လူသိပ်မသိတဲ့ ဥရောပတိုက်ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအချက်တစ်ချို့…..

ဥရောပတိုက်ဟာ သမိုင်းမှာ ထင်ကျန်နေရစ်နေတဲ့ အရာများစွာ ထွန်းကားခဲ့ရာဖြစ်ပါတယ်။ တစ်ချိန်က ဥရောပနဲ့ အာရှတိုက်ဟာ တစ်ဆက်တည်းဖြစ်ပြီး ဂရိတွေရဲ့ စိတ်ကူးနဲ့ ခြားနားသွားတာလို့ သမိုင်းမှတ်တမ်းများအရသိရပါတယ်။ ဥရောပတိုက်ဟာ တကယ်လည်း စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အခု List25 ကစုစည်းထားတဲ့ ဥရောပတိုက်အတွင်းမှာ ဖြစ်ပျက်နေတဲ့ စိတ်ဝင်စားဖွယ်ရာအကြောင်းအချက်တစ်ချို့ကို ဗဟုသုတုအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

List25

ဘာစီလိုနာမှာရှိတဲ့ The Sagrada Familia ဘုရားကျောင်းက ပရိမစ်တွေတည်ဆောက်တာထက်တောင် ပိုအချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ၁၈၈၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုထိ မပြီးဆုံးသေးပါဘူး။

List25

ဥရောပတိုက်မှာ လူအရောက်အပေါက် အများဆုံးနေရာက ပဲရစ်မြို့က ဒစ္စနေလန်းဖြစ်ပါတယ်။

List25

မီတာ ၄၂၀၀ ကျော်ရှိတဲ့ Mont Blanc တောင်ပေါ်က အိမ်သာဟာ ဥရောပတိုက်ရဲ့ အမြင့်ဆုံး အိမ်သာဖြစ်ပါတယ်။

List25

ဥရောပတိုက်မှာလည်း မုတ်သုံတောတွေရှိပါတယ်။ ဘော့စနီးယားနိုင်ငံက ပီရူစီကာဟာ ဥရောပတိုက်ရဲ့ နောက်ဆုံး မုတ်သုံတောဖြစ်ပါတယ်။

READ
Disney အမျိုးသမီး ဇာတ်ကောင်အများစု အပြာရောင်ဝတ်ရတဲ့ အကြောင်းအရင်း
List25

ဘူဂေးရီးယားနိုင်ငံက ဥရောပတိုက်မှာ ရှေးအကျဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အေဒီ ၆၈၁ ကတည်းက အခုထိ နာမည်လုံးဝမပြောင်းလဲခဲ့ပါဘူး။

List25

ဂရိနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းက အေသင်မြို့မှာပဲ နေထိုင်ကြပါတယ်။

List25

အိုက်စလန်နိုင်ငံမှာ ခြင်ဆိုတာ လုံးဝမရှိပါဘူး။ တစ်ကောင်တစ်လေတောင် မရှိပါဘူး။

List25

ရုရှားနိုင်ငံမှာ လူမနေတဲ့ရွာ ၁၃,၀၀၀ ကျော်တောင်မှ ရှိပါသတဲ့။

List25

ရုရှားနိုင်ငံဟာ ဥရောပတိုက်ရဲ့ ဧရိယာ ၄၀ ရာခိုင်နှုန်းလောက်ကို ယူထားတာဖြစ်ပါတယ်။

List25

အီတလီနိုင်ငံရဲ့ Pisa တာဝါကို တည်ဆောက်ဖို့အတွက် နှစ် ၂၀၀ ကျော်အချိန်ယူခဲ့ရပါတယ်။ အခုထိလည်း စောင်းနေတုန်းပါပဲ။

List25

ဥရောပတိုက်က ဂရင်းလန်းဟာ ကမ္ဘာမှာ အကြီးဆုံး ကျွန်းကြီးဖြစ်ပါတယ်။

List25

လန်ဒန်မှာ ရှိတဲ့ စက်လှေကားအားလုံးရဲ့ ၇ ရက် (တစ်ပတ်အတွင်း) လည်ပတ်တဲ့ အရှည် (အကွာအဝေး)က ကမ္ဘာရဲ့ စက်ဝန်းအတိုင်းအတာရဲ့ ၂ ဆတောင် ရှိတယ်တဲ့…

READ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဆင်းရဲသားဘ၀မှ ရုရှားသမ္မတ ဖြစ်လာပုံဘ၀ဇာတ်ကြောင်း
List25

Lochness မွန်းစတားရှိတယ်ဆိုတဲ့ ယုံတမ်းစကားတွေကြောင့် စကော့တလန်နိုင်ငံဟာ နှစ်စဉ် ခရီးသွား ၇ သန်းနီးပါးလောက် လက်ခံနေရပါတယ်။

List25

စပိန်နိုင်ငံကနေ အာဖရိကတိုက်က နိုင်ငံတွေကိုရောက်ဖို့ ဖယ်ရီနဲ့ဆို တစ်နာရီခွဲလောက်ပဲ ကြာမြင့်ပါတယ်။

 

List25

Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch ဆိုတဲ့ မြို့ရဲ့နာမည်က ဥရောပတိုက်မှာ အရှည်ဆုံး နာမည်ဖြစ်ပါတယ်။

List25

လက်ချင်စတိန်းနိုင်ငံဟာ အလွန် သေးငယ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ သူတို့ဟာ ၁၈၆၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့နောက်ဆုံး စစ်ပွဲမှာတောင် စစ်သား အယောက် ၈၀ သာ စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်လာတဲ့အခါ ၈၁ ယောက်ဖြစ်နေပြီး အီတလီက မိတ်ဆွေတစ်ယောက်ဖွဲ့လာခဲ့ကြပါတယ်။

Matthew (ShweMOM)

 

SHARE