Instagram က ရှားပါးတိရစ္ဆာန်လေးတွေနဲ့ရိုက်ကူးထားတဲ့ Selfie တွေကို ဆင်ဆာဖြတ်

Instagram က ကိုအာလာဝက်ဝံတွေ၊ ကျား၊ ခြင်္သေ့နဲ့ အခြားရှားပါးတိရစ္ဆာန်တွေနဲ့ရိုက်ထားတဲ့ Selfie ပုံတွေကို ဆင်ဆာဖြတ်နေကြောင်း The Sun သတင်းစာမျက်နှာကဆိုထားပါတယ်။ #koalaselfie, #lionselfie and #tigerpet တွေနဲ့ရေးတင်ထားတဲ့ ဓာတ်ပုံတွေအတွက် သတိပေးချက်တွေစတင်ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။

INSTAGRAM.COM/PARISHILTON

အခုဆိုရင်ကြည့်ရှုကြတဲ့သူတွေက အဆိုပါ hashtag တွေသုံးပြီးရှာတဲ့အခါမှာ instagram က သဘာဝတောရိုင်းတိရစ္ဆာန်များကိုကာကွယ်ပါ ၊ သင်ရှာဖွေနေတဲ့ hashtag ဟာ တိရစ္ဆာန်တွေနဲ့လူမှုပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေမှုနဲ့ဆက်စပ်နေတဲ့ Post တွေကိုရှာဖွေနေတာပါဆိုပြီး သတိပေးစာတက်လာပါတယ်။

INSTAGRAM

Instagram မှာ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှုနဲ့ ရှားပါးတိရစ္ဆာန်တွေနဲ့ သူတို့ရဲ့အစိတ်အပိုင်းတွေရောင်းချမှုကို ခွင့်မပြုပါဘူး။ အသုံးပြုသူကို ရှာဖွေမှုရပ်စဲတာပဲဖြစ်ဖြစ် post ကိုပြခိုင်းတာပဲဖြစ်ဖြစ်ရွေးချယ်ခိုင်းပါတယ်။

INSTAGRAM

Instagram မှာရှိနှင့်နေပြီးသားဖြစ်တဲ့ ထောင်ပေါင်းများစွာသောဓာတ်ပုံတွေမှာ အခုအပတ်အစောပိုင်းတုန်းက သတိပေးစာတွေထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးလှုပ်ရှားမှုအဖွဲ့ အကြီးအကဲဖြစ်သူ Cassandra Koenen ကတော့ ကိုအာလာဝက်ဝံတွေကို ပျော်နေတယ်ထင်ရပေမယ့် ဓာတ်ပုံရိုက်တဲ့အခါမှာ သူတို့တွေက ကြောက်ရွံ့နေတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

READ
မုန်တိုင်းသင့် ပြည်သူတွေအတွက် ကိုယ်ပိုင်ငွေထဲက ဒေါ်လာတစ်သန်းလှူမယ့် ဒေါ်နယ်ထရမ့်
INSTAGRAM

ဓာတ်ပုံတွေမှာတော့ Justin Bieber ၊ Ariana Grande နဲ့ Paris Hilton တို့က ရှားပါးတိရစ္ဆာန်တွေနဲ့ရိုက်ထားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ Paris Hilton ကတော့ လွန်ခဲ့တဲ့အပတ်ကမှ  ဆစ်ဒနီ Taronga တိရစ္ဆာန်ရုံကိုသွားလည်ရင်း ကိုအာလာဝက်ဝံလေးနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုတင်ခဲ့တာဖြစ်ပါတယ်။

INSTAGRAM.COM/PARISHILTON

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE