သြဇီတောမီးအတွက် ဝစ်လစ်စလစ်ပုံတွေရောင်းရင်းအလှူငွေရှာပေးနေတဲ့ မော်ဒယ်မလေး

Twitter/littlearthanglelk

လက်ရှိ သြစတေးလျရဲ့တောမီးလောင်ကျွမ်းမှုကြီးဟာ တကမ္ဘာလုံးရဲ့အရေးစိုက်ခြင်းကို ခံနေရပါတယ်။ ခံရဆို မနေ့ကအထိ တောမီးကြောင့် လူ (၂၄) ယောက်၊ တိရိစ္ဆာန်ပေါင်း (၅၀၀) မီလီယံလောက် သေဆုံးခဲ့ပြီး လူနေအိမ်တွေလည်း ထောင်နဲ့ချီကာ တောမီးရဲ့ဝါးမြိုမှုကို ခံနေခဲ့ရပါတယ်။ မီးမလောင်တဲ့ဒေသတွေဆိုရင်တောင်မှပဲ အပူရှိန်တွေ၊ လေထုညစ်ညမ်းမှုတွေကို ပြင်းထန်စွာ ခံစားနေရပါတယ်။

ဒီတောမီးကြောင့် အဖိုးမဖြတ်နိုင်တဲ့ သစ်တောတွေ၊ တိရိစ္ဆာန်တွေ အများကြီး ဆုံးရှုံးနေရပါတယ်။ ဘယ်လိုဘေးအန္တရာယ်မျိုးမဆို ပြန်လည်ထူထောင်ဖို့အတွက် ငွေတော့ လိုကြမှာပါပဲ။ အခုဆိုရင် အစိုးရအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရဟိတအဖွဲ့အစည်းတွေဆီက ထောက်ပံ့မှုတွေကို သြစတေးလျအနေနဲ့ လိုအပ်နေမှာပါ။ ဒီအတွက် မော်ဒယ်မလေးတစ်ယောက်ကတော့ သူမတတ်နိုင်တဲ့ဖက်ကနေပြီး ကူညီမှုကို စတင်လုပ်ခဲ့ပါတော့တယ်။ ကျွန်တော်သိရသလောက်တော့ သြဇီတောမီးအတွက် အလှူငွေကောက်နေတာ သူမပထမဆုံးလို့တောင် ဆိုရမှာပါပဲ။

[email protected]
[email protected]

Unilad မှ ဖော်ပြချက်အရ Kaylen Ward ဆိုတဲ့ အမေရိကန် မော်ဒယ်မလေးဟာ တတ်နိုင်တဲ့အင်အားနဲ့ သူမကိုနာမည်ကြီးနေစေခဲ့တဲ့ ဆိုရှယ်မီဒီယာကိုအသုံးချပြီး အလှူငွေတွေကောက်ခံနေပါတယ်တဲ့။ အလှူငွေကောက်တာဟာလည်း ဘလိုင်းကြီးလူတွေကို အလှူငွေထည့်ပါလို့ လိုက်ပြောနေတာမဟုတ်ပါဘူး။

[email protected]

Kaylen Ward ဟာ သူမရဲ့ အဝတ်အစားမပါတဲ့ ဝစ်လစ်စလစ်ပုံတွေကို ရောင်းချကာ ရောင်းရတဲ့ငွေတွေအားလုံး တစ်ပြားတစ်ချပ်မကျန် သြဇီတောမီးအတွက် လှူဒါန်းမှာပါတဲ့လေ။ ဝစ်လစ်စလစ်ဓာတ်ပုံတစ်ပုံကို ၁၀ ဒေါ်လာနဲ့ Instagram မှာ ရောင်းချနေခဲ့တာပါ။

READ
ကားဝင်ရိုးပေါ်မှာ 10 မိုင်ခရီးအထိ တွဲလောင်းခိုပြီး လိုက်ပါလာတဲ့ ကွာလာဝက်ဝံလေး
[email protected]

သို့ပေမယ့်လည်း ဒီလိုမျိုး အဖော်အချွတ်တွေဟာ Instagram ရဲ့စည်းမျဉ်းနဲ့ လုံးဝကြီး ကိုက်ညီမှုမရှိတာကြောင့် ပြီးခဲ့တဲ့ ၂၃ နာရီမှာတော့ သူမရဲ့ Instagram account ဟာ ပိတ်ချခံခဲ့လိုက်ရပါတော့တယ်။ သို့ပေမယ့်လည်း သူမရဲ့ ပြင်းပြတဲ့ပရဟိတစိတ်ထားကြောင့် လက်မလျှော့ဘဲ Twitter မှာ ဓာတ်ပုံတွေဆက်လက်ရောင်းချရင်း အလှူငွေရှာနေခဲ့တာ လက်ရှိမှာတော့ ဒေါ်လာ ၇၀၀၀,၀၀၀ တောင် ရနေပါပြီတဲ့။

Penny

SHARE