လက်တွေ့မှာအလစ်သုတ်သမားဖြစ်နေရှာတဲ့ Instagram မှ မော်ဒယ်ဆယ်လီမမ

အသက် (၂၃) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Monique Marina Agostino ဟာ Instagram မှာ model တစ်ဦးအဖြစ် လူသိများတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

Instagram

Monique Marina Agostino ဟာ သြစတေးလျ၊ New South Wales က Berlose မှာ မိဘများနဲ့ အတူ နေထိုင်နေတာပါ။ သူမဟာ Sydney မြောက်ပိုင်းကမ်းခြေတစ်လျှောက် ခိုးမှု၊ ဖောက်ထွင်းမှုနဲ့ အလစ်သုတ်မှုတွေကို ၂၀၁၈ နိုဝင်ဘာလက အကြိမ်ကြိမ်ကျူးလွန်ခဲ့လို့ တရားရေးရင်ဆိုင်နေခဲ့ရပါတယ်။

ပြစ်မှုတွေရဲ့ အစကတော့ Tramore Pl Killarney Heights ရှိ ရှေ့ပင်စင်တာတစ်ခုမှာဖွင့်ထားတဲ့ Pounds of Pizza ဆိုတဲ့ စားသောက်ဆိုင်လေးမှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ (၆) ရက်နေ့ မနက် (၁) နာရီ (၅၂) မိနစ်မှာပဲ အဲဒီစားသောက်ဆိုင်ထဲကနေ Samsung Galaxy ဖုန်းတစ်လုံးကို ခိုးလာခဲ့ပါတယ်။

READ
ဘုရားကျောင်းမှာရှိတဲ့ယေရှုရုပ်ထုမှ မျက်လုံးပွင့်တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့
Instagram

မိနစ်ပိုင်းပဲခြားပြီး အနီးအနားရှိ စတိုးဆိုင်တစ်ခုထဲကို ဖောက်ဝင်ကာ ပစ္စည်းတွေခိုးခဲ့ပါသေးတယ်။ နောက်မှာတော့ Stanley St Café ကော်ဖီဆိုင်အတွင်းသို့လည်း ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ Stanley St Café မှ ဒေါ်လာ ၃၀၀ နဲ့ credit card တစ်ခုကို ခိုးခဲ့ပါသေးတယ်။

Instagram

နောက်ဆုံးမှာတော့ McDonald’s မှာ ခိုးခဲ့တဲ့ credit card ကို သုံးကာ ဒေါ်လာ (၁၁.၅၅) ဖိုး မုန့်ဝယ်စားကာ အိမ်ပြန်ခဲ့ပါတယ်။

ထပ်ပြီး ၂၀၁၈ နိုဝင်ဘာလ (၂၄) ရက်နေ့မှာလည်း ပြစ်မှုတွေကို ဆက်ကျူးလွန်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ပေါင်မုန့်ဆိုင်တစ်ဆိုင်အတွင်းသို့ ဖောက်ထွင်းကာ ငွေသားချည်းပဲ ဒေါ်လာ (၁,၀၀၀) တောင် ခိုးသွားခဲ့တာပါ။

CCTV တွေရှိနေပြီး Instagram မှာလည်း လူသိများသူဖြစ်တာကြောင့် Monique Marina Agostino ကို အလွယ်တကူ ဖမ်းမိခဲ့ပေမယ့် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ကာယကံရှင်ကတော့ အသနားခံစာတောင် မတင်ခဲ့ပါဘူး။ တရားရေးကြားနာမှုကိုတော့ ၂၀၁၉ ဖေဖော်ဝါရီလအထိ ရွှေ့ဆိုင်းခဲ့ပါတယ်။

READ
နန်းတော်ထဲကပစ္စည်းခိုးခဲ့တဲ့ Camila Cabello ကို တုန့်ပြန်လိုက်တဲ့ William တို့စုံတွဲ
Instagram

Source: Daily Mail

Penny

 

SHARE