ဘူတန်နိုင်ငံအကြောင်း သင်မသိသေးတဲ့ အချက်များ

Image:IG/kingjigmekhesar

ဘူတန်နိုင်ငံ က တော့ သွားရောက်လည်ပတ် သင့်တဲ့ နေရာ တွေ ထဲက တစ်နေရာပါ။အာရှ အ ရှေ့ တောင် ပိုင်း မှာ တည်ရှိ တဲ့ နိုင်ငံ ပါ။ထူးခြားပြီး တခြားနိုင်ငံ တွေ နဲ့ မတူ တဲ့ နိုင်ငံမျိုးပါ။ဘူတန်နိုင်ငံနဲ့ ပတ်သက်ပြီး လူသိနည်း သေးတဲ့ စိတ် ၀င်စားဖွယ်ရာ အချက်အလက် တစ်ချို့ကို holidify မှာ အခုလို ဖော်ပြထားပါတယ်။

ကာဗွန် negative နိုင်ငံ

Image:IG/kingjigmekhesar

ဘူတန်နိုင်ငံမှာတော့ သစ်တော သစ်ပင်တွေ အများကြီးရှိပါတယ်။ခေတ်မှီ နည်းပညာ ပစ္စည်း တွေ နဲ့ တိုး တက် နေတဲ့ နိုင်ငံ မျိုး တော့ မဟုတ် ပေမယ့် သစ်တော သစ်ပင်တွေ နဲ့ လှပတဲ့ နိုင်ငံ မျိုးပါ။ကမ္ဘာ ပေါ်မှာ negative နိုင်ငံ  အ ဖြစ် သတ်မှတ်ခံထားရတဲ့ တစ်ခု တည်း သောနိုင်ငံပါ။

 TV ပေါ်တာ နောက်ကျ

မြန်မာနိုင်ငံ က မှ TV ကို စော စောကြီးခွင့် ရခဲ့တာပါ။ဘူတန် က တော့ (၁၉၉၉) ခုနှစ် တုန်းက မှ မိတ် ဆက် ပေး ခဲ့တာပါ။(၁၉၇၄)ခုနှစ်အထိ တစ်နိုင်ငံ တည်း ထီးထီးကြီး တံခါး ပိတ် နိုင်ငံ အဖြစ် ရှိ နေ ခဲ့တဲ့ နိုင်ငံပါ။ နည်းပညာ တွေ၊ စက်မှု တွေ အားလုံးနဲ့ အဆက် ဖြတ် လို့ သီးခြား ရပ်တည် နေခဲ့တာပါ။ BBS (Bhutan Broadcasting Service ) ရုပ်သံ  တောင် မှ (၁၉၉၉)ဇွန် (၂) ရက်နေ့ကမှ စတင် ပေါ် ပေါက်ခဲ့တာပါ။ပထမဆုံး ထုတ် လွှင့် ခဲ့တဲ့  Show က တော့ (၁၉၉၈)ကမ္ဘာ့ ဖလား ဖိုင်နယ်ပွဲပါ။

ဘူတန်မှာ မီးပွိုင့်မရှိ

Image:IG/kingjigmekhesar

မီးပွိုင့် စောင့်ရတဲ့ ဒုက္ခ မျိုး ဘူတန်မှာ မရှိပါဘူး။ဘူတန် သွားရင် တော့ သင့်ရဲ့ခ ရီးစဉ် က လုံးဝ စွန့် စား ခန်း ခရီးစဉ် ပဲ ဖြစ်မှာပါ။နွားတွေ၊ကျွဲေ တွ ကို လမ်းတွေ မှာ  တွေ့နိုင်ပါတယ်။ဘူတန် ပြည်သူတွေ က  ယာဉ် မောင်း နှင် ရင် ဖြည်း ဖြည်းပဲ မောင်း တတ်ကြပါတယ်။သူတို့ဆီမှာ မီးပွိုင့်မလိုပါဘူး။

