Instagram မှာပုံတင်ရုံနဲ့ရတဲ့ ၀င်ငေတွေနဲ့ ဘာလီမှာ အိမ်ကြီးတစ်လုံးဆောက်ခဲ့တဲ့စုံတွဲ

[email protected]_lust

ကျွန်တော်တို့ကိုယ်စီကိုယ်စီရဲ့ စိတ်ကူးထဲမှာ အိပ်မက်ထဲက အိမ်လေးတစ်လုံးတော့ရှိကြမှာပါပဲ။ ကျွန်တော့်စိတ်ကူးထဲက အိမ်လေးကတော့ လသာဆောင်လေးသပ်သပ်ပါတဲ့ ၂ ထပ်အိမ်လေးရယ်၊ သစ်ပင်တွေနဲ့စိမ်းစိုအုံ့စိုင်းနေတဲ့ တစ်နိုင်တစ်ပိုင်ခြံလေးနဲ့ပါပဲ။ ဒါပေမဲ့ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ နေရာမျိုးမှာ ဒီလိုခြံနဲ့လုံးချင်းတိုက်ဆိုရင် အနည်းဆုံး သိန်းကို သောင်းနဲ့ချီပေးရလောက်တယ်ဗျ။ ဒီတော့ အိပ်မက်နဲ့အလှမ်းဝေးနေပါသေးတယ်လေ။

[email protected]_lust

ဒါပေမဲ့ ကျွန်တော်အခုပြောပြမယ့် စုံတွဲတစ်တွဲကတော့ Instagram မှာ ဓာတ်ပုံလှလှလေးတွေတင်ပြီး အဲဒီကရလာတဲ့ပိုက်ဆံတွေနဲ့ အိမ်ကြီးတစ်လုံးကို ဘာလီမှာဆောက်ပြီးသွားခဲ့ပါပြီတဲ့လေ။ ဘယ်လောက်တောင် အားကျဖို့ကောင်းလဲနော်။ သူတို့နှစ်ယောက်စလုံးဟာ Instagram influencer တွေဖြစ်ပြီး travel blogger တွေဆိုလည်းမမှားပါဘူး။ အိမ်လေးကိုတော့ ဘာလီမှာ အခမ်းနားဆုံးဖြစ်အောင် တည်ဆောက်ခဲ့ကြပါတယ်။ Blogger တွေလည်းဖြစ်ကြတော့ အိမ်ကိုလည်း ဘယ်နေရာမှာပဲ ဓာတ်ပုံရိုက်ရိုက် ဓာတ်ပုံထဲမိုက်နေအောင် အသေးစိတ် ပြင်ဆင်ထားခဲ့ကြတာပါ။

[email protected]_lust

အသက် ၂၆ နှစ်အရွယ် မန်ချက်စတာသား Jack Morris နဲ့ သြဇီက Lauren Bullen တို့ဟာ ချစ်သူဖြစ်နေတာ ၃ နှစ်ကျော်ခဲ့ပါပြီ။ Blogger အဖြစ်ကလည်း နှစ်ယောက်သား တွဲတဲ့အချိန်မှာ တဟုန်တိုးအောင်မြင်လာခဲ့တာပါ။ အခုဆိုရင် နှစ်ယောက်တွဲပြီး Instagram မှာ ဓာတ်ပုံလေးတစ်ပုံ တင်လိုက်ရုံနဲ့တင်ကို ဒေါ်လာ သိန်းကဏန်းလောက်ရတဲ့အထိကို အောင်မြင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Daily Mail မှ ဖော်ပြချက်အရ Jack ရဲ့ ဓာတ်ပုံတစ်ပုံဟာဆိုရင် ဒေါ်လာ ၉၀၀၀ လောက်ရှိနေပြီး ချစ်သူ Lauren ရဲ့ သေသေချာချာမရိုက်ထား၊ ပုံလည်းမပြင်ထားတဲ့ ဓာတ်ပုံတောင်မှ ဒေါ်လာ ၇၅၀၀ လောက်ရှိနေပါတယ်တဲ့လေ။ ဒါကြောင့်လည်း ဘာလီမှာ တော်တော်လေးမျက်စိကျစရာကောင်းတဲ့ အိမ်ကောင်းအိမ်ကြီးကို တည်ဆောက်နိုင်ခဲ့တာပေါ့။

