Lamborghini ကားကို တန်ဖိုးကြီကျောက်တွေစီခြယ်ပြီး ဂိုက်ပေးကြမ်းခဲ့တဲ့ မော်ဒယ်

လက်ဆောင်အပေးခံရတဲ့အခါတိုင်း တန်ဖိုးနည်းနည်း၊ များများ လူတိုင်းကတော့ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးရစမြဲပါပဲ။ တန်ဖိုးကြီးလေ ပိုပျော်ရလေပေါ့။ အကယ်၍ သင့်ဘဝမှာ တန်ဖိုးကြီးကားတစ်စီးဖြစ်တဲ့ Lamborghini လိုမျိုး ပြိုင်ကားကြီးတစ်စီး ရုတ်တရက်လက်ဆောင်အဖြစ် ရခဲ့တယ်ဆိုရင် ဘယ်လိုခံစားသွားရမလဲ။

Instagram model တစ်ယောက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခရစ်စမတ်နေ့တုန်းက အမည်မဖော်ပြထားသူတစ်ဦးမှ ကားတစ်စီးလက်ဆောင်ပေးခဲ့ပြီး ကားအမျိုးအစားကတော့ Lamborghini ပါ။ နီနီရဲရဲအရောင်လေးနဲ့ နောက်ဆုံးပေါ်မော်ဒယ် Lamborghini ကားသစ်ကြီးကို လက်ဆောင်ရခဲ့တဲ့အတွက် သူမတော့ဘယ်လိုနေမယ်မသိဘူး၊ သူမရဲ့ပရိတ်သတ်တွေကတော့ သိပ်ကိုရင်ခုန်အားကျကာ ထပ်တူထပ်မျှပျော်ရွှင်ခဲ့ကြပါတယ်။

Instagram

Daria Radionova ဟာ လူမှုကွန်ယက်ခေတ်စားလာပြီးတဲ့နောက်ပိုင်း ခပ်ချောချောကောင်မလေးတွေ အများစုလုပ်လေ့ရှိတဲ့ Instagram model အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ပါတယ်။

Instagram

သူမလက်ဆောင်ရခဲ့တဲ့ Lamborghini အမျိုးအစားဟာ Huracan အမျိုးအစားဖြစ်ပြီး တစ်နာရီကို မိုင် ၂၀၀ နှုန်းပြေးနိုင်ပါတယ်။

READ
ခြေထောက်ဒဏ်ရာကုသဖို့ တပတ်မှာ(၂)ကြိမ်ရေကူးတဲ့ ကြောင်ကလေး
Instagram

ကားလေးဟာ နဂိုကတည်းကိုက အရမ်းမိုက်လွန်းတဲ့ ရုပ်ထွက်ရှိနေပေမယ့် Daria Radionova အတွက်တော့ လုံလောက်ပုံမပေါ်ပါဘူး။ ဒါကြောင့်ပဲ ကားကို နဂိုရုပ်လည်းမပျောက်၊ ကြည့်လိုက်ရင်လည်း ထင်းနေစေကာတစ်ကမ္ဘာလုံးမှာ တစ်စီးတည်းဖြစ်စေဖို့အတွက် ကြံစည်ကာအလှဆင်ခဲ့ပါတယ်။ အဲဒါကတော့ ကားတစ်စီးလုံးကို တန်ဖိုးကြီးတဲ့ ကျောက်တွေ လိုက်ကပ်ဖို့ပါပဲ။

Swarovski ကျောက်တွေဟာ ကမ္ဘာ့ရတနာဆိုင်တော်တော်များများမှာ တော်တော်လေးအသုံးပြုလာကြပြီဖြစ်ပြီး တန်ကြေးလည်းကြီးတဲ့ ကျောက်အမျိုးအစားတွေပါ။ ဒီလိုကျောက်ကိုမှအသုံးပြုကာ Daria Radionova ဟာ သူမရဲ့ကားဘော်ဒီတစ်ခုလုံး တစ်လက်မအကွက်တောင်မကျန်စေဘဲ လက်နဲ့အသေးစိတ်ကျောက်တစ်ပွင့်ချင်းဆီကို လိုက်ကပ်ခဲ့ပါတယ်။ ဒီအတွက်ကိုတော့ ရတနာဆိုင်တစ်ဆိုင်ဖြစ်တဲ့ Vinceri ဆိုတဲ့ ဆိုင်ကို အလုပ်အပ်ခဲ့ပါတယ်။ ဘော်ဒီတစ်ခုလုံးကို လက်နဲ့လိုက်ပြီး ကျောက်တွေကပ်ရမှာမို့ အချိန်တစ်လကြာအပြီးမှာတော့ သိပ်ကိုအံ့သြဖို့ကောင်းပြီး လှပလွန်းတဲ့ပုံစံမျိုးထွက်ခဲ့ပါတယ်။

Instagram

 

View this post on Instagram

 

A post shared by Daria Radionova (@dradionova) on Dec 22, 2017 at 6:24am PST

Swarovski ကျောက်ပေါင်းမြောက်များစွာ သုံးခဲ့ရတဲ့အတွက် တစ်စီးလုံးစာဆိုရင်တော့ ဒေါ်လာ ၁.၃ မီလီယံကျသင့်ခဲ့ပါတယ်။ ကားတန်ဖိုးမပါသေးဘဲ ကျောက်ချည်း ဒေါ်လာ သိန်းဆယ်နဲ့ချီကျသင့်ခဲ့ပေမယ့်လည်း အသက် ၂၃ နှစ်အရွယ် Daria Radionova ဟာ သူမရဲ့ကားကို ဥစ္စာခြောက်ကာ ကားဂိုထောင်ထဲ သော့်ခတ်သိမ်းထားတာတို့ဘာတို့ လုံးဝမလုပ်ခဲ့ပါဘူး။

READ
လေယာဉ်နဲ့ ရဟတ်ယာဉ်တိုက်မှု စပိန်မှာဖြစ်ပွား
Instagram

အပြင်သွားတိုင်းလည်း သူမရဲ့ကားနားမှာ လူတွေအုံနေခဲ့ရင် မောင်းထုတ်တာတို့၊ မချေမငံပြောတာတို့လည်း မပြုလုပ်ဘဲ ဓာတ်ပုံရိုက်ချင်ရင်တောင် ကိုယ်တိုင်ကူရိုက်ပေးပြီး သူမကို tag လုပ်ဖို့သာ အမြဲပြောတတ်ပါတယ်။

Instagram

ဒီလိုကျောက်စီတဲ့ကားတွေကို သဘောကျပြီးစီးခဲ့တာ Daria Radionova အတွက်တော့ ဒါဟာပထမဦးဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းကလည်း Mercedes CLS ကားအမျိုးအစားကို ကျောက်စီကာစီးခဲ့တုန်းကလည်း UK မှာတော်တော်လေးကို အုတ်အောသောင်းနင်းဖြစ်ခဲ့ရပါသေးတယ်။

Instagram

Source: The Sun

Penny

 

SHARE