သင်မသိလောက်သေးတဲ့ Emilia Clarke ရဲ့ ဘ၀အကြောင်းများ

ဒီတစ်ခါမှာတော့ Shwemom စာဖတ်သူ အမျိုးသားပရိသတ်တွေရဲ့ အသည်းစွဲ Game of Thrones  စီးရီးတွေထဲ က မင်းသမီး ချောလေး Emilia Clarke ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။Game of Thrones စီးရီး ကေ တာ့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကို ရထားတဲ့ စီးရီးကောင်းတစ်ခုပါ။အဲ့ဒီ ဇာတ်ကား ထဲမှာ Daenerys Targaryen ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။နာမည် အပြည့် အစုံကတော့ Emilia Isabelle Euphemia Rose Clarke ပါ။ (၁၉၈၆)ခုနှစ် အောက်တိုဘာ (၂၃) မှာ မွေး ဖွား ခဲ့တဲ့ English မင်းသမီးချောလေးပါ။သူမနဲ့ပတ်သက်ပြီး ပရိသတ်တစ်ချို့ မသိလောက်သေးတဲ့ စိတ်ဝင်စား စရာ အကြောင်းလေးတွေရှိပါတယ်။အဲ့ဒါတွေကတော့………..

.factinate

#ငယ်ငယ်တည်းက မင်းသမီးဖြစ်ချင်ခဲ့သူ

pinterest

Clarke ရဲ့ ဖေဖေက ပြဇာတ်ရုံရဲ့  sound engineer တစ်ယောက်ပါ။သူမ (၃)နှစ်သမီးတုန်းက ဖခင်ဖြစ်သူရဲ့ အ လုပ်ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီမှာ မိခင်ဖြစ်သူနဲ့ အတူ “Showboat.” Muscial ကို အားပေးရင်း အဲ့ဒီ တည်းက ကြီးလာရင် မင်းသမီးဖြစ်ချင်တယ်ဆိုတဲ့ မင်းသမီးပိုးဝင်ခဲ့တာပါ။သုံးနှစ်သမီးဘ၀တည်းက ဖြစ်ချင် ခဲ့တဲ့ ဆန္ဒ၊အိမ်  မက်ကို တကယ်ပဲ အောင်မြင်အောင်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

#သူမရဲ့ နာမည်ပြောင်က……

pinterest

Clarke မှာ ချစ်စရာကောင်းတဲ့နာမည်လေးတစ်ခုရှိပါသေးတယ်။သူမရဲ့ ကျစ်လစ်သေးသွယ်တဲ့ ကောက် ကြောင်း လှလှလေးက အရမ်းကို နာမည်ကြီးပါတယ်။သူမရဲ့ ချစ်စနိုးနာမည်လေးကတော့ Milly ပါ။

#မင်းသမီးမဖြစ်ခဲ့ရင် သူမဖြစ်ချင်တဲ့အရာ……..

.factinate

Clarke ကတော့ Rye St Antony School နဲ့ St Edward ကျောင်းတို့ကနေ ကျောင်းပြီးခဲ့သူပါ။သူမဟာ Drama Centre London မှာ တက်ရောက်ခဲ့ပြီ (၂၀၀၉)မှာ ကျောင်းပြီးခဲ့တာပါ။တကယ်လို့များ သရုပ်ဆောင် မင်းသမီး တစ်ယောက် အဖြစ် ရပ်တည်လို့မရခဲ့ဘူး၊မအောင်မြင်ခဲ့ဘူး ဆိုရင်တော့ အဆိုတော်၊ဗိသုကာပညာရှင်..ဒါမှမဟုတ်ရင် လည်း graphic designer တစ်ယောက်ဖြစ်ချင်ပါတယ်တဲ့……….

#အလုပ်စုံလုပ်ပြီး ဘ၀ကို ရုန်းကန်ခဲ့သူ

Clarke က Game of Thrones နဲ့ နာမည်မကြီးခင်တုန်းက ဘ၀ရပ်တည်ရေးအတွက် အလုပ်စုံ လုပ်ပြီး ရုန်းကန်ခဲ့ သူပါ။အလုပ်(၆)ခုလောက်လုပ်ခဲ့ဖူးပါတယ်။အိမ်ခြံမြေအကျိုးဆောင်အေးဂျင့်၊Bar Girl အလုပ်သာမက နောက်ဆုံး Call Center မှာ ပါ လုပ်ခဲ့ဖူးပါတယ်။အောက်သက်ကျေသူလေးလို့ ပြောလို့ရပါတယ်။

