ပို့စ်ရဲ့ Like အရေအတွက်ကို မမြင်အာင် စမ်းသပ်နေပြီဖြစ်တဲ့ Instagram

ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Instagram ကတော့ ဓာတ်ပုံအသားပေး တင်လိုသူတွေ အဓိက အသုံးပြုကြတဲ့ ဆိုရှယ်မီဒီယာတစ်မျိုးဖြစ်ပါတယ်။ နိုင်ငံခြားဆယ်လီတွေ တော်တော်များများကလည်း သူတို့ရဲ့ နေ့စဉ်ဘဝအခိုက်အတန့်တွေကို ပရိသတ်တွေဆီ ဝေမျှဖို့ Instagram ကို အဓိက အသုံးပြုကြတာပါ။

အခုဆိုရင်တော့ လူသုံးများလှတဲ့ ဒီ Instagram ဟာ feature အသစ်တစ်မျိုးကို ထည့်သွင်းဖို့ စဉ်းစားနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို feature မျိုးလည်းဆိုရင်တော့ ပုံတွေ၊ ပို့စ်တွေမှာ Like အရေအတွက်ကို follower တွေ တခြား user တွေ မြင်ရတော့မှာ မဟုတ်တဲ့ feature ပဲဖြစ်ပါတယ်။

Pixabay

ပို့စ်တွေ ဓာတ်ပုံတွေရဲ့ Like အရေအတွက်ကို ပို့စ်ပိုင်ရှင်ကလွဲလို့ တခြားသူတွေ မမြင်ရတော့အောင် လုပ်နိုင်မယ့် ဒီ feature ကို Instagram က စမ်းသပ်နေကြောင်းကိုတော့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး Jane Wong က ရှာဖွေသိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ Facebook နဲ့ Instagram တို့က feature အသစ်တွေ စမ်းသပ်တိုင်း အရင်ဆုံးဖော်ထုတ်ပြီး သတင်းလွှင့်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။

READ
iPhone 7 ကို တူဖြင့်ထုပြီး အကြမ်းခံနိုင်ရည်ကို စမ်းသပ်ခြင်း
Twitter

ဒီသတင်းနဲ့ ပတ်သက်လို့တော့ Instagram က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Verge အိုင်တီသတင်းမီဒီယာကို အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်။ “ကျွန်တော်တို့ ဒီ feature ကို လက်ရှိမှာ သေချာမစမ်းသပ်ရသေးပါဘူး။ ဒါပေမယ့် ဆိုရှယ်မီဒီယာအသုံးပြုသူတွေရဲ့ Like အရေအတွက်ကြောင့် ရှိလာတဲ့ ဖိစီးမှုကို လျှော့ချပေးဖို့တော့ ကျွန်တော်တို့ စဉ်းစားနေကြပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ဒါဟာ ယူကေရဲ့ Information Commissioner ရုံးကနေ အသုံးပြုသူတွေကို ဖိအားမဖြစ်စေမယ့် Like အရေအတွက် ဖုံးထားလို့ရမယ့် ဆိုရှယ်မီဒီယာမျိုးတွေကို ပိုအားပေးပါတယ်ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာပြီးနောက် Instagram ကနေ ထိုအချက်ကို လက်တွေ့ဖော်ဆောင်ဖို့ စဉ်းစားနေပုံပေါ်တာလည်း ဖြစ်ပါတယ်။

Pixabay

ဒီ feature ရဲ့ ရည်ရွယ်ချက်ကတော့ ဆိုရှယ်မီဒီယာရဲ့ ဖိအားဒဏ်ကို သိပ်မခံနိုင်သေးမယ့် အသက်ငယ်ရွယ်တဲ့ အသုံးပြုသူတွေအတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

READ
Window 10 အတွက်Facebook နှင့် Messenger Application

Ref: The Verge, The Sun

SHARE