Selfie ပုံတင်သူတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသူတွေလို့ဆို

Dean Drobot/Shutterstock

လွယ်ကူစွာကြွားဝါနိုင်ဖို့အတွက်နဲ့ Selfie ပုံတွေရိုက်ပြီးအင်စတာဂရမ်ပေါ်တင်တာဟာ သင့်ကိုလူတွေမနှစ်သက်နိုင် သလို၊ အောင်မြင်မှုလည်းရှိနိုင်မှာမဟုတ်ပါဘူး။ဒါ့ကြောင့် သင့်ကိုယ်သင်ပြန်စဉ်းစားသင့်ပါတယ်။

Selfie ရိုက်ပြီးအင်စတာဂရမ်ပေါ်ကိုပုံတင်တဲ့လူတွေကို လုံခြုံမှုမရှိတဲ့သူ၊ အောင်မြင်မှုမရှိတဲ့သူ၊ သိပ်မနှစ်သက်တဲ့သူနဲ့ အတွေ့အကြုံသစ်တွေကိုမလေ့လာချင်တဲ့သူတွေအဖြစ် အများကသတ်မှတ်ကြတယ်လို့ ၀ါရှင်တန်ပြည်နယ်တက္ကသိုလ်နဲ့ Mississippi တောင်ပိုင်းတက္ကသိုလ်က လေ့လာချက်အသစ်တစ်ခုကို Journal of Research in Personality ဂျာနယ်ကဖော်ပြခဲ့ပါတယ်။

Ann Haritonenko/Shutterstock

အမေရိကန်တောင်ပိုင်းမှာရှိတဲ့ တက္ကသိုလ်တစ်ခုမှ ဘွဲ့မရသေးတဲ့ကျောင်းသားအယောက်(၃၀)ကို သူတို့ရဲ့ပင်ကိုယ်အရည်အသွေးနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုဖြေခိုင်းခဲ့တဲ့အပြင် အင်စတာဂရမ်ပေါ်မှာ သူတို့နောက်ဆုံးတင်ခဲ့တဲ့ဓာတ်ပုံအခု(၃၀)ကိုတောင်းယူခဲ့ကြပါတယ်။ဓာတ်ပုံတွေကို selfies ပုံနဲ့ တစ်ခြားတစ်ယောက်က ကိုယ့်ကိုရိုက်ပေးထားတဲ့ပုံဆိုပြီးခွဲခြားထားပါတယ်။ဖြေဆိုထားတဲ့မေးခွန်းအကြောင်းအရာတွေကိုလည်း မှတ်တမ်းတင်ယူခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ရရှိလာတဲ့မှတ်တမ်းနဲ့ဓာတ်ပုံတွေကို အမေရိကန်နိုင်ငံအနောက်မြောက်ဘက်မှာရှိ တဲ့တက္ကသိုလ်တစ်ခုမှ ဘွဲ့မရသေးတဲ့ ကျောင်းသား (၁၁၉)ယောက်ကိုအမှတ်ပေးခိုင်းခဲ့ပါတယ်။ဓာတ်ပုံတွေကိုလည်း ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့သူ၊ အောင်မြင်သူ၊ စိတ်ဝင်စားဖို့ကောင်းတဲ့သူဆိုပြီး အဆင့်သတ်မှတ်ပေးခိုင်းခဲ့ပါတယ်။

Viatkins/Shutterstock

အဓိကအကြောင်းရလာဒ်ကတော့ selfie ရိုက်မယ့်အစားတခြားသူကကိုယ့်ကိုရိုက်ပေးတဲ့ပုံတွေက ယုံကြည်မှုပြည့်ဝ တဲ့သဘောရှိ တယ်လို့ယူဆခဲ့ကြပါတယ်။

လေ့လာချက်တွေအရ ကိုယ့်ကိုတစ်ခြားသူကရိုက်ပေးတဲ့ပုံတွေကိုတင်တဲ့သူတွေဟာ စွန့်စားမှုရှိတဲ့သူ၊ အထီးမကျန်တဲ့သူ၊ ယုံကြည်ရတဲ့သူ၊ အောင်မြင်တဲ့သူ၊ ပွင့်လင်းမှုရှိတဲ့သူ၊ ကိုယ့်ကိုကိုယ်အရမ်းကိုအထင်ကြီးသူတွေဖြစ်တဲ့အပြင် သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်နိုင်တဲ့သူတွေပါ။

Dean Drobot/Shutterstock

Selfie ရိုက်တဲ့သူနဲ့ ကိုယ့်ပုံကိုတစ်ခြားသူကရိုက်ပေးတဲ့ပုံတွေကိုယှဉ်ကြည့်မယ်ဆိုရင် ခရီးတစ်ခုကိုသွားတဲ့အချိန်မှာ လူတစ်ယောက်ဟာ ကိုယ့်ပုံကိုတစ်ခြားသူကိုမရိုက်ခိုင်းပဲ Selfie ပဲရိုက်တဲ့သူဆိုရင် အဲ့ဒီလူဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာကြောင့်ဖြစ်ပြီး ကိုယ့်ပုံကို တစ်ခြားသူကိုရိုက်ခိုင်းတာဟာ ကိုယ့်ကိုကိုယ်ယုံကြ ည်မှုရှိတဲ့တွက်ကြောင့်ဖြစ်တယ်လို့ ၀ါရှင်တန်ပြည်နယ်တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Chris Barry က သူလေ့လာခဲ့တဲ့အချက်တွေကိုဖော်ပြခဲ့ပါတယ်။

Thae

SHARE