အသင့်စားခေါက်ဆွဲကို ဆီချက်လေးလုပ်စားကြည့်ကြမယ်….

ဒီတစ်ခါ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးချက်ပြုတ်နိုင်ပြီး အရသာအရမ်းရှိတဲ့ ခေါက်ဆွဲလေးကို အိမ်မှာ ချက်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ

  • အသင့်စားခေါက်ဆွဲခြောက် ၂ ခု
  • ငရုတ်ပွ တစ်ခြမ်း
  • ခရုဆီ အနည်းငယ်
  • ပဲငံပြာရည်အနည်းငယ်
  • ကြက်သားမှုန့် အနည်းငယ်
  • ငရုတ်သီးမှည့် ၅ တောင့်
  • ဆီအနည်းငယ်
  • ဆား အနည်းငယ်
  • ကြက်သွန်ဖြူ ၃ မွှာ

ပြုလုပ်ပုံအဆင့်ဆင့်

  • အသင့်စားခေါက်ဆွဲကို ရေနွေးဆူဆူထဲကိုထည့်ပြီး သိပ်မကျက်ခင်မှာ ဆယ်ပြီး ရေစစ်ထားလိုက်ပါ။
  • ငရုတ်ပွ၊ ငရုတ်သီးတို့ကို ပါးပါးလေးလှီးထားလိုက်ပါ။
  • ဒယ်အိုးထဲကိုဆီလောင်းထည့်ပြီး ဆီပူလာလျှင် ခေါက်ဆွဲမှလွဲ၍ ကျန်သောပါဝင်ပစ္စည်းအားလုံးထည့်လိုက်ပါ။
  • ၅မိနစ်လောက်ကြာလျှင် မီးပိတ်လိုက်ပါ။
  • ပန်းကန်ထဲတွင် ခေါက်ဆွဲကိုထည့်ပြီး ဒယ်အိုးထဲက အဆာပလာများကိုလောင်းလိုက်ပါ။
  • အရသာရှိသော ဆီချက်ခေါက်ဆွကို စားသုံးနိုင်ပါပြီ။

Em Em (Shwemom)

READ
အရပ်ပုသူလေးတွေ အရပ်မြန်မြန်ရှည်လာအောင် စားသောက်နေထိုင်နည်း

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE