ခုခေတ်လူငယ်တွေကြား ရေပန်းစားနေတဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှု ပုံစံတွေထဲက တစ်ခုကတော့ သီချင်းတွေကို ပါးစပ်လိုက်လှုပ်ဆိုပြီး ဗီဒီယိုတွေ တင်တာမျိုး ဖြစ်ပါတယ်။ တီးလုံးနောက်ခံတွေနဲ့ သရုပ်ဆောင်တာ၊ သီချင်းလိုက်ဆိုတာမျိုး ရနိုင်တဲ့ app တွေလည်း နာမည်ကြီး လူသုံးများနေပါတယ်။
Facebook ကုမ္ပဏီက ပိုင်တဲ့ Instagram app လည်း ခေတ်ရေစီးကြောင်းနောက် လုံးဝမကျန်ခဲ့အောင် ကြိုးစားနေပါပြီ။ နိုင်ငံတကာဆယ်လီတွေ၊ ဓာတ်ပုံဆရာတွေ၊ ဓာတ်ပုံရိုက်တင်ရတာ ဝါသနာပါသူတွေ အဓိက အသုံးများတဲ့ Instagram ကတော့ ၂၀၁၉ ဇွန်လ ၆ ရက်နေ့မှာ ဗားရှင်းအသစ် ထပ်ထွက်လာပါတယ်။

Instagram ဒေါင်းလုတ်ရယူနိုင်တဲ့ နိုင်ငံအားလုံးမှာ ရနေပြီ ဖြစ်တဲ့ ဒီဗားရှင်းအသစ်ရဲ့ highlight ကတော့ Music ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ Music feature က Instagram Story ထဲမှာ ပါဝင်ပါတယ်။ Instagram Story ကို တင်နေကျလူတွေအတွက်လည်း feature အသစ်အဆန်းလေးတစ်ခု ဖြစ်လာမှာပါ။

Feature အသစ်ကို သုံးဖို့ဆိုရင်တော့ Your Story ထဲက lens type တွေထဲမှာ Music ဆိုတာကို ရွေးပေးရပါမယ်။ Music ထဲကို ရောက်သွားပြီဆိုရင်တော့ search bar နဲ့ အောက်ဘက်မှာ tab သုံးခု ပေါ်လာပါတယ်။ သီချင်းစရွေးဖို့ပါ။ သင်လိုက်ဆိုပြီး တင်ချင်တဲ့ သီချင်းကို စိတ်ကြိုက်ရွေးနိုင်ပါပြီ။ Popular ဖြစ်တဲ့ သီချင်းကဏ္ဍ၊ စိတ်ခံစားမှုအလိုက် ခွဲထားပေးတဲ့ Mood၊ သီချင်းအမျိုးအစားအလိုက် ရွေးနိုင်မယ့် Genres ဆိုပြီး ပါဝင်ပါတယ်။

ကိုယ်လိုချင်တဲ့ သီချင်းကို တန်းရွေးချင်တယ်ဆိုရင်တော့ Search Music ဘားထဲကနေ တန်းရွေးရုံပါပဲ။ သီချင်းရွေးလိုက်ရင်တော့ သီချင်းအပိုင်းတစ်ခုရဲ့ အသံက အရင်ပွင့်လာမှာ ဖြစ်ပြီး ကိုယ်လိုချင်တဲ့ အပိုင်းကို စာသားတွေ ထောက်ကြည့်ညပီး ဝင်ရွေးလို့လည်း ရပါတယ်။ ပြီးရင်တော့ recording စလုပ်လို့ရပါပြီ။ Recording ပြီးလို့ Story မှာ တင်တော့မယ်ဆိုရင်တော့ စတစ်ကာတွေ၊ caption တွေ၊ ခဲခြစ်ရာတွေ စိတ်ကြိုက်လုပ်နိုင်မယ့် ရွေးချယ်စရာတွေကို ပေးထားပါသေးတယ်။

ကဲ.. Instagram မှာလည်း ကိုယ့်ကိုယ်ကို MTV လို ရိုက်ပြီး Story မှာ တင်လို့ရပါပြီနော်။ ဗားရှင်းအသစ်ကို Update လုပ်ပြီး စမ်းသုံးကြည့်လိုက်ကြပါဦး။
Shwemom