အနီရောင်အမွေးပါတဲ့ အတောင်ပံတွေနဲ့ ခန့်ညားလှပလွန်းတဲ့ Dracula ကြက်တူရွေး

Wikimedia Commons

Dracula ကြက်တူရွေးတွေရဲ့ပုံစံဟာယုန်ရဲ့ဦးခေါင်း၊ ကြက်တူရွေးခန္ဓာကိုယ်နဲ့ နှုတ်သီးကနေအမြီးထိကို ကလေးငယ်တစ်ယောက်ရဲ့အရွယ်အစားရှိပါတယ်။

သူတို့ကို Pesquet’s parrot ဒါမှမဟုတ် vulturine parrot လို့လည်းခေါ်ဆိုကြပြီး Dracula ကြက်တူရွေးတွေကို New Guinea ကျွန်းရဲ့တောင်တန်းနဲ့ တောတောင်ထူတဲ့နေရာတွေမှာသာ တွေ့နိုင်ပါတယ်။

Twitter/MarkRees

ဒီငှက်ရဲ့ထူးခြားတဲ့လက္ခဏာရပ်တွေကတော့ ရင်ဘတ်၊ကျောနဲ့အမြီးတို့ဟာ မီးခိုးရောင်ရှိပေမယ့် တောင်ပံတွေ ကတော့ ခြားနားစွာပဲ တောက်ပတဲ့အနီရောင်အမွေးတွေရှိပါတယ်။

အရွယ်ရောက်ပြီးသား Dracula ကြက်တူရွေးတွေရဲ့ခန္ဓာကိုယ်အရွယ်အစားဟာ (၁၈)လက်မရှိပြီး တိုင်းတာချက်တွေ အရ နှုတ်သီးကနေအမြီးထိဆိုရင် အရှည်တစ်မီတာနီးပါးရှိပါတယ်။

Dracula ကြက်တူရွေးလို့ ဘာကြောင့်ခေါ်ရတာလဲဆိုတဲ့ အကြောင်းပြချက်အနည်းငယ်ရှိပါတယ်။ အဲ့တာကတော့ သူတို့ရဲ့ကြောက်စရာကောင်းတဲ့ အော်သံကြောင့်ပဲဖြစ်ပါတယ်။ parrots.org ၀က်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ သူတို့ရဲ့ အသံဟာ စူးရှပြီး အာခြစ်သံနဲ့အော်မြည်တာကြောင့် ဒီအသံကို မာန်ဖီသံအဖြစ်ကျွမ်းကျင်သူတွေကသတ်မှတ်ပြီး Dracula ကြက်တူရွေးလို့ အမည်ခေါ်တွင်စေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်ခရီးစဉ်တွေအတွက် မကြာခဏ ဆူညံသံဖြစ်အောင်လုပ်တဲ့ငှက်ပဲဖြစ်ပါတယ်။

Twitter/AustraliaGeographic

Dracula ကြက်တူရွေးဟာ ဇီးကွက်ကြက်တူရွေးမျိုးစိပ်ဖြစ်ပြီး သဖန်းသီးမျိုးစိတ်တစ်ခုတည်းကိုသာစားသုံးငှက်ဖြ စ်ပါ တယ်။ မျက်နှာမှာအမွေးကင်းတဲ့ ကြက်တူရွေးမျိုးစိပ်(၃)ခုထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ ငှက်တွေပဲဖြစ်ပါတယ်။

ဒီငှက်အကြောင်း မကြားဖူးဘူးဆိုတဲ့ စကားဟာအံ့သြစရာတော့မရှိပါဘူး။ ဘာလို့လည်းဆိုတော့ ဒီငှက်တွေဟာ အရေအတွက်  သိသိသာသာလျော့နည်းနေတဲ့ ငှက်တွေဖြစ်ပြီး မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ငှက်မျိုးစိပ်လည်းဖြစ်ကြောင်းကို Red List ရဲ့ဖော်ပြချက်အရသိရပါတယ်။

လက်ရှိမှာ ဒီကြက်တူရွေးအရေအတွက်ဟာ တစ်ကမ္ဘာလုံးမှာ အကောင်ရေ(၂)သောင်းကနေ(၄၉)သောင်းကြားရှိနေပေမယ့်လည်း  အရေအတွက်ဟာ သိသိသာသာလျော့နည်းနေပြီဖြစ်ပါတယ်။

ဒီငှက်မျိုးစိတ်ရဲ့အမွေးအတောင်တွေဟာ တောက်ပပြီးလှပတာကြောင့် အမဲလိုက်တဲ့သူတွေရဲ့လက်ချက်နဲ့ မျိုးသုဉ်းလုနီးပါးဖြစ်နေရတာဖြစ်ပါတယ်။

ကြက်တူရွေးတွေဟာ လူမရှိတဲ့ပတ်ဝန်းကျင်နေရာတွေမှာ ဘ၀ကိုအကောင်းဆုံးဖြတ်သန်းနိုင်ပြီး အသက်ရှည်ရှည် နေနိုင်တဲ့ ငှက်တွေဖြစ်ပါတယ်။

Thae Su

SHARE