည်း မက်ဆေ့ခ်ျပို့တဲ့ feature ကို Messenger app မထွက်ခင်ကတည်းက ဝက်ဘ်ဆိုဒ်တွေမှာ အသုံးပြုနိုင်အောင် လုပ်ခဲ့တယ်။ WhatsApp messaging app ဆိုရင်လည်း ၂၀၁၅ ခုနှစ်ကစပြီး ဝက်ဘ်ဆိုဒ်ဗားရှင်း ရှိလာခဲ့တယ်။ ဒါကြောင့် Instagram လည်း ဝက်ဘ်ဆိုဒ်မှာပါ မက်ဆေ့ခ်ျပို့နိုင်ဖို့အတွက် စီစဉ်သင့်နေပြီလည်း ဖြစ်ပါတယ်။

လက်ရှိစမ်းသပ်နေတဲ့ Instagram Direct ကတော့ Instagram.com/direct/…. လိုမျိုး URL ဒီဇိုင်းနဲ့ Instagram ကနေသာ တစ်ဆင့်ဝင်ရဦးမယ့် ဝက်ဘ်ဆိုဒ်ဗားရှင်းဖြစ်ပြီး Facebook Messenger ရဲ့ ဝက်ဘ်ဗားရှင်း www.messenger.com လိုမျိုးတော့ standalone ဒီဇိုင်းဖြစ်ဦးမှာ မဟုတ်ပါဘူး။

Ref: Tech Crunch

SHARE