လူမချမ်းသာ ပေမယ့် စိတ်ချမ်းသာနေတဲ့ နိုင်ငံ

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကိုတော့ GDP နဲ့ တိုင်းတာပါတယ်။တစ်ချို့ နိုင်ငံ တွေ က စီးပွား ရေး ဖွံ့ ဖြိုး တိုးတက်မှု တွေ တော့ရှိ ပေမယ့် ပြည်သူတွေ က နောက်ဆုံး ပေါ် နည်းပညာတွေ ၊ ခေတ်မီ အ ဆောက်အအုံကြီး တွေ ကြားမှာ နေ နေ ရ ပေမယ့် စိတ်ပျော်ရွှင်မှု (Gross National Happiness)က တော့ နည်း ပါး ကြပါတယ်။ဘူ တန် က တော့ ပြောင်းပြန်ပါ။GDP က တော့ အ ကောင်းကြီး မဟုတ် ပေမယ့် ပြည်သူတွေရဲ့ ပျော်ရွှင် မှု ကို တိုင်းတာ တဲ့ GNH က တော့  တော်တော် လေး ကောင်းတာ မို့ လူမချမ်းသာ ပေမယ့် စိတ်ချမ်းသာနေတဲ့ နိုင်ငံပါ။

READ
အင်္ဂါဂြိုလ်ပေါ်ကို ပထမဦးဆုံးခြေချသူလူသား ဖြစ်လာမယ့် (၁၇)နှစ်အရွယ်မိန်းကလေး

ကျန်းမာရေးနဲ့ ပညာရေး Free ရ

Image:IG/kingjigmekhesar

ဘူတန်မှာ ပိုက်ဆံ မရှိလို့ ဆေးမကုနိုင်ဘူးဆိုတာ မရှိပါဘူး။ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပညာ ရေး အတွက် အလ ကား ရပါတယ်။အခုထိ ဘုန်းကြီး ကျောင်းသင် ပညာရေး ဆိုတာ ရှိ နေတုန်းပါ။

No Plastic

ပ လတ်စတစ် အသုံးပြု မှုကို (၁၉၉၉)ခုနှစ်က ပထမဆုံး အကြိမ် တားမြစ် ခဲ့ပါတယ်။(၂၀၀၅)နဲ့ (၂၀၀၉) တို့ မှာ ထပ်ပြီး တားမြစ် ခဲ့ပါတယ်။ပြည်သူတွေ ကို ပြည်တွင်းဖြစ် အိတ်၊ပြန်သုံးလို့ တဲ့ ရက်ကန်းအိတ် မျိုးတွေ ကိုပဲ သုံး ကြ ဖို့  တိုက် တွန်းခဲ့ပါတယ်။

ရာဇ၀တ်မှု နည်း

Image:IG/kingjigmekhesar

ဘူတန် က တော့ အေးအေး ချမ်းချမ်း နေတဲ့ နိုင်ငံ မျိုးမို့ ရာဇ၀တ်မှု က အရမ်းနည်း ပါတယ်။ဗုဒ္ဓရဲ့ အဆုံးအမ တွေ နဲ့ နေထိုင် ကြပြီး တစ်ယောက်နဲ့ တစ်ယောက် မေတ္တာနဲ့ ဆက်ဆံ ကြ တာမို့ ရာဇ၀တ်မှု ဆိုတာ မရှိ သ လောက် ကို နည်း ပါတယ်။

အစား အသောက် ကျွေးရင် ပထမဆုံးအကြိမ် ငြင်း

သူတို့ ဆီမှာ တော့  အစား အသောက် ကို ကျွေးရင် ပထမဆုံး အကြိမ်မှာ ငြင်း ကြတာက ထုံးစံပါ။ လေးစားမှု ကို ပြ တဲ့ အ နေနဲ့ ငြင်းတာပါ။“Meshu” လို့ ပြောပြီး ငြင်းတတ်ကြပါတယ်။အဲ့လို ငြင်းရင်တော့ ဒုတိယ အကြိမ် မြောက် ထပ် ကျွေး ဖို့ လိုပါတယ်

