Emma Watson ရဲ့ ဒီအကြောင်းတွေကို သင်သိပြီးပြီလား..?

Emma Watson ကတော့ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရထား တဲ့ ကမ္ဘာကျော်မင်းသမီးလေးပါ။ကလေးဘ၀တည်းက ပရိသတ်တွေက သူမကို ချစ်ခင်အားပေး ခဲ့ကြတာပါ။Emma Watson ကိုတော့ (၁၉၉၀)ဧပြီ(၁၅)မှာ မွေးဖွားခဲ့တာပါ။Harry Potter မင်းသမီးချောလေး Emma Watson ရဲ့ အကြောင်းတွေကို သေချာ သိချင်ကြတဲ့ သူမရဲ့ ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

bestofcomicbooks

#Broken Family က ဆင်းသက်လာရသူလေး

bestofcomicbooks

သူမကိုတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မွေးဖွားခဲ့တာပါ။ နောက်ပိုင်းကျမှ အင်္ဂလန်အရှေ့တောင်ပိုင်း Oxfordshire ကို ရောက်လာခဲ့တာပါ။ဒါကြောင့်လည်း သူမဟာ ပြင်သစ်စကားကို ကျွမ်းကျွမ်း ကျင်ကျ င်ေ တာ့ မဟုတ်ပေမယ့် နည်းနည်းတော့ ပြောတတ်တာပါ။သူမဟာ ဗြိတိန်နဲ့ တူရကီကပြားမလေးပါ။ သူမ အသက် (၅)နှစ်မှာ မိဘတွေက ကွာရှင်းခဲ့ကြပါတယ်။မိခင်ဖြစ်သူနဲ့ အတူ အင်္ဂလန် Oxfordshire ကို အမေနဲ့ အတူပြောင်လာခဲ့တာပါ။

#ယောဂဆရာမလေး

bestofcomicbooks

Emmaက မင်းသမီး၊မော်ဒယ်၊တက်ကြွလှုပ်ရှားသူ အပြင် လူအများစု မသိတဲ့ သူမကျွမ်းကျင်တဲ့ အရာ ရှိပါသေးတ ယ်။သူမဟာ ယောဂဆရာလက်မှတ်ကို ရထားသူပါ။ အိမ်မှာနေရင်းနဲ့ သူမကိုယ်သူမ Safe ဖြစ်တဲ့ ခံစားချက်မျိုးရဖို့ နည်း လမ်းတစ်ခုရှာဖို့ လိုအပ်တဲ့ အတွက် ဒီယောဂကို လေ့လာသင်ယူဖြစ်ခဲ့တာပါ။

#နေ့စဉ်မှတ်တမ်း ၀ါသနာအိုးလေး

bestofcomicbooks

Emma ကတော့ နေ့စဉ်မှတ်တမ်းရေးရတာကို Crazy ဖြစ်တဲ့ သူပါ။မတူညီတဲ့ ခေါင်းစဉ်အကြောင်းအရာ အမျိုးမျိုး ခွဲ ပြီး အများကြီးကို ရှိတာပါ။(၃၀) ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ယောဂ၊အိမ်မက်၊သရုပ်ဆောင်ပိုင်း၊သူမ တွေ့ တဲ့ သူတွေအကြောင်း၊သူမရတဲ့ အကြံဥာဏ်တွေ ….အများကြီးကို ရှိတာပါ။

READ
မြင်သူတကာ လည်ပြန် ငေးသွားလောက်တဲ့ အလန်းစား ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

#အကြိုက်ဆုံးစာအုပ်

pinterest

Emma ရဲ့ အကြိုက်ဆုံး ၀တ္ထုစာအုပ်ကို သိကြတဲ့ ပရိသတ်ရှားမယ်ထင်ပါတယ်။ သူမအကြိုက်ဆုံး ၀တ္ထုစာအုပ် ကတော့ Harry Potter and the Prisoner of Azkaban ပါ။ ဟယ်ရီပေါ်တာ မင်းသမီးလေးရဲ့ အကြိုက်ဆုံး စာအုပ်ပါ။

