Social platform တစ်ခုဖြစ်တဲ့ Instagram ဟာ မကြာတော့တဲ့ ကာလအတွင်း သုံးစွဲသူတွေကို Like လုပ်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ဒီလို လုပ်ရတဲ့ အဓိက ရည်ရွယ်ချက် ကတော့ လူတွေက သူတို့တင်လိုက်တဲ့ post က Like နည်းတဲ့ အခါ စိတ်ဖိစီးမှုခံစားကြရတာကို တွေ့ရှိလာရတဲ့ အတွက်ပါတဲ့။
ဒီလိုပြောင်းလဲမှု လုပ်တဲ့နေရာမှာ Influencer တွေနဲ့ blogger တွေအတွက်တော့ အကျိုးသက်ရောက်မှုတွေ များစွာရှိပါတယ်။ Instagram အနေနဲ့တော့ ဒီလို နာမည်ကြီး သူတွေကို သူတို့ရဲ့ fan တွေ ဆီက အာရုံစိုက်မှုကို Like နဲ့ မဟုတ်ဘဲ တခြားနည်းဗျူ ဟာတွေနဲ့ စမ်းသပ်စေလိုကြောင်းလည်း ပြောခဲ့ပါတယ်။

Instagram ကို ပိုင်တဲ့ Facebook က ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ” လူတွေကို ဖျော်ဖြေမှုတွေတင်ဆက် ဖန်တီးရတဲ့ သူတွေအနေနဲ့ Like က သူတို့အတွက် ဘယ်လောက်အရေးပါလဲဆိုတာ နားလည်ပါတယ်၊ ဒီစမ်းသပ်မှုကနေပြီး သူတို့ အနေနဲ့ သူတို့ ပရိသတ်တွေကို ဘယ်လိုမျိုး အရင်ကနဲ့မတူတဲ့ ဆက်သွယ်မှု လုပ်လာမလဲ၊ ဘယ်လိုမျိုးတန်ဖိုးထားမှုတွေေ ပးမလဲဆိုတာကို ရှာဖွေဖော်ထုတ်လာနိုင်မှာပါ” လို့ CNN Business ကိုပြောပြခဲ့ပါတယ်။
Australia နိုင်ငံမှ instagram မှာ follower ၁၈၄,၀၀၀ ရရှိထားတဲ့ ရေလွှာစီးကျွမ်းကျင်သူ Felicity Palmateer က “Like တွေကို ဖျောက်ထားလိုက်မယ်ဆိုရင် influencer တွေအတွက် အရမ်းကို ခက်ခဲသွားမှာပါ တစ်ချို့တွေဆို follower နည်းပေမယ့် ပုရိသတ်တွေနဲ့ ပြောဆိုဆက်ဆံတာမှာ အရမ်း ကောင်းပါတယ် သူတို့ အတွက် Like ပေးတာတွေကို မမြင်ရတော့ဘူးဆိုရင် ဒါကတော်တော်ကို စိတ်ပျက်စရာပဲ” လို့ ပြောခဲ့ပါတယ်။
Influencer တွေ နဲ့ Blogger တွေက Instagram မှာ Like တွေအများကြီး ရမှ စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လာရောက်ကြော်ငြာ ခိုင်းတာပါ။ ဘာလို့လဲဆိုတော့ influencer တွေနဲ့ blogger တွေ က လူတွေစိတ်ဝင်စားမယ့် အကြောင်းအရာတွေကို တင်ဆက်လေ့ရှိကြတဲ့ အတွက် ကြည့်ရှုသူပမာဏကလည်းများပါတယ် ဒါကို ကြည့်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ကို အသုံးပြု ပြီး ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို မားကတ်တင်း ဆင်းကြတာပါ။
Instagram က Like Feature ကို ဖျောက်လိုက်မယ်ဆိုရင် သူတို့ ရင်ဆိုင်ရမယ့် အခက်အခဲကတော်တော်လေးတော့ကြီးပါတယ်။ ဒါကို influencer တွေ blogger တွေ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။
Lwin Min
Ref : Business Insider , CNN