READ
သူမရဲ့ အချစ်ရေးအခြေအနေကို အတိအလင်း ပြောပြလိုက်တဲ့ ညီညီမောင်

#Daenerys Targaryen ဇာတ်ကောင်က သူမအတွက် ရည်ရွယ်ခဲ့တာမဟုတ်

pinterest

တကယ်တော့ သူမဟာဒီဇာတ်ကောင်အတွက် ပထမဆုံး ရည်ရွယ်ရွေးချယ်ခံရသူ မဟုတ်ပါဘူး။Tamzin Merchant  ကို အရင်ဆုံးရွေးခဲ့တာပါ။အစပိုင်းတုန်းက ဇာတ်ညွှန်းမှာ ပြဿနာတွေ အများကြီး ရှိပြီး မကောင်းဘူးလို့ သိရပါတယ်။ ဒီစီးရီးရဲ့ ပထမအပိုင်း “Winter is Coming,”  ကိုဆိုရင် (၉၀)ရာခိုင်နှုန်းလောက်ပြန်ပြင်ခဲ့ရပါတယ်။Tamzin Merch ant ကတော့ သေချာမသိရတဲ့ အကြောင်းပြချက်တွေကြောင့် ဒီပရောဂျက်ကနေ ထွက်သွားခဲ့တာပါ။ဒီလို နဲ့ပဲ Clarke ဆီကို ရောက်လာခဲ့တာပါ။

#Daenerys Targaryen ဇာတ်ကောင်အတွက် ဘယ်လို ရွေးချယ်ခံခဲ့ရလဲ

သူမဟာ ဒီဇာတ်ကောင်အတွက် လူပေါင်းများစွာနဲ့ ယှဉ်အရွေးခံခဲ့ရပါတယ်။ ပထမအဆင့် ရွေးချယ်ခံခဲ့ရအပြီးမှာတော့ Game of Thrones စီးရီးရဲ့ ပရိုဂျူဆာနှစ်ဦးဖြစ်တဲ့ David Benioff နဲ့ D.B Weiss တို့ဟာ  HBO ရုပ်သံလိုင်းရဲ့ တာဝန်ရှိသူတစ်ဦးနဲ့  အတူ Clarke ကို နောက်ဆုံးအဆင့်အနေဲ့ အကဲဖြတ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ HBO ရဲ့ တာဝန်ရှိသူဟာ Clarke ကို လုံးဝ သဘောမကျခဲ့ပါဘူး။ ဇာတ်ညွှန်းစာသားတွေဖတ်၊ အစမ်းသရုပ်ဆောင်ပြပြီးတဲ့နောက် အဆိုပါ တာဝန်ရှိသူဟာ Clarke ကို သူမစိတ်ကြိုက် ပုံစံတစ်မျိုးနဲ့ ကပြဖို့ တောင်းဆိုခဲ့ပါတယ်။ Clarke က ချက်ချင်းဆိုသလို စည်းချက်ညီညီနဲ့ စက်ရုပ်အကကို ကပြပြီးတဲ့နောက် အဆိုပါ တာဝန်ရှိသူက အရမ်းသဘောကျသွားခဲ့ပြီး နောက်(၁၅)စက္ကန့် အကြာမှာတင်ပဲ Daenerys Targaryen အတွက် ရွေးချယ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

#Sarah Connor အဖြစ်သရုပ်ဆောင်ရတဲ့ ဒုတိယမြောက် ‘Game of Thrones’  မင်းသမီး

.factinate

Clarke က Arnold Schwarzenegger နဲ့ အတူ  “Terminator: Genisys,”  မှာ Sarah Connor နေရာက နေ သရုပ်ဆောင်ခဲ့ရပါတယ်။အရင်တုန်းက Cersei Lannister နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Lena Headey ကလည်း  2008 TV series, “Terminator: The Sarah Connor Chronicles.”  မှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

#လူကြားထဲသွားရင် သူမကို လူတွေက မမှတ်မိကြ

factinate.