လေယာဉ်မှူးတိုင်း မဆင်းသက်နိုင်တဲ့ ကမ္ဘာ့ အန္တရာယ်အများဆုံး လေဆိပ်

Image:IG/kingjigmekhesar

Paro လေဆိပ် က တော့ ကမ္ဘာ့ အန္တရာယ် အများဆုံး လေဆိပ် တွေထဲက တစ်ခု အဖြစ် သတ်မှတ်ခံထားရတာပါ။ဘူ တန် မှာ လေဆိပ် (၄)ခုရှိပြီး Paro  က တော့ နိုင်ငံတကာ လေ ဆိပ်ပါ။Paro Chhu မြစ် ကမ်းမှာရှိတဲ့ ချောက် ကမ်း ပါး က Paro မြို့ က နေ (၆)ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ဘေးပတ်လည် မှာလည်း  တောင်ထိပ် ၊တောင်ချွန်း တွေ ၀ိုင်းထားပါတယ်။ဒါ ကြောင့် ဒီလေဆိပ်မှာ ဆင်းဖို့ အရည်အချင်းပြည့်မှီတဲ့ လေယာဉ်မှူးက အ ယောက် (၂၄) ယောက် တောင် မရှိပါဘူး။(၂၀၁၁)အထိ ဘူတန်မှာ ရှိတဲ့ တစ်ခုတည်းသော လေဆိပ် ဖြစ် ခဲ့တာပါ။ နောက်ပိုင်းကျမှ တခြား လေဆိပ် တွေ ပေါ် လာခဲ့တာပါ။

READ
McDonald's ဆိုင်တွေကို ဖွင့်ခွင့်တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံ (၇)နိုင်ငံ

ဘာ အ ကောင်မှ သတ်လို့မရ

 

View this post on Instagram

 

His Majesty The King, His Majesty the Fourth Druk Gyalpo, Her Majesty The Gyaltsuen and members of the Royal Family graced the opening of the 4th Royal Bhutan Flower Exhibition at the Thangzona in Punakha. The Prime Minister, senior government officials, and foreign dignitaries also attended. The 4th Royal Bhutan Flower Exhibition is spread over 9.75 acres of the Thangzona ground adjacent to Punakha Dzong. Government agencies, entrepreneurs, and international participants from India as well as Thailand have prepared the installations and theme gardens. The Central Monastic Body, which resides in Punakha during summer months, has also participated in the exhibition this year for the first time, along with two schools – Punakha Central School and Ugyen Academy. #HisMajesty #KingofBhutan #KingJigmeKhesar #HerMajesty #QueenofBhutan #QueenJetsunPema #HRHGyalsey #BhutanPrince #GyalseyJigmeNamgyel #HMK4 #Punakha #RBFE2018 #RoyalBhutanFlowerExhibition #Flowers #Nature #Beauty #Bhutan

A post shared by His Majesty King Jigme Khesar (@kingjigmekhesar) on

ဒီမှာတော့ ကိုယ်ကြိုက်တဲ့ အ ကောင် ကိုယ် လစ်ရင် လစ်သလို သတ်ချင် တိုင်းသတ် နေ ပေမယ့် ဘူ တန် မှာ တော့ အဲ့ဒါမျိုး လုပ်လို့ မရပါဘူး။ဘူတန် မှာက ငှက် အပါအ၀င် ဘယ်တိရစ္ဆာန် ကို မှ သတ်တာ မျိုး ခွင့်ပြု  ပေး မထား ပါဘူး။အ သား တော့ စား ပေမယ့် တိရစ္ဆာန် တွေကို သတ်ဖြတ်တာ မျိုး က တရားမ၀င်ပါဘူး။အသား တွေကို တော့ တခြားနိုင်ငံ တွေ က နေ တင်သွင်းတာပါ။

#SHWEMOM

SHARE