READ
Instagram မှာ မိန်းကလေးတင်ပုံတွေ ကြည့်နေတာကို ချစ်သူကမိသွားတဲ့အမျိုးသား
[email protected]_lust
[email protected]_lust

ဒါပေမဲ့ Jack နဲ့ Lauren တို့ အခုလိုအောင်မြင်လာကြဖို့ဆိုတာ လျှောက်လှမ်းလာတဲ့ ခရီးက တော်ရုံမဟုတ်ပါဘူး။ Jack ဟာ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ကော်ဇောတွေကိုသန့်ရှင်းရေးလုပ်ရတဲ့ တာဝန်ခံအဖြစ် စက်ရုံမှာ အလုပ်လုပ်ရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့သူပါ။ ဒါပေမဲ့ တစ်မနက်၊ မနက်မိုးလင်းလာတဲ့အချိန် ရုတ်တရက် သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့ပါတယ်တဲ့။ အဲဒါကတော့ သူ့ဘဝကြီးကို သမန်ရိုးကျကြီး မဖြတ်သန်းချင်တော့ဘူးဆိုတဲ့အတွေးပါ။ အဲဒီအလုပ်မှာပဲ ဆက်လုပ်နေမယ်ဆိုရင် Jack အနေနဲ့ တိုးတက်မှုမရှိနိုင်ဘူးဆိုတာပါ သဘောပေါက်သွားတဲ့ပုံပါပဲ။ ဒါကြောင့် အဲဒီနေ့မှာပဲ အလုပ်ကိုသွား၊ ထွက်စာတင်ကာ အလုပ်ထွက်ခဲ့လိုက်ပါတယ်။

[email protected]_lust

ဘာအစီအစဉ်မှမရှိဘဲ အလုပ်ထွက်လိုက်တာဖြစ်တဲ့အတွက် စိတ်ပြေလက်ပျောက်ဆိုပြီး Jack ဟာ ခရီးတွေ စသွားခဲ့ပါတယ်။ ရောက်တဲ့နေရာမှာ စားဝတ်နေရေး၊ ခရီးစရိတ်အတွက် အလုပ်လုပ်ရင်း ၂ နှစ်အတွင်းမှာတင် ဒီလို ခရီးသွားရင်းအလုပ်လုပ်တာဟာ Jack နဲ့ ရင်းနှီးသွားခဲ့ပါပြီ။ ဒါကြောင့် ငွေပိုငွေလျှံလေးတွေနဲ့ ကင်မရာတစ်လုံးဝယ်ကာ သူခရီးထွက်သမျှနေရာတိုင်းကို မှတ်တမ်းတင်ကာ Do You Travel  ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ရင်း travel blogger ပေါက်စတစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်းပြုလာပါပြီ။ နောက်ပိုင်း နာမည်လည်းကြီးလာရော ကုမ္ပဏီကြီးတွေဖြစ်တဲ့ Royal Caribbean Cruises, Disney, Air NZ, AirBnB, Tiffany & Co စတာတွေနဲ့ပါ တွဲပြီး အလုပ်လုပ်လာနိုင်ခဲ့ကြပါတယ်။

READ
ခင်ပွန်းသေပြီး သုံးနှစ်အကြာမှာ ခင်ပွန်းရဲ့ရင်သွေး သမီးလေးကို မွေးဖွားနိုင်ခဲ့သူ

လက်ရှိ Jack နဲ့ Lauren တို့ရဲ့ ဘာလီကအိမ်လေးကတော့ မြေကွက်နဲ့တင် ဒေါ်လာ ၁ သန်းလောက်တန်နေပါတယ်တဲ့။

Penny

 

SHARE