ကြောက်ခမန်းလိလိကွာခြားမှုတွေရှိနေခဲ့ကြတဲ့ Instagram နဲ့ လက်တွေ့ဘဝပုံရိပ်များ

rockonrudy Whostolemycheez Report

ဘယ်သူမဆို လူမှုကွန်ယက်မှာ ပြီးပြည့်စုံနေချင်ကြတယ်ဆိုတာ နားလည်ပါတယ်။ အဲဒီအထဲကမှ ဓာတ်ပုံတွေကတော့ ထိပ်ဆုံးကပဲပေါ့။ Effect တွေသုံးမယ် filter တွေသုံးမယ်၊ ပုံလေးတွေလှနေပြီဆိုမှ Facebook တို့ Instagram တို့မှာ တင်တတ်ကြတာ ကျွန်တော်လည်း အပါအဝင်ပါပဲ။ ဒါပေမဲ့ တခြားလူတွေက ကျွန်တော်တို့ပုံပြင်တယ်ဆိုတာထက်ကို ပိုလွန်ကျူးကြတယ်ဗျ။ ဥပမာ Kylie Jenner လိုလူမျိုးတောင်မှပဲ ဒီလိုတွေကွာခြားခဲ့တယ်မဟုတ်လား။

nokia621

ကဲ နောက်ထပ် ဘယ်လိုအလွန်အကျူးတွေတွေ့ရဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦး။

Blogger တစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုထဲက ပုံရိပ်

essinwonderland

သူတင်ထားတဲ့ပုံနဲ့ သူ့ကို tag ထားတဲ့ အုပ်စုပုံ

bananapineapples

ပုံတိုင်းတစ်မျက်နှာတည်းချည်းဖြစ်နေတာ ကျောတောင်ချမ်းလာပြီ

ashehole64

မိုးရွာတာ six pack ကျထင်းနေပြီး ဆံပင်ကျမစိုဘူး.. Nice..

ashlitty

သူ့ရဲ့သွားက ကိုယ့်အနာဂတ်ထက်တောင် ပိုတောက်နေသေးတယ်

purpleyellowpaint

ဗလရွဲ့ကြီးနဲ့

byehoesssss

ဖိုတိုရှော့ထားတဲ့ပုံကိုလည်း နောက်လူက ဖိုတိုရှော့ပြီး သူပါလို့ ဟန်ဆောင်တတ်ပါတယ်နော်

READ
ခွေးလေးတစ်ကောင်ကြောင့် လုပ်ငန်းခွင်တစ်ခုလုံး ဗြောင်းဆန်ခဲ့ရတဲ့ ရယ်စရာအဖြစ်လေး
imgur.com

ဘယ်သူနဲ့တူနေသလဲလို့..

KobeDidNotDoIt

ဓာတ်ပုံကတော့တစ်ပုံပဲ ပြင်တဲ့လူပဲကွာသွားတာ

fismer

ပီဇာတောင်ဖိုတိုရှော့ခံရတာ

Noskicat1211

လန့်တောင်လာပြီမတ်မတ်ရယ်

Whostolemycheez

ဒီနှာခေါင်းနဲ့အသက်ရောရှုရသေးရဲ့လား

DismalRae

ဖိုတိုရှော့ရင်လည်း အီဖယ်တာဝါနား လေယာဉ်ကပ်ပျံတာမျိုးတော့ မလုပ်ပါနဲ့..

lovetempests

ဓာတ်ပုံတော့ ဘယ်သူမဆိုပြင်ကြပါတယ် ဒါပေမဲ့..

I_Nickd_it

Penny

SHARE