#Guinness  စာအုပ်မှာ ပါခဲ့ဖူး

pinterest

Emma  ကတော့ ဂင်းနစ်မှတ်တမ်းစာအုပ်ထဲမှာ ပါခဲ့ဖူးပါတယ်။သူမဟာ ဂင်းနစ်အဖွဲ့အစည်း ကနေ သတ်မှတ် တဲ့ ဆယ်စုနှစ်အတွင်း ၀င်ငွေ အကောင်းဆုံး မင်းသမီး အဖြစ်အမည်စာရင်းဖော်ပြခံခဲ့ရတာပါ။ သူမရဲ့ ဇာတ်ကား တွေ ကနေ ၀င်ငွေ အမေရိကန်ဒေါ်လာ (၅.၄)ဘီလီယံရခဲ့တာပါ။

#အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ

pinterest

Emma ကတော့ မင်းသမီးတစ်ယောက်တင်မဟုတ်ပါဘူး။ရဲရင့်ထက်မြက်တဲ့ မိန်းကလေး တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။သူမဟာ အမျိုးသမီးတွေရဲ့  တန်းတူညီမျှမှု အခွင့်အရေးနဲ့ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့် အာဏာ အခွင့်အ ရေး ပိုမိုရရှိရေးအတွက် လှုံ့ဆော်မှုတွေ လုပ်တဲ့ HeForShe အတွက် Women Goodwill ambassador ပါ။ အမျိုးသမီး အခွင့်အရေးအတွက် တကယ့်ကို ကြိုးကြိုးစားစား လုပ်ကိုင်တဲ့ တက်ကြွလှုပ်ရှားသူပါ။

#Hermione ဇာတ်ကောင်အတွက် အသေအကျေကြိုးစားခဲ့သူ

demotivate

Emma က Hermione ဇာတ်ကောင်ကို အလွယ်လေးရခဲ့တယ်လို့ ထင်ရင်တော့ လုံးဝကို မှားပါလိမ့်မယ်။သူမဟာ ဒီဇာတ်ကောင်အတွက် တကယ့်ကိုကြိုစားခဲ့တာပါ။ Hermione Jean Granger  ဇာတ်ကောင်အတွက် audition အကြိမ်ရေ(၇)ကြိမ်ထက်မနည်းကြိုးစားခဲ့ရတာပါ။သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး Professional ကျကျ အတွေ့အကြုံမရှိပေမယ့် သူမရဲ့ ဆရာ တွေက ၀င်ရွေးခံဖို့ အကြံပြုခဲ့ကြတာပါ။

READ
ငပလီရောက် ၀ိုင်းစုခိုင်သိန်း

#Emma ရဲ့ Crush

Marie Claire

Emma မှာလည်း အသည်းအသန်ကြွေခဲ့ရတဲ့ Crush ရှိခဲ့ဖူးပါတယ်။သူမရဲ့ Crush ကတော့ Draco Malfoy နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ Tom Felton aka Draco ပါ။Felton အသက်(၁၂) သူမအသက် (၁၀)နှစ်တုန်းက အရမ်းကို ကြွေခဲ့ရတဲ့ သူလို့ ဆိုပါတယ်။Felton ဘက်ကနေ သူမကို ချစ်သူလိုမျိုးထက် ညီမလေးလို့ မြင်ခဲ့တယ်လို့ သိရပါတယ်။

#သူမအကြိုက်ဆုံး မင်းသား ၊မင်းသမီး၊ အဆိုတော်

demotivate

Emma အရမ်းကို သဘောကျတဲ့ မင်းသားရှိပါတယ်။သူကတော့ တခြားသူ မဟုတ်ပါဘူး။မင်းသားကြီး  Johnny Depp ပါ။မင်းသမီးကတော့ Julia Roberts ပါ။အဆိုတော်ကတော့ Alanis Morrisette နဲ့  Justin Timberlake ပါ။

#သူမရဲ့ အောင်မြင်မှုများ

pinterest

(၂၀၀၇)မှာတော့ Forbes Magazine ကနေ သူမရဲ့ ၀င်ငွေ ဟာ ခန့်မှန်းချေ ကန်ဒေါ်လာ (၄) သန်းလို့ ဖော်ပြ ခဲ့ပါတယ်။အဲ့ဒီတုန်းက သူမရဲ့ အသက်က (၁၇)နှစ်ပဲရှိပါသေးတယ်။Highest Grossing Actress of the Decade’  ဆိုပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။(၂၀၀၅) သူမအသက် (၁၅)နှစ်မှာတော့ Teen Vogue Magazine မှာ ပါဝင်ခွင့်ရတဲ့ အသက်အငယ်ဆုံး သူဖြစ်လာခဲ့ပါတယ်။

pinterest
bestofcomicbooks

Source wiki

 

SHARE