Emilia Clarke ကိုတော့ “Game of Thrones,” ထဲက ပုံစံနဲ့ပဲ လူတွေက မှတ်မိထား ကြတာပါ။ဒါကြောင့်လည်း သူမက အပြင်မှာ လူတွေကြားထဲ သွားလာရင် သူမကို မှတ်မိတဲ့ သူမရှိဖူး လို့ ဆိုပါတယ်။ငွေရောင်ဆံပင်နဲ့ပဲ သူမကို လူတွေကမှတ်မိကြပါတယ်။သူမရဲ့ အပြင်က ဆံပင်အရောင်နဲ့ ဟိုဟိုဒီဒီသွားရင် လူတွေက သူမကို မမှတ်မိကြဖူး လို့  Clarke  ကပြောပါတယ်။

READ
Victoria's Secret Angel တွေအဖြစ် တွေ့ရတဲ့ Kardashian ညီအစ်မတစ်သိုက်

#မျက်ခုံးကြောင့် ငယ်ငယ်က အနှိမ်ခံရဖူး

factinate.

သူမရဲ့ မျက်ခုံးမွှေးကြောင့် ကလေးဘ၀တုန်းက နှိမ်ချပြောဆိုခံခဲ့ရဖူးပါတယ်။သူမရဲ့ မိခင်က ဒီမျက်ခုံးမွှေး ကို မပြောင်း လဲပဲ ဒီအတိုင်းပဲ ထားဖို့ အားပေးခဲ့ပါတယ်။သူမရဲ့ အမေက မူးယစ် ဆေး မသုံးနဲ့၊လိင်ဆက်ဆံတာ မလုပ်နဲ့၊မျက်ခုံးမွှေး ကို သွားမထိနဲ့..  ဆိုပြီး စည်းကမ်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

#ပိတုန်းတတ်တူးလေးရဲ့ နောက်ကွယ်က အဓိပ္ပါယ်

.factinate

သူမရဲ့ အမာခံပရိသတ်တွေဆိုရင်တော့ ဒါကို သိမှာပါ။Clarke မှာ ထူးခြားတဲ့ တက်တူးတစ်ခုရှိပါတယ်။အဲ့ ဒါကတော့ လက်သန်းပေါ်က ပိတုန်း တက်တူးလေးပါ။(၂၀၁၅)တုန်းက ထိုးခဲ့တာပါ။Me Before You ဇာတ်ကား အမှတ်တရ အနေနဲ့ ထိုးခဲ့တာပါ။

#သူမရဲ့ ၀ါသနာ

.factinate

Clarke ကတော့ ခရီးသွားရတာနဲ့ စွန့်စားခန်းထွက်ရတာကို ကြိုက်ပါတယ်။သူမသွားချင်တဲ့ နေရာလေးတွေ ရှိပါတယ်။အဲ့ဒါတွေကတော့ South Africa, Vietnam, India, Thailand, Laos,  Cambodia …. တို့ပါ။

#ခွေးချစ်သူ၊သူမပြောနိုင်တဲ့ ဘာသာစကားတွေ

.factinate

သူမဟာ တိရစ္ဆာန်ချစ်သူတစ်ယောက်ပါ။Roxy. လို့ ခေါ်တဲ့ ချစ်စရာခွေးလေးရှိပါတယ်။နောက်တစ်ခုကတော့ သူမဟာ ပြင်သစ်၊ဂျာမန် တို့ကို ပြောနိုင်ပါတယ်။

#တွဲခဲ့ဖူးတဲ့ ချစ်သူတွေ…..

factinate

Terminator Genisys ရိုက်ကူးရေးအပြီးမှာတော့  Emilia Clarke နဲ့  Jai Courtney  တို့တွဲ ခဲ့ပါတယ်။ (၂၀ ၁၅) ဖေဖော်ဝါရီကနေ ဇွန် အထိ တွဲခဲ့ပါတယ်။ Cory Michael Smith  နဲ့ တွဲ နေပြီလို့ (၂၀၁၄) မတ်လ က တွဲ တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။(၂၀၁၄)ဇန်န၀ါရီ SAG Awards ပွဲက ကော်ဇောနီထက်မှာ Jared Leto  နဲ့လ ည်း ဘာလိုလိုတွေ လုပ်ခဲ့ဖူးပါတယ်။James Franco  နဲ့လည်း (၂၀၁၃)က သတင်းထွက်ခဲ့ဖူးပါတယ်။Seth MacFar lane နဲ့ကတော့ (၂၀၁၂)ကနေ (၂၀၁၃) အစောပိုင်းလောက်အထိ (၆)လလောက်တွဲခဲ့ဖူးပါတယ်။

pinterest

Source factinate/floor8

SHARE