အင်တာဗျူး ဘုရင်ကြီး Larry King မသေခင် နောက်ဆုံးတင်သွားခဲ့တဲ့ အင်စတာဂရမ်ပို့စ်

twitter/kingsthings instagram/larrykingnow

နာမည်ကျော် တီဗီနဲ့ရေဒီယိုအစီအစဉ်တင်ဆက်သူ Larry King ဟာ တနင်္ဂနွေနေ့မနက် ဇန်နဝါရီ ၂၃ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်စဉ်မှာ အသက်၈၇နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ King ဟာ လော့စ်အင်ဂျလိစ်က Cedars-Sinai Medical Center မှာ ကွယ်လွန်သွားခဲ့တာပါ။ သေဆုံးရတဲ့အကြောင်းရင်းကို မထုတ်ပြန်ထားပေမယ့် King ဟာ ကိုဗစ်ကူးစက်ခံထားရပြီး ဒီဇင်ဘာကတည်းက ဆေးရုံတက်နေခဲ့တယ်လို့ heavy သတင်းစာမျက်နှာက ဆိုထားပါတယ်။

မကွယ်လွန်ခင် King ဟာ နောက်ဆုံးအင်စတာဂရမ်ပို့စ်တစ်ခုတင်ခဲ့ပါသေးတယ်။ ၄င်းပို့စ်မှာတော့ King ကို ၄င်းရဲ့ Chance နဲ့ Cannon အမည်ရတဲ့ သားနှစ်ယောက်နဲ့အတူ တွေ့ခဲ့ရတာပါ။ “It’s a good night #ladodgers #worldseries” လို့ caption ရေးသားခဲ့ပါသေးတယ်။ King ဟာ ဒီဓာတ်ပုံကို Los Angeles ဘေ့စ်ဘောအသင်းက World Series မှာ အနိုင်ရတဲ့ည ၂၀၂၀ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Larry King (@larrykingnow)

King ဟာ အသက် ၂၁နှစ်အရွယ် Chance နဲ့ အသက် ၂၀နှစ်အရွယ် Cannon တို့ရဲ့ဖခင်လည်းဖြစ်ပါတယ်။ King ရဲ့ဇနီးဖြစ်သူ Shawn King ကတော့ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ Kingဟာ ဇနီးသည်နဲ့ ၂၂နှစ်ကြာပေါင်းပြီး သြဂုတ်လ ၂၀၁၉ ခုနှစ်မှာပဲ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ King မှာ ကလေး၅ယောက်ရှိပြီး ၂ယောက်ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ King ရဲ့ပထမဆုံးမွေးတဲ့သားကြီးကတော့ အသက် ၅၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ Larry Jr. ဖြစ်ပါတယ်။ King မှာ ဇနီးဟောင်း Alene Akins နဲ့ရထားတဲ့ Chaia အမည်ရှိတဲ့သမီးတစ်ယောက်နဲ့ Atkin ရဲ့မွေးစားသား Andy တို့ရှိပါသေးတယ်။

READ
ကားနဲ့တည့်တည့်ဝင်တိုက်တာတောင်မှ ဒဏ်ရာသာရခဲ့တဲ့ကလေးငယ်

King ရဲ့နောက်ဆုံးပို့စ်မတိုင်ခင် ဒုတိယပို့စ်တစ်ခုမှာတော့ King ဟာ သူ့ကလေးတွေ ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းတင်ထားခဲ့တာပါ။ King ရဲ့ အသက်၆၅နှစ်အရွယ်ရှိတဲ့ Andy အမည်ရတဲ့သားကတော့ ဇူလိုင်လ ၂၈ရက်တုန်းကပဲ နှလုံးရပ်ပြီးသေသွားခဲ့တာဖြစ်ပါတယ်။ အသက် ၅၁နှစ်ရှိပြီဖြစ်တဲ့ Chaia ကတော့ သြဂုတ်လ ၂၀ရက်ကပဲ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

View this post on Instagram

 

A post shared by Larry King (@larrykingnow)

ShweMom

SHARE