သူငယ်ချင်းရဲ့ ဓာတ်ပုံအပေါ်မှာ ရုပ်ပြောင်ရေးဆွဲနိုင်မယ့် Instagram ရဲ့ version အသစ်

မိမိသူငယ်ချင်းဖြစ်သူရဲ့ Instagram ပေါ်က ကြည့်ကောင်းလှတဲ့ဓာတ်ပုံတွေကို စနောက်တဲ့အနေနဲ့ ရုပ်ဖျက်ချင်သူတွေ၊ ရုပ်ပြောင်လုပ်ချင်သူတွေအတွက် Instagram version အသစ်က ကူညီပါတော့မယ်။

Instagram ဟာ ဒီနေ့မှာ version အသစ်ကို စတင်ဖြန့်ချီခဲ့ပြီး အဲ့ဒီဗားရှင်းမှာ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဓာတ်ပုံ ဒါမှမဟုတ် သူငယ်ချင်းဖြစ်သူတွေရဲ့ ဓာတ်ပုံတွေကို ပြန်လည်ပြုပြင်နိုင်ခွင့်ပေးထားပြီး အချင်းချင်း တိုက်ရိုက် Message ပို့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီထဲမှာ ဓာတ်ပုံထဲမှာ ပြင်ထားတဲ့ဓာတ်ပုံထည့်ပို့နိုင်တဲ့ feature ကတော့ အမိုက်စားပါပဲ။

Photo Source : Internet

 

မိမိပို့မယ့် ဓာတ်ပုံတွေကို ပြန်လည်ပြုပြင်နိုင်ပြီး အရွယ်အစား ချုံ့တာ၊ ချဲ့တာ လုပ်နိုင်တဲ့အပြင် Stickers တွေကို ထပ်ထည့်နိုင်ပါတယ်။

Photo source : Internet

ဒါ့အပြင် Instagram ဟာ နောက်ထပ် feature အသစ်တွေကို ထပ်မံထည့်သွင်းဖို့ လုပ်ဆောင်နေပြီး Android အသုံးပြုတဲ့သူတွေကို စမ်းသပ်အသုံးပြုစေဖို့ beta version တွေလည်း ထုတ်ပေးနေတယ်လို့ သိရပါတယ်။

READ
Artificial intelligence တွေဟာ လူသားမျိုးနွယ်ကို ပျက်စီးစေနိုင်ဟု အီလွန်မတ်စ် ပြောဆိုခဲ့

Instagram ဟာ Regram feature စမ်းသပ်နေပြီး အဲ့ဒီ feature က Facebook ရဲ့ share နဲ့သဘောတရားခြင်းတူညီပြီး Instagram မှာ မိမိနှစ်သက်တဲ့ပုံတွေကို ပြန်မျှဝေပေးနိုင်တဲ့ feature ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့  Instagram အသုံးပြုသူတွေဟာ တစုံတယောက်ရဲ့ Post တွေကို ပြန်လည်ဝေမျှချင်တဲ့အခါ အဆိုပါ ဓာတ်ပုံကို Save ပြီးမှ ကိုယ်ပိုင်အသုံးပြုတဲ့အကောင့်နဲ့ ပြန်လည်ဝေမျှရတာဖြစ်ပြီး Regram က အဲဒီလိုအဆင်တွေ့ကို ပျောက်သွားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Instagram ဟာ user တွေကို GIF feature တွေ အသုံးပြုနိုင်၊ ဝေမျှနိုင်ဖို့အတွက်လည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။

Photo Source : Internet

 

အောက်တိုဘာလအတွင်းမှာ Instagram ဟာ LIVE ထုတ်လွင့်နိုင်တဲ့ လုပ်ဆောင်ချက်ကိုထည့်သွင်းခဲ့ပြီး LIVE ထုတ်လွှင့်နေသူတွေဆီမှာ တခြားသူတွေပါ ပါဝင်နိုင်မယ့် လုပ်ဆောင်ချက်ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ LIVE Video ကို ကြည့်ရှုနေရင်း ပါဝင်လိုသူများဟာလည်း Request ခလုတ်ကိုနှိပ်ပြီး LIVE ထုတ်လွှင့်မှုမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။

READ
ဖုန်းပြောတဲ့အသံကို ဘေးလူတွေမကြားအောင် ကာကွယ်ပေးမယ့် Mask

 

Sithu (Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE