အချစ်ကြောင့် Zoom App ကို ဖန်တီးဖို့ စိတ်ကူးရခဲ့တဲ့ Eric Yuan ရဲ့ အကြောင်း

Image :zoom.us/team/IG/zoom_meeting

ကပ်ရောဂါ ဘေး ကြောင့် စီးပွားရေးတွေ ထိခိုက်ပျက်စီးရသူ အများအပြားရှိသလို အ ဆိုးထဲက  အကောင်းဆိုသလိုပဲ ပိုပြီး ချမ်းသာလာကြတဲ့ လူတွေ လည်းရှိပါတယ်။အဲ့ဒီလူတွေထဲမှာတော့ Eric Yuan  ကလည်း တစ်ယောက်အပါအ ၀င်ပါ။သူက တော့ တခြားသူ မဟုတ်ပါဘူး။ Zoom Video Communications ရဲ့ CEO နဲ့ Founder တစ်ယော က်ပါ။ ကပ်ရောဂါ ကြောင့် ကမ္ဘာတစ်ဝန်းက လူ တော်တော်များများ အိမ်က နေပဲ အလုပ်လုပ်(Work From Home )ရတဲ့ အခါ မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ပြောဆိုတဲ့ ၊အစည်း အ ဝေး တွေ လုပ်တဲ့ အခါ တွေမှာ video conferencing app တစ်ခုဖြစ်တဲ့ Zoom ကို သုံးလာကြပါတယ်။အရင်က အဲ့ဒီေ လာက် လူသုံးမများခဲ့တဲ့ Zoom ဟာ ကပ်ရောဂါ ကြောင့် နေ့ချင်း ညချင်းမှာပဲ သုံးစွဲ သူတွေ များပြားလာခဲ့ပါတယ်။ဘယ်လောက်ထိ များ လဲဆို ရင်ေ တာ့ Eric Yuan ရဲ့ ၀င်ငွေ ဟာ သုံးလ အတွင်းမှာပဲ ဒေါ်လာ (၄)ဘီလီယံ လောက်အထိ ရခဲ့ပါတယ်။Eric Yuan ရဲ့ဘ၀ အေ ကြာင်းကိုတော့ wiki နဲ့ msn မှာ ဖော်ပြတဲ့ အချက် အလက်တွေကို ကိုးကား ဖော်ပြထားတာပါ။

ကပ်ရောဂါ ကာလမှာ ကြောက်ဖို့ ကောင်းအောင် ၀င်ငွေ တိုးခဲ့

Image:twitter/Eric Yuan

အမှန်အတိုင်းပြောရရင်တော့ ကိုဗစ် ကြောင့်သာ မဟုတ်ရင် သူဒီလောက်ထိ မြန်မြန် ကြွယ်ဝ ချမ်းသာလာမှာ မဟုတ်ပါဘူး။အိမ်က နေပဲ အလုပ်လုပ်ရတဲ့ အချိန်မှာတော့ သူ့ရဲ့ App Zoom က ကမ္ဘာတစ်ဝန်း မှာ အရမ်း ကို နာမည်ကြီး ခဲ့ပါတယ်။သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ  ဒေါ်လာ (၃၂)ဘီလီယံ လောက် အထိ ချမ်းသာ လာ ခဲ့ ပါတယ်။အဲ့ဒီ နောက်မှာတော့ သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုက ဒေါ်လာ (၆.၄၈)ဘီလီယံ အထိ ရောက်လာခဲ့ပါတယ်။ အခု နောက်ဆုံး Wiki မှာ ဖော်ပြထားတဲ့ ချမ်းသာကြွယ်ဝမှု ကတော့ US$7.4 ဘီလီယံ အထိ တောင် ရောက်ခဲ့ပါတယ်။

သူ့ရဲ့ ငယ်ဘဝ

ကြည့်လိုက်တာနဲ့ တရုတ်လူမျိုးဆိုတာ သိသာပါတယ်။ဟုတ်ပါတယ်။သူကတော့ တရုတ်နိုင်ငံ Shandong  ပြည်နယ် ၊Tai’An City မှာ မွေးဖွားခဲ့တာပါ။1970 မှာ မွေးပြီး အသက် က တော့ (၅၀)ပါ။သူ့ရဲ့ မိဘ တွေက  တော့ မိုင်းတွင်း အင်ဂျင်နီယာတွေပါ။သူကိုယ်တိုင်လည်း အင်ဂျင်နီယာ နဲ့ ဘွဲ့ရခဲ့တာပါ။

(၂၂)နှစ် အရွယ်မှာ အိမ် ထောင်ပြုခဲ့

Image:twitter/Eric Yuan

တက္ကသိုလ် ပထမနှစ်ကျောင်းသားဘ၀ (၁၉၈၇)ခုနှစ်မှာတော့ videotelephony software  ကို ဖန်တီး ဖို့ ကြိုး စားခဲ့ပါတယ်။Videotelephony ဆိုတာ ကတော့ အလွယ် ပြောရရင် အသုံးပြုသူ တွေရဲ့ ရောက်ရှိနေတဲ့ နေရာကို ပြတဲ့ အရာပါ။ချစ်သူ ကောင်မ လေး ကို (၁၀)နာရီ ရထားစီးပြီး တွေ့ ရတဲ့ အခါမှာ ကောင် မ လေး ဘယ်ရောက် နေလဲ ဆိုတာကို အလွယ်တကူသိပြီး သွားလို့ ရ အောင် ကြိုးစားခဲ့တာပါ။Shandong တက္ကသိုလ် က နေ သင်္ချင်္ာ နဲ့ China University of Mining and Technology က နေ မိုင်းအင်ဂျင်နီယာ မာစတာ ဘွဲ့ ရခဲ့ပါတယ်။သူ့ အသက် (၂၂)နှစ် ကျောင်းတက်နေတုန်းမှာပဲ သူ့ရဲ့ ချစ်သူ ကောင် မ လေးနဲ့ လက်ထပ် ခဲ့ပါတယ်။

READ
တစ်ချိန်က ဟာကျူလီလေးကို အသက် (၂၆) မှာ ပြန်လည်ဆုံတွေ့မိသော်

(၉)ကြိမ် လောက် ဗီဇာ ပယ်ချ ခဲ့ရ ပေမယ့်လည်း မရမက အမေရိကန်ကို ပြောင်းခဲ့

ကျောင်းပြီးတော့ ဂျပန်မှာ (၄)နှစ် အလုပ်လုပ်ခဲ့ပါတယ်။အဲ့ဒီနောက် သူ့အသက် (၂၇) နှစ်မှာတော့ အ မေရိကန် ကို ပြောင်းခဲ့ပါတယ်။(၈)ကြိမ် လောက် ဗီဇာ ပယ် ချ ခံရ ပေမယ့် လည်း မရ မက ကြိုးစားပြီး ပြောင်းခဲ့တာပါ။ ရောက်ခါ စ မှာတော့ အင်္ဂလိပ်စကား ကလည်း မတက် တ ခေါက်နဲ့ ရောက်ခဲ့ရတာပါ။

အင်္ဂလိပ်စကားကို သေချာ မသင်ခဲ့ရ

Yuan က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မ ပြောနိုင်ပါဘူး။နှစ်တွေ ကြာတဲ့ အထိ Code ပဲ ထိုင် ရေး ပြီး အလုပ်တွေ များနေရ တော့ သေချာလည်း မသင်ခဲ့ရဘူးလို့ ဆိုပါတယ်။ဘယ်တုန်းကမှလည်း အင်္ဂလိပ်စကား ကို သေချာ မသင်ခဲ့ဖူး ဘူးကာ၊သူ့ရဲ့ အသင်း ဖော် တွေ ဆီက နေပဲ သင်ခဲ့တာလို့ ဆိုပါတယ်။

software engineer အဖြစ် ဘ၀ စခဲ့

Image:twitter/Eric Yuan

(၁၉၉၇)ခုနှစ်မှာတော့ software engineer အဖြစ် video conferencing company  အသေး လေး WebEx မှာ အလုပ်ဝင်ခဲ့တာပါ။အဲ့ဒီ ကုမ္ပဏီကိုတော့ Cisco Systems ကုမ္ပဏီက (၂၀၀၇)မှာဝယ်ခဲ့ပါတယ်။Yuan က တော့ ဒုဥက္ကဌ နေရာ ထိ ရောက်ခဲ့ပါတယ်။(၂၀၁၁)ဇွန်မှာတော့  Cisco က နေ အလုပ်ထွက်ခဲ့ပါတယ်။

ကုမ္ပဏီက အလုပ်ထွက်ချိန်မှာ ဇနီးဖြစ်သူက သ ဘောမကျခဲ့

Image :zoom.us/team

ကုမ္ပဏီတစ်ခုမှာ ရာထူးကြီး နေရာတစ်ခု ထိ ရောက်ပြီး မှ ကိုယ်ပိုင် အလုပ်ကို စွန့်စားဖို့ ရွေးချယ်လိုက်တဲ့ ခင်ပွန်း ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကိုတော့ ဇနီးဖြစ်သူက သ ဘောမကျ ခဲ့ပါဘူး။အဲ့ဒီတုန်းက Yuan က အခုလို ပြန် ပြောခဲ့ ပါတယ်။”ဒါ က ခရီးရှည်ကြီး ပင်ပန်းဆင်းရဲမယ်ဆိုတာ ငါသိတယ်။ဒါပေမယ့် မကြိုးစားကြည့်လိုက်ရင် ငါ့ တသက်လုံး နောင်တရ နေမိမှာ..” လို့ ပြောခဲ့ပါတယ်။အသက် (၄၁)နှစ်မှာ zoom ကို စ တင်ဖန်တီးခဲ့တာပါ။

READ
ညီလေးအတွက် ကိုယ်တိုင် Power Bank ဖန်တီးပေးခဲ့တဲ့ ၁၃ နှစ်သားလေး

အချစ်ကြောင့် ဖြစ်ခဲ့ရတဲ့ Zoom App

Image:Zoom Youtube screenshot

Zoom ကို ဖန်တီး ခဲ့ရတဲ့ အဓိက အ ကြောင်းအရင်း ကတော့ အချစ် ကြောင့်ပါ။ဒီ အ ကြောင်းကိုတော့ Forbes နဲ့ အင်တာ ဗျူးမှာ ထုတ်ပြောခဲ့တာပါ။”တက္ကသိုလ် ကျောင်းသားဘ၀ တုန်းက ချစ်သူကို (၁၀)နာရီ လောက် ရထား စီး သွား တွေ့ခဲ့ရတယ်။သူနဲ့က တစ်နှစ်မှာ နှစ်ခါ လောက်ပဲ တွေ့ရတယ်။အဲ့တုန်းက ကျ တော်က (၁၈) (၁၉) ဆို တော့  အနာဂါတ်မှာဆိုရင် ခလုတ် လေးနှိပ်လိုက်ရုံနဲ့ သူမကို စကားပြောလို့ရ၊ မြင်လဲ မြင်ရတဲ့ Device တစ်ခု ရှိရင် သိပ် ကောင်းမှာပဲ ဆိုပြီး  တွေးမိခဲ့ဖူးတယ်..” လို့ ပြောခဲ့ပါတယ်။Zoom App ဆိုတာကို ပေါ် ပေါက် စေတဲ့ သူ့ရဲ့ ပထမ ဆုံး စိတ်ကူးလေးပါ။အချစ်ကြောင့် ဘီလီယံ နာ ဖြစ်ခဲ့ရတာလို့ တောင် ပြောလို့ရပါတယ်။

အစပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရ

 

View this post on Instagram

 

A post shared by Eric Yuan (@zoom_meeting_) on

ကုမ္ပဏီ တစ်ခုက တော့ လုပ်ငန်းစ ခါ စမှာ အရမ်းခက်ခဲ မယ်ဆိုတာ က တော့ အထူး ပြောနေစရာ မလိုပါဘူး။Zoom လည်း အရမ်းခက်ခဲခဲ့ပါတယ်။Yuan က Zoom အတွက် ပိုက်ဆံ တွေ အများကြီး သုံးရ တော့ ကုမ္ပဏီ ကို လှပ နေ အောင် ပြင်ဆင်တဲ့ အတွင်းပိုင်း တွေနဲ့ ပရိဘောဂ တွေ အတွက် စ ရိတ်တွေ ကို လျှော့ပစ်ရတာ၊ဖြတ် တောက် ပစ်ရတာ မျိုဒတွေ အထိ ကြုံခဲ့ရဖူး တ.်လို့ ပြောခဲ့ပါတယ်။

ရုံးသိပ် မတက်တဲ့ CEO

video conferencing app ကို ဖန်တီးထားတဲ့ CEO မို့ ဒါ ကတော့ သိပ် မဆန်းပါဘူး။CEO ဖြစ် ပေမယ့် ရုံးကို သိပ် လာလေ့မရှိပါဘူး။ Zoom က နေပဲ အစည်း အ ဝေးတွေ လုပ်သလို လုပ်ငန်းနဲ့ ပတ်သက်တာ တွေ ကို ညွှန် ကြား ပါတယ်။တစ်နှစ်မှာ နှစ်ကြိမ် လောက် မိသားစုနဲ့ ခရီးအတူ ထွက်ပါတယ်။

#SHWEMOM